သဘာဝစွဲကပ်ပျံ့နှံ့ဆေး...သစ်သားပေါင်းခံရည် (သို့) စပါးခွံပေါင်းခံရည်
ကျန်းမာရေးကိုလိုက်စားလာတဲ့ စားသုံးသူတွေကြားမှာ ဓာတုဆေးတွေထက် သဘာဝကရတဲ့ပစ္စည်းတွေ အစားထိုးသုံးဖို့ ကျွန်မတို့တောင်သူတွေ ကြိုးစားလာကြပါပြီ။ ဒီလိုပြောင်းလဲခြင်းတွေအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။
သစ်သားပေါင်းခံရည်(သို့) သစ်သားရှာလကာရည်လို့ခေါ်တဲ့ သဘာဝဆေးရည်တစ်ခုအကြောင်းပါ။ သစ်သားကရတဲ့ ရှာလကာရည်ဆိုလို့ အထူးအဆန်းမဟုတ်ပါဘူး။ သစ်သားလိုမျိုး ကာဗွန်ဓာတ်ပါတဲ့ အပင်ရဲ့အစိတ်အပိုင်းအချို့ကို လေလုံတဲ့နေရာမှာ မီးလောင်ခိုင်းပြီး အငွေ့ကို အအေးခံကာ ရလာတဲ့ အရည်ပါ။ ဘော့စကိုင်း၊ ဝါး၊ သစ်ကိုင်းခြောက်၊ စပါးခွံတွေကို သုံးလို့ရပါတယ်။ စပါးခွံပေါင်းခံရည်ကလည်း အာနိသင်အတူတူပဲမို့ မိမိဒေသမှာ လွယ်လွယ်ကူကူရတဲ့ ပစ္စည်းကို သုံးလို့ရပါတယ်။ ပေါင်းခံရည်ထုတ်လုပ်ပုံကို နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်။ လွယ်လွယ်မြင်အောင်ပြောရရင် မီးသွေးဖုတ်တာလိုမျိုးပါပဲ။ ဘယ်လိုလုပ်ရသလဲဆိုတာကို ဆောင်ပါးတစ်ခုမှာထပ်မံ ဖော်ပြပေးသွားပါမယ်။
ခုတော့ ဒီပေါင်းခံရည်ရဲ့ အသုံးဝင်ပုံတွေကိုလေ့လာကြည့်ရအောင်ပါ။ သုတေသနပညာရှင်တွေကိုယ်တိုင် ဒီရှာလကာရည်ထဲမှာ ပစ္စည်းအမျိုးအစားပေါင်း ၂၀၀ ကျော်ပါတယ်လို့ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိချက်တွေကြောင့် သစ်သားပေါင်းခံရည် (သို့) စပါးခွံပေါင်းခံရည်ဟာ စိုက်ပျိုးရေးအတွက် ဘယ်လိုအကျိုးအာနိသင်တွေပါနေကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။
• ပေါင်းခံရည်ကို ရေနဲ့ရောပြီး ရွက်ဖျန်းအနေနဲ့သုံးမယ်ဆိုရင် သီးနှံပင်တွေရဲ့ ရှင်သန်နိုင်မှု(ပျိုးပင်ပေါက်တွေရဲ့ ရှင်သန်နိုင်မှု)နဲ့ သီးနှံရဲ့အရည်အသွေးကို ကောင်းစေပါတယ်။
• အင်းဆက်တွေ အပင်ရောဂါတွေကို နှိမ်နင်းတဲ့အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
• ပေါင်းခံရည်ကို ပြင်းအားများများနဲ့ မြေကြီးထဲကိုထည့်မယ်ဆိုရင်တော့ မြေအောင်းရောဂါတွေနဲ့ မြေအောင်းပိုးတွေကို တားဆီးနိုင်ပါတယ်။ တစ်နှစ်လျှင် ၂ ကြိမ်သာဖျန်းပေးရမည်။
• ပေါင်းခံရည်ကို ခပ်ပျော့ပျော့လေးဖျော်ပြီး လောင်းမယ်ဆိုရင် မြေကြီးထဲက မြေမှုန်လေးတွေ ပြိုကွဲတဲ့ဖြစ်စဉ်အတွက် ကောင်းမွန်စေပြီး အကျိုးပြုအဏုဇီဝတွေ စားသုံးဖို့အတွက် လွယ်ကူစေပါတယ်။
• အပင်ရဲ့အမြစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။
