ပန်းပွင့်ပြီး အသီးတင်အားကောင်းစေတဲ့ ဘိုရွန်ဓာတ်
ဘိုရွန် (လက်ချား) ဓာတ်ဟာ အပင်အတွက်လိုအပ်တဲ့ အနည်းလို အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အနည်းပဲလိုတယ်ဆိုပေမယ့် သီးနှံပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကျန်းမာသန်စွမ်းဖို့အတွက် အရေးပါလှတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဘိုရွန် (လက်ချား) ဓာတ်ဟာ မြေဆီလွှာအတွင်းမှာ ရွေ့လျားနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဘိုရွန် ဓာတ်ဟာ အပင်ရဲ့ ဆဲလ်နံရံတွေဖြစ်ပေါ်ဖို့နဲ့ မျိုးပွားအစိတ်အပိုင်းတွေ ဖွဲ့စည်းတည်ဆောက်မှုမှာ ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ထို့အပြင် ဘိုရွန်ဓာတ်ဟာ ပန်းပွင့်စေခြင်း၊ ဝတ်မှုန်ကူးကောင်းစေခြင်းနဲ့ အသီးတင်စေခြင်းစတဲ့ အကျိုးအာနိသင်တွေလည်း ရှိနေတာဖြစ်ပါတယ်။
ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူတွေဆိုရင် ယူရီးယား (ပုလဲ) နဲ့ ဘိုရွန် (လက်ချား) ကို တွဲပြီး အသုံးပြုကြလေ့ရှိပါတယ်။ ၎င်းအာဟာရဓာတ် ၂ မျိုးကို တွဲဖက်အသုံးပြုခြင်းဖြင့် ပဲမျိုးစုံစိုက်ပျိုးရာမှာ အမှန်တကယ် အကျိုးရှိတယ်ဆိုတာ အသုံးပြုဖူးတဲ့ တောင်သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ တောင်သူအများစုကတော့ ယူရီးယား၊ ဖော့စဖောရပ်စ် နဲ့ ပိုတက်ရှ် စတဲ့ NPK အာဟာရဓာတ် ၃ မျိုးကိုသာ အဓိကအသုံးပြုကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာ စတဲ့အာဟာရဓာတ်တွေကိုလည်း တွဲဖက် အသုံးပြုလာကြပြီဖြစ်ပါတယ်။ ယနေ့ခေတ် သီးနှံစိုက်ပျိုးမြေတွေမှာ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့် (သွပ်) ဓာတ်နဲ့ ဘိုရွန် (လက်ချား) ဓာတ်ဟာ ချို့တဲ့မှု အများဆုံးဖြစ်နေပါတယ်။
သီးနှံပင်တွေမှာ ဘိုရွန်ဓာတ်ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့
- အပင်ရဲ့ ဆဲလ်နံရံများဖြစ်ပေါ်စေခြင်း
- ဇီဝအမြှေးပါးများ၏ တည်ဆောက်မှုနဲ့ ဆောင်ရွက်ချက်များကို ထိန်းသိမ်းပေးခြင်း
- အာဟာရဓာတ်နဲ့ စွမ်းအင်တို့ကို အပင်ရဲ့ အစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးခြင်း
- ဝတ်မှုန်ကူးကောင်းစေခြင်းနှင့် ပန်းပွင့်စေခြင်း
- အစေ့အဆန်ဖြစ်ထွန်းမှုနှင့် အသီးတင်စေခြင်းပါ။
ထို့ကြောင့် ပဲမျိုးစုံ စိုက်ပျိုးကြတဲ့ တောင်သူတွေဆိုရင် ဘိုရွန်ဓာတ်ကို အပင်အားလုံလုံလောက်လောက် ပေးနိုင်ဖို့အရေးကြီးလှပါတယ်။ ပဲပင်တွေမှာ ဘိုရွန်ဓာတ် ရရှိမယ်ဆိုရင် နိုက်ထရိုဂျင် ဖမ်းယူပေးမှုနဲ့ ပဲအမြစ်ဖု ဖြစ်ပေါ်မှုတွေမှာ များစွာအထောက်အကူပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ချို့တဲ့ရင် ပေါ်လာမဲ့လက္ခဏာ
