အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်နည်း

အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်နည်း

Green Way
Green Way • 29/01/2021

အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်ရာတွင်

လိုအပ်သောပစ္စည်းများ

  • အပင်အရွက်နှင့်အမြစ်များ
  • အပင်များ၏ အဖူး၊ အသီးနု
  • သကြားကြမ်း

အချိုးအစား 

အသီးအရွက်အလေးချိန် ထက်ဝက် (သို့) သုံးပုံတစ်ပုံရှိ သကြားကြမ်းနှင့်ရောပါ။

ပြုလုပ်နည်း

ခူးယူပြီးသော အပင်များကို နုပ်နုပ်စဉ်းထားပြီး သကြားကြမ်းနှင့်ရောပါ။ ရောထားပြီးသားအရောကို စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ဖိသိပ်ထည့်ပါ။

အရွက်အသီးပါဝင်ပစ္စည်း၏ ထက်ဝက်ခန့်ရှိသော ကျောက်တုံးဖြင့် တစ်ရက်ဖိသိပ်၍ လေထွက်စေအောင်ပြုလုပ်ပါ။

အပင်များထည့်ထားသောပစ္စည်းသည် အိုး၏ သုံးပုံနှစ်ပုံကျန်ရစ်နေရမည်။ စက္ကူစဖုံး၍ ကြိုးဖြင့်လုံအောင်ချည်ကာ အေး၍ မှောင်သောနေရာတွင် ၅-၁၀ ရက်ထားပါ။

အရက်အနံ့၊ အချိုအနံ့ထွက်လျှင် အပင်အဖတ်များဖယ်ပါ။ ဒါဆိုရင်အသုံးပြုလို့ရပါပြီ။

အချဉ်ဖောက်ထားသော အရွက်အရည်ကို အေး၍မှောင်သောနေရာတွင်ထားသိုပါ။

အသုံးဝင်ပုံ

မြေတွင်းအဏုဇီဝသက်ရှိများ၏ လုပ်ဆောင်မှုကို မြန်စေပြီး အပင်အားဖျန်းပေးခြင်းဖြင့် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည်။

တိရစ္ဆာန်နေရာထိုင်ခင်းပြုလုပ်ရာတွင် တိရစ္ဆာန်အညစ်အကြေးများ၊ အစာများပုပ်သိုးဆွေးမြည့်မှုကို လျင်မြန်စေသည်။

အားနည်းနေသော တိရစ္ဆာန်များ၏ အစာလမ်းကြောင်းရှိ အဏုဇီဝသက်ရှိများ၏လုပ်ဆောင်မှုစွမ်းရည်ကို တိုးတက်သေလိုလျှင် တိုက်ကျွေးနိုင်သည်။

အသုံးပြုပုံ

အရွက်အချဉ်ဖောက်ရည်ကို ပြင်းအား ၀.၁% မှ ၀.၂ % (ရေ၂ဂါလံလျှင် အရည်ဟင်းခတ်ဇွန်း တစ်ဇွန်း(သို့) နှစ်ဇွန်းရအောင် ဖျော်စပ်အသုံးပြုနိုင်ပါသည်။

အပတ်စဉ်တင်ပေးလျက်ရှိနေသော သဘာဝကနေရတဲ့ အပင်အာဟာရ ပြုလုပ်နည်းတွေနဲ့ပတ်သတ်ပြီး ဦးကြီးတို့ ဗဟုသုတများရပြီး ပြုလုပ်ရလွယ်ကူပြီး အကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်ပါတယ်။

အရင်တစ်ပတ်ကတင်ထားသော “ စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)” ကို စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။

   နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါ်မြမြရေးသားသော အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
ko

ko

လွန်ခဲ့သော ၄ နှစ် က

ဘာအရွက်ဖြစ်ဖြစ်ရပါလား

ဆန်းဆနိး

ဆန်းဆနိး

လွန်ခဲ့သော ၅ နှစ် က

အပွင့်အသီးတင်တဲ့ဆေးနည်းလေးပြောပြပေးပါဆရာ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။