အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါး၊ ပုဇွန်၊ ခရုတွေကရော အပင်အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ

ငါး၊ ပုဇွန်၊ ခရုတွေကရော အပင်အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲ

Green Way
Green Way • Greenovator • 24/10/2018

ပင်လယ်ကူးသင်္ဘောကြီးများဖြင့် ပင်လယ်အတွင်း ရက်ပေါင်းများစွာ ငါးဖမ်းထွက်သော သင်္ဘောအချို့တွင် ငါးသေတ္တာ စက်ရုံများပင် ပါသွားတတ်သည်။ ငါးသေတ္တာလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများကို ငါးမြေသြဇာများ ပြုလုပ်ရောင်းချကြသည်။ တစ်ကြိမ်က ငါးမြေသြဇာများ၏လက္ကားစျေးနူန်းမှာ တစ်ဂါလံကို အမေရိကန် ဒေါ်လာဝက်သာပေးရသော်လည်း လက်လီစျေးဖြင့် မြန်မာပြည်သို့ ရောက်လာသောအခါ တစ်လီတာကို (၇) ထောင်မှ တစ်သောင်းအထိ စျေးဖြစ်သွားသည်။ စိုက်ပျိုးသူများကို ကိုယ်တိုင်ပြုလုပ်သော ငါးမြေသြဇာများမှ အနံ့ဆိုးများရှိပြီး နိုင်ငံခြားမှလာသော ငါးမြေသြဇာများမှာ ထိုအနံ့ဆိုးများကို ဖယ်ရှားထားနိုင်ခြင်းမှာ အဓိကကွာခြားမှုဖြစ်သည်။ တန်ဖိုးကြီးသီးနှံများ စိုက်ပျိုးရာတွင် ငါးမြေသြဇာကို အထူးအလေးထားအသုံးပြုကြသည်။

ဉရောပတိုက်သားများ ဘာသာရေး လွတ်လပ်မှုအတွက် အမေရိကတိုက်သို့ ပြောင်းရွှေ့အခြေချစဉ်က အကျွမ်းတဝင် မရှိသေးသော နယ်ပယ်သစ်တွင် စိုက်ပျိုးရေးကို အောင်မြင်စွာ မပြုလုပ်နိုင်၍ အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ကြရသည်။ ထိုအခါ ဒေသခံအိန္ဒိယလူနီများက ပြောင်းကဲ့သို့ မျိုးစေ့တစ်စေ့စိုက်မည်ဆိုတိုင်း ငါးကလေးတစ်ကောင်ကို ဦးစွာမြေမြုပ်ပြီးမှ ထိုငါးအပေါ်တွင် အစေ့ကို စိုက်ကြသည်။ ထိုငါးမှာ ပေါက်လာသော အပင်အတွက် လုံလောက်သော အစာအာဟာရကို ထောက်ပံ့ပေးခြင်းဖြင့် သီးနှံများကို ကောင်းစွာရရှိပြီး အငတ်ပြဿနာကို ကျော်လွှားနိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် နိုဝင်ဘာလတွင် ကျေးဇူးတော်ချီးမွမ်းရာနေ့ကို ကျင်းပကြခြင်းဖြစ်သည်။ လူတို့စားသုံးရန် မသင့်သောငါးများနှင့် ငါးအစိတ်အပိုင်းများကို မြေသြဇာပြုလုပ်၍ အသုံးချနိုင်ပေသည်။ ငါးမှရရှိသောငါးမြေသြဇာမှာ အရည်အသွေးကောင်းသော သဘာဝမြေသြဇာများဖြစ်သည်။

သို့သော် လွယ်ကူစွာ ပုပ်သိုးဆွေးမြေ့ခြင်းမဖြစ်နိုင်သော အရိုးများ၊ အကြေးခွံများ၊ ဂုံးခွံများကို ရိုးရိုးအပုပ်ခံရုံနှင့်မရဘဲ အပင် စားသုံးနိုင်သော အဆင့်သို့ရောက်ရှိရန် ဦးစွာဆွေးမြေ့အောင် ပြုလုပ်ရမည်ဖြစ်သည်။ ငါးသလောက်များကို ရှာလကာရည်၊ ရှောက်ရည်ကဲ့သို့သော ငရဲမီးအပျော့စားနှင့်နယ်ဖတ်ပြီး ဖိအားပေးပြီးပေါင်းလိုက်ပါက အရိုးများ နူးသွားသဖြင့် ယခင်က စားမရသောအရိုးများ စားသုံးနိုင်သောအဆင့်သို့ ရောက်သွားသည်။ ငါးရိုး၊ ကြက်ရိုး၊ ခရုခွံ၊ ပုဇွန်ခွံမှစ၍ မာကြောသော ပစ္စည်းများကို ကန့်ငရဲမီးအပြင်းအသုံးပြု၍ ဆွေးမြေ့အောင် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်ပုံမှာ စဉ့်အိုး၊ ပလပ်စတစ်ပုံး အမျိုးမျိုး တွင် အရိုးများ၊ ခရုခွံများကို (၃)ပုံ(၂)ပုံပြည့်အောင် ထည့်ထားပါ။ နောက်ရေကို ထိုပစ္စည်းများအပေါ်သို့ ကန့်ငရဲမီးအပြင်းကို တဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ရေနှင့်အရိုးထုတစ်ဂါလံတွင် ပစ္စည်းအပျော့်၊ အမာပေါ်လိုက်၍ ကန့်ငရဲမီးအကြမ်း ပုဂံ(၁)လုံးမှ (၂)လုံးအထိ ထည့်ပြီး မွှေပါ။ (၃) ရက်တစ်ကြိမ်မွေပေးပါ။ အရိုးများဆွေးသွားသောအခါ ကြက်၊ ဝက်များအတွက် တိရစ္ဆာန်စာအဖြစ်လည်းကောင်း၊ မြေသြဇာအဖြစ်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ဤမြေသြဇာတွင် ထုံးဓာတ်(၁၀)ဆ တွင် မီးစုန်းဓာတ်တစ်ဆ ပါဝင်သည်။ ကန့်ဓာတ်လည်းပါဝင်ပါသည်။ အရိုးမှုန့်မြေသြဇာများကိုလည်း အပင်များပိုမို လျင်မြန်စွာ စားသုံးနိုင်ရန် ဤကဲ့သို့ ကန့်ငရဲမီးအပြင်းနှင့်စား၍ အသုံးပြုနိုင်ပေသည်။ သားသတ်ရုံမှ ရနိုင်သော တိရစ္ဆာန် အမွှေးများ၊ ခွာ၊ ဂျိုနှင့် အခြားပစ္စည်းများကိုလည်း ကန့်ငရဲမီးအပြင်းစားပြီး မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။

ကိုးကား - မြေသြဇာများကို နားလည်ခြင်း /ဉီးဖရက်သိန်းဖေ

 

 

ကိုပိုင်ကြီး

ကိုပိုင်ကြီး

လွန်ခဲ့သော ၃ နှစ် က

မီးဖုတ်လို့မရဘူးလာဂုံးခွံခရုခွံကို

ကိုကျော်လွင်

ကိုကျော်လွင်

လွန်ခဲ့သော ၅ နှစ် က

@roibti (:?

ဦးထွန်းထွန်းဦး

ဦးထွန်းထွန်းဦး

လွန်ခဲ့သော ၅ နှစ် က

ငါးရိုးနဲ့ သကြားနဲ့ ရောလုပ်လို့ရပါသလား

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။