အပင်တွေမှာ ဘိုရွန်ဓာတ်ချို့တဲ့မယ်ဆိုရင်တော့ ဝတ်မှုန်ကူးခြင်း ထိခိုက်နိုင်သလို ဝတ်မှုန်တွေရဲ့ ရှင်သန်မှုလည်း အားနည်းနိုင်ပါတယ်။ ဒါ့အပြင် သီးနှံပင်တွေမှာ ပန်းပွင့်နိုင်စွမ်းလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ အပင်ဟာ ဘိုရွန်ဓာတ်ရရှိမှု မလုံလောက်ခဲ့ဖူးဆိုရင်တော့ အမြစ်ရဲ့ ကြီးထွားရှင်သန်နိုင်မှုကိုလည်း ထိခိုက်ပြီး အပင်ကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။ နောက်ထပ်မြင်တွေ့နိုင်တဲ့ ချို့တဲ့မှု လက္ခဏာအနေနဲ့ကတော့ အရွက်နုတွေမှာ တွေ့ရနိုင်ပါတယ်။ ထင်ရှားတဲ့ လက္ခဏာပုံစံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Chlorosis (ရောင်မညီကွက်ကြား) လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ အရွက်ပေါ်မှာ အဝါရောင် အစက်အပြောက်တွေ တွေ့ရမှာဖြစ်ပြီး အရွက်ရဲ့ မျက်နှာပြင်ဟာလည်း တွန့်လိမ်ခြင်းမရှိသလို အဝါရောင် အစက်အပြောက်တွေရဲ့ ဘေးအနားသတ်မှာလည်း အညိုရောင်ကွင်းတွေ၊ ရေစိုနာကွက်လို ပုံစံမျိုးတွေ တွေ့ရမှာ မဟုတ်ပါဘူး။
- Necrosis (တစ်ရှူးများသေခြင်း) လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ အဝါရောင် အစက်အပြောက်တွေကနေတစ်ဆင့် အရွက်မှာ ရှိတဲ့ တစ်ရှူးတွေသေပြီးတဲ့နောက် အညိုရောင်ပြောင်းလဲသွားတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။
- Deformation (ပုံမှန်မဟုတ်ခြင်း) လို့ခေါ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ၎င်းလက္ခဏာပုံစံကတော့ ဘိုရွန်ဓာတ် ချို့တဲ့နေတဲ့အပင်တွေဟာ အပင်ပုံစံရော အသီး အပွင့် အမြစ် တွေပါ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုဖြစ်သွားပြီး အပင်ရဲ့ ရှင်သန်ကြီးထွား ဖွံ့ဖြိုးမှုတွေကိုပါ ထိခိုက်သွားတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။
ဘိုရွန်ဓာတ် ချို့တဲ့မှုကို အက်စစ်ဓာတ် (မြေချဉ်) ရှိပြီး သဲဆန်တဲ့မြေအမျိုးအစားတွေမှာဆိုရင် တွေ့ရတာ များပါတယ်။ ဘိုရွန်ချို့တဲ့မှုကြောင့် ရေစုပ်ယူမှုနဲ့ ရေထိန်းစွမ်းအားကောင်းတဲ့ မြေဆီလွှာတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘိုရွန် (လက်ချား) ဓာတ်ဟာဆိုရင် အနည်းလိုအာဟာရဓာတ် ဆိုသော်လည်း သီးနှံပင်တွေအတွက် အရေးကြီးတဲ့ အနည်းလို အာဟာရဓာတ် တစ်မျိုး ဖြစ်နေပါတယ်။
**ယူရီးယား လက်ချား ပြုလုပ်အသုံးပြုနည်း
ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အထွက်တိုးအောင် ယူရီးယား လက်ချား အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။
