လေ့လာသင့်တဲ့ ဖာတီဂေးရှန်း
ဘိုလို နည်းနည်းပါမယ်။ ခုခေတ်ကြီးက ကိုယ်တွေရဲ့ တောင်သူဦးကြီးတွေက တရုတ်တွေ၊ ဗီယမ်နမ်တွေ နောက်ပြီး နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်နေကြတာဆိုတော့ ဘိုလိုလည်း သိရင် ကောင်းတာပေါ့။
စိုက်ပျိုးရေးလုပ်ရင် မြေဆီသြဇာကြွယ်ဝရမယ်။ မကြွယ်နိုင်တော့တဲ့ ခုချိန်ကျတော့ မြေသြဇာတွေကို ထည့်လာရတယ်။ အဲ့လို မြေသြဇာထည့်တာကို မြန်မာလိုကျ မြေဆီကျွေးတယ်ပေါ့။ အင်္ဂလိပ်လိုကျ ဖာတီလိုက်ဇေးရှန်း (Fertilization) လို့ခေါ်ပါတယ်။
မြေသြဇာတွေ ပစ်ကျွေးပြီးလိုက်တဲ့ အခါကျတော့ ရေလေး သွင်းလိုက်ရော၊ အဲ့လိုမျိုး စိုက်ခင်းထဲကို ရေသွင်းတယ်လို့ ဆိုရင် Irrigation (အီရီဂေးရှန်း) လို့ ခေါ်ပါတယ်။
အဲ့လို ဖာတီလိုက်ဇေးရှန်း ဆိုတဲ့ မြေသြဇာကျွေးတာနဲ့ ရေသွင်းခြင်း ဆိုတဲ့ အီရီဂေးရှန်း (၂) ခုကို ပေါင်းလိုက်တဲ့အခါမှာ မြေသြဇာသွင်းခြင်း ဆိုတဲ့ ဖာတီဂေးရှန်း (Fertigation) ကိုရတာပေါ့။
အစောကတည်းက မြေသြဇာသွင်းတယ်လို့ပြောလိုက်လေ လို့ ပြောရင်လည်း ခံရမှာပဲ။ တတ်နိုင်ဘူးလေ အကုန်ပြောပြချင်တာကိုး။
Fertigation
ကျွေးရမဲ့ မြေသြဇာတွေကို သွင်းရေနဲ့ ဖျော်ပြီးတော့ အပင်တွေကို အစက်ချစနစ်နဲ့ မြေသြဇာသွင်းပေးတာမျိုးကို မြေသြဇာ သွင်းတယ်လို့ ပြောပါတယ်။ အဲ့လိုလုပ်ပေးတာကြောင့် တစ်ပင်ချင်းစီကနေ အာဟာရတွေရပြီးတော့ မြေသြဇာ သုံးစွဲတဲ့ အကျိုးအာနိသင်က ၈၀ ကနေ ၉၀ ရာခိုင်နှုန်း ထိတောင် ရနိုင်တာ ဆိုတော့ သာမာန်ကျွေးတာနဲ့ စာလိုက်ရင် သူက အများကြီး ထိရောက်တဲ့ နည်းလမ်းပါ။
ဘာအကျိုးကျေးဇူးတွေ ရမလဲ
(၁) ရေနဲ့ အာဟာရတွေက အပင်အမြစ်နားအထိကို တိုက်ရိုက်ရောက်ပြီး အပင်တွေကနေ စုပ်ယူနိုင်စေပါတယ်။
(၂) အပင်တွေအားလုံး ညီတူ ညီမျှ ရတာကြောင့်မို့လည်း အထွက်ကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကို တိုးတက်လာစေပါတယ်။
(၃) မြေသြဇာ အသုံးချနိုင်မှုကို မြှင့်တင်ပေးနိုင်တာကြောင့် မြေသြဇာကုန်ကျစရိတ်ကို အနည်းဆုံး (၂၅) ရာခိုင်နှုန်းကနေ စပြီး လျော့ချပေးနိုင်ပါတယ်။
(၄) အဲ့အပြင်ကိုမှ မြေသြဇာကျွေးရတဲ့ လုပ်သားဖိုးတွေ၊ ရေသွင်းရတဲ့ ကုန်ကျစရိတ်နဲ့ အလုပ် ရှုပ်ရတာတွေကိုလည်း လျော့လို့ရပါတယိ။
Fertigation မှာ ဘယ်လိုမြေသြဇာတွေ ကျွေးလဲ
ယူရီးယားနိုက်ထရိုဂျငိပါတဲ့ ယူရီးယားကို မြေသြဇာသွင်းတဲ့နေရာမှာ အသုံးပြုကြပါတယ်။ သူက ပျော်ဝင်လွယ်ပြီးတော့ ရေထဲမှာပါတဲ့ တစ်ခြားပစ္စည်းတွေနဲ့လည်း ဓာတ်မပြုတာကြောင့် သုံးရလွယ်ပါတယ်။ အပင်အတွက် အရေးကြီးတဲ့ အများလို အာဟာရလည်းဖြစ်တာကြောင့် သူ့ကို မြေသြဇာသွင်းရင် သုံးပါတယ်။ အနည်ကျ စုပုံတာမျိုး မရှိပါဘူး။
P Fertigation ( ဖော့စဖိတ် သွင်းခြင်း)
သူက သတိနည်းနည်းထားရပါမယ်။ အသွင်းမတတ်တဲ့အခါ ဖော့စဖိတ်ဆားတွေ စုနေတတ်လို့ပါ။ ဖော့စဖောရပ် အက်ဆစ် နံ့ မိုနို အမိုနီယမ် ဖော့စဖိတ် ကို သုံးပေးတာက အသင့်တော်ဆုံးဖြစိပါတယ်။
K Fertigation ( ပိုတက်စီယမ် သွင်းခြင်း)
သူကလည်း ဆားတွေ စုပုံတာမျိုး ရှိမှာမဟုတ်ပါဘူး။ ပိုတက်စီယမ် နိုက်ထရိတ်၊ ပိုတက်စီယမ် ကလိုရိုက်၊ ပိုတက်စီယမိ ဆာလဖိတ် နဲ့ မိုနိုပိုတက်စီယမ် ဖော့စဖိတ် တွေကို ဖာတီဂေရှန်း မှာ သုံးနေကြပါတယ်။
အနည်းလို အာဟာရများ
အပင်တွေအတွက် လိုအပ်တဲ့ အနည်းလို အာဟာရတွေဖြစ်တဲ့ အိုင်းယွန်း (Fe)၊ မဂ္ဂနိစ့် (Mn)၊ ဇင့် (Zn)၊ ကော့ပါး (Cu)၊ ဘိုရွန် (B) နဲ့ မိုလက်ဒီနမ် (Mo) စတာတွေကိုလည်း အစက်ချစနစ်နဲ့ အပင်တွေကို သွင်းပေးနိုင်ပါတယ်။ သွင်းနေကြပါတယ်။
ကဲ အဲ့လောက်ဆို Fertigation ကို သိလောက်ပြီပေါ့။
ထွန်းဝင်းကျော်
Reference
http://agritech.tnau.ac.in/agriculture/agri_nutrientmgt_fertigation.html
ယခုဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ကို ရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းးဆိုပါရစေ။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026