အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိမ်နောက်ဖေး စျေးဆိုင်တွေအတွက် အော်ဂဲနစ် ပိုးပြေးဆေး

အိမ်နောက်ဖေး စျေးဆိုင်တွေအတွက် အော်ဂဲနစ် ပိုးပြေးဆေး

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 18/07/2019

 အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ထားတဲ့ သူတွေရှိလား..

အဲ့ဒါဆိုရင်တော့ အော်ဂဲနစ် ပိုးပြေးဆေးလေးတွေ လုပ်ကြရအောင်။

အိမ်နောက်ဖေးက ခရမ်းချဉ်တွေ ငရုတ်တွေ ဘူး ဖရုံ တွေမှာ ပိုးကောင်လေးတွေကျနေတယ်ဟဲ့

ငါက သဘာဝအတိုင်းစားချင်လို့ စိုက်ထားတာ ဆေးမဖြန်းချင်ဘူး ဆိုတဲ့ သူတွေအတွက်

ပထမဆေးနည်း

(၁) ကြက်သွန်ဖြူ တစ်ဥ

(၂) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

(၃) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၂)ဇွန်း

(၄) ရေ (၂)ခွက်

ကြက်သွန်ဖြူ အမွှာလေးတွေကို အခွံခွာပြီးတော့ အရည်ညှစ် ရေနဲ့ရော၊ ဟင်းသီးဟင်းရွက်ဆီ ထည့်၊ တစ်ည သိပ်၊ မနက်ကျတော့မှ ဆပ်ပြာဆီလေးထည့် အခင်းထဲ ဖြန်းဖို့ အသင့်ပဲ။

ဒုတိယဆေးနည်း

(၁) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း (၁)ဇွန်း

(၂) မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း (၂)ဇွန်း

(၃) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

(၄) ရေ က ဂါလန်ဝက်

အကုန်လုံးပေါင်းထည့်လိုက်ပြီး ဖြန်းရုံပဲ၊ ဂျပိုးအုပ်စုဝင် ပိုးကောင်လေးတွေ ပြေးကြပါလိမ့်မယ်။

တတိယဆေးနည်း

(၁) ငရုတ်သီးထောင်း ခွက် (၁)ဝက် (စပ်လေကောင်းလေဆိုတော့ မိုးမျှော်လောက်ထည့်)

(၂) ရေက (၂)ခွက်

(၃) ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

ငရုတ်သီးတွေကို ရေနဲ့ဖျော်၊ တစ်ညသိပ်။ ကိုယ်ကဖျန်းမှာဆိုတော့ အရည်ပြန်စစ်ပေး၊ အသားနဲ့ထိရင်တော့ ပူတတ်လို့ သတိတော့ထားပေးပါ။ ပြီး ဆပ်ပြာဆီနဲ့ ရော ပြီး ပက်ဖျန်းလိုက်ရင် ဂျပိုးအုပ်စုတွေ ပြေးပြီပေါ့။

သတိထားဖို့ တစ်ချက်ကတော့ ကိုယ်တိုင်ဖော်စပ်တာဆိုပေမဲ့လို့ အားကတော့ ပြင်းပါတယ် ဓာတုဆေးလိုပဲဆိုတော့ အကျိုးပြုသက်ရှိတွေလည်း သေစေနိုင်တာကြောင့်မို့ သတိတော့ တစ်ချက်ထားပေးဖို့လိုပါတယ်။

အဲ့တော့ မဖျန်းခင်မှာ သေးသေးလေးတွေ အရင် တစ်ပင် နှစ်ပင်လောက်ကို စမ်းကြည့်ပါ။

ဆပ်ပြာဆီတွေ ထည့်ထားတာက ဆေးကို ပိုစွဲအောင်ထည့်ထားတာပါ။ နေရောင်အရမ်းပြင်းတဲ့အချိန်မှာ မသုံးမိဖို့ကိုလည်း သတိပြုပါ။ အပင်တွေကို လောင်စေနိုင်တာကြောင့်မို့ပါနော်။

အိမ်ထဲကနေ လုပ်လို့လွယ်တဲ့ ဆေးလေးတွေ ကိုယ်တိုင်ဖော်စပ်နိုင်ပြီးတော့ အိမ်နောက်ဖေး ဈေးဆိုင်လေးကနေ အော်ဂဲနစ် စစ်စစ်တွေ ကိုယ်တိုင်ထုတ်ပြီး စားနိုင်ကြပါစေ။

reference - https://home.howstuffworks.com/green-living/homemade-organic-gardening-sprays.htm

 

 

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။