ယူရီးယားကတော့ တောင်သူတွေသုံးနေတဲ့ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာဖြစ်ပါတယ်။
ဘိုရွန် (လက်ချား) ကိုတော့ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝယ်လာတဲ့ လက်ချားအခဲကို မီးဖုတ် (သို့မဟုတ်) အပူပေးကာ ကြိတ်ချေပြီး အမှုန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အမှုန့်ဝယ်လို့ အဆင်ပြေမယ်ဆိုရင်လည်း အသင့်ဝယ်ယူနိုင်ပါတယ်။
လိုအပ်တဲ့အရာတွေ
- ရေတစ်ဂါလံ
- ယူရီးယား ၄ ဇွန်း (ထမင်စားဇွန်း)
- လက်ချား ၁ ဇွန်း
အထက်ဖော်ပြပါ ၃ မျိုးအား ရောစပ်ပြီး ဖျော်ရပါမယ်။ တစ်ဧကလျှင် ဖျော်စပ်ပြီးသား အာဟာရအရည် ဂါလံ ၂၀ လိုအပ်ပါတယ်။ ပဲမျိုးစုံတွင်အသုံးပြုမည်ဆိုပါက ပန်းစတင်ပွင့်သော အချိန်နှင့် ပန်းပြိုင်ပြိုင်ပွင့်သော ကာလများမှာ မနက်စောစောနဲ့ ညနေပိုင်း အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ဝတ်မှုန်ကူးကောင်းစေခြင်း၊ အသီးအပွင့်အားကောင်းစေခြင်း၊ အစေ့အဆန်ပြည့်ဝစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အပင်အာဟာရဓာတ်များ
အကြောင်းအရာ 2
ဘိုရွန်(လက်ချား)
zay
လွန်ခဲ့သော ၁ နှစ် ကလက်ချားဝယ်မယလို ယူရီယာဖျန်းလိုယလာဗျ
zay
လွန်ခဲ့သော ၁ နှစ် ကလက်ချား မန်လေးအနီဘယ်မှာယလဲဗျ ဆားခါယောဘယ်မှာရောင်းလဲဗျ
Lucky Girl
လွန်ခဲ့သော ၂ နှစ် က4/5ဂါလံ ဆေးတပုံး=ပုလဲ (16)ဇွန်း+လက်ချား(4)ဇွန်း ထည့်ပါ။ချွင်းချက် အနေနဲ့ မိမိ စိုက်ခင်းသည် အပင်အားကောင်းသည်၊ မိုးခေါင် ပါလျှင် ပုလဲအား လျော့ ထည့်သင့်ပါသည် ။ပုလဲအား အပင်ပေါ် တိုက်ရိုက်ဖျန်တာဖြစ်လို့ လောင်တက်ပါသဖြင့် နှုန်းထားမများသင့်ပါ။
Lucky Girl
လွန်ခဲ့သော ၂ နှစ် ကငရုတ်ခင်းအတွက်ဆို Magnesium (ဆားခါး)အား ဆေးတပုံး 2ဇွန်းထည့်၍ ဖျန်းနိုင်ပါသည် ။မိမိတို့ လက်တွေ့ ငရုတ်စိုက် တောင်သူများအား ညွှန်းပေးနေခြင်းဖြစ်ပါသည်။
Lucky Girl
လွန်ခဲ့သော ၂ နှစ် ကပိုးသတ်ဆေး၊မှိုသတ်ဆေး တိုင်းသည် မည်သည့်အားဆေး နဲ့မျှ မည်သည့်အချိန်မျှ ရောစပ်အသုံး မပြုသင့်ပါ။ဘာကြောင့်ဆိုလျှင် ဥပမာ၊၊ ရေလေးဂါလံထဲတွင် မိမိသုံးမည့် ဆေးပမာဏသည် ပြင်းအားချိန်ဆပြီးသည်ဖြစ်၍ မရောစပ်သင့်ပါ။ရောစပ်မိပါက ဆေးဓာတ်ပြယ်ခြင်း၊ပြင်းခြင်း များ ဖြစ်နိုင်၍ သီးခြားစီ ဖျန်းပါ။ မိမိတို့ ဖျားနာသည်ပင်လျှင် ဆရာဝန်မှ အားဆေးနဲ့ အဖျားပျောက်ဆေးအား တွဲထိုးပေးသည်အား ကြုံဖူးခဲ့ပါလျှင် စမ်းသပ်ကြည့်ပါ။ ဖျန်းခဲ့သည် ဆိုသည့်တိုင် အပင်သေသည်ထိ မထိခိုက်နိုင်သော်လည်း ရောဖျန်းဖို့ မတိုက်တွန်းလိုပါ။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....