• သဘာဝမြေသြဇာတွေနဲ့ တွဲသုံးတဲ့အခါ အနံဆိုးတာတွေကို သက်သာစေပြီး မြန်မြန်ဆွေးလွယ်ပါတယ်။
• တိရိစ္ဆာန်စာတွေနဲ့ရောကျွေးရင် အသားအရည်အသွေးကို ကောင်းစေပါတယ်။
• အထူးခြားဆုံးကတော့ သစ်သားပေါင်းခံရည်မှာ စွဲကပ်စေတဲ့ ဂုဏ်သတ္တိပါဝင်နေပါတယ်တဲ့။ သဘာဝပိုးသတ်ဆေးများဖြင့် တွဲဖက်အသုံးပြုလို့ရပါတယ်။ (**အယ်ကာလီပိုးသတ်ဆေးများနှင့်ရောအသုံးမပြုသင့်ပါ။**)
ဒါကတော့ အသုံးပြုရမယ့်နှုန်းထားတွေပါ။
• အပင်ငယ်ချိန်(၁၀)ရက်တစ်ကြိမ် ရေ အဆ ၅၀၀
• မြေပြင်ချိန် သီးနှံမစိုက်ပျိုးခင်တစ်ပတ်အလို ရေအဆ ၅၀
• ဖူးပွင့်ချိန်မှ ရင့်မှည့်ချိန်အထိ တစ်ပတ် (၁ ) ကြိမ် ရေ အဆ ၅၀၀
• ပျဖြူ၊ ယင်ဖြူများ ကျရောက်ပါက - ရေ ၄ ဂါလံ + ပေါင်းခံရည်နို့ဆီဗူးတစ်ဝက် + ဆားကြမ်း ထမင်းစားဇွန်း(၂ ) ဇွန်းရောပြီး ပြင်းပြင်းဖြန်းပေးပါ။
• ပျစိမ်း၊ ပျမဲအတွက် - ရေ ၄ ဂါလံ + ပေါင်းခံရည် နို့ဆီဗူးတစ်ဝက် + ဆားကြမ်းထမင်းစားဇွန်း(၄ ) ဇွန်းရောပြီး ပြင်းပြင်းဖြန်းပေးပါ။ အသီးများချိုစေလိုလျှင် ပေါင်းခံရည် (၁ ) ဂါလံတွင် ကြက်ဥခွံအမှုန့် ထမင်းစားဇွန်း (၄ )ဇွန်းထည့်ပြီး တစ်ညစိမ်ကာ ရေအဆ (၃၀၀) ဖြင့်ဖြန်းပေးပါ။
ဓာတုဆေးတွေမှာ စွဲကပ်ပျံနှံ့ဖို့အတွက် ပါဝင်တဲ့ပစ္စည်းတွေက ပြိုကွဲရခက်လို့ ကျွန်မတို့ရဲ့မြေတွေကို မာလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လွန်းပါတယ်။ အစားထိုးချင်တယ်ဆိုရင်တော့ ကဲ ...ခုပဲ သစ်သားပေါင်းခံရည်ကို သုံးလိုက်ပါ။
ကိုးကားချက်များ
ကလျာဏမိတ္တ ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသော ဂေဟအကျိုးပြုစိုက်ပျိုးရေးနည်းပညာ တောင်သူလက်စွဲစာအုပ်
https://www.meiwa-ind.co.jp/en/products/product-13/
Wood Vinegar and Biochar in Agriculture
How to Improve Crop Quality While Reducing
Dependence on Agricultural Chemicals (From Sadakichi, Kishimoto and Hirowaka Tsuyoshi
Literature
Review-Stephen Joseph
Editing -Helen Gould)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
Yan Naing
လွန်ခဲ့သော ၁ နှစ် ကမီးဖိုခန်းရဲ့အပေါ်ပိုင်က မီးခိုလို့ မဲနေသော ပစ္စည်းတွေက ဘယ်လိုအသုံးပြုလို့ရသလဲဗျ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကရှုကလစ်ပင်ရဲ့ပေါင်းခံရည်ကေားအသုံးပြုလို့ရလားဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....