ကုန်တိုက်ပိုင်ရှင်လုပ်မယ်
မြေသြဇာဝယ်စရာမလိုဘူး ဈေးကလည်းကြီးသေး မြေကြီးနဲ့ ပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေနိုင်သေးတယ်။ မဝယ်နဲ့တော့ ကိုယ့်ဘာသာပဲလုပ်ကြမယ်။ အော်ဂဲနစ်စာပဲ စားကြမယ်။ အိမ်မှာတစ်နိုင်တစ်ပိုင် စိုက်ထားတာပဲဖြစ်ဖြစ်၊ စီးပွားဖြစ်စိုက်ထားတာကိုသုံးချင်လို့ နည်းနည်းအလုပ်ရှုပ်ခံတာပဲဖြစ်ဖြစ် လုပ်ကြရင် ကုန်ကျစရိတ်လည်း သက်သာမယ်။ အချိန်တစ်ခုတော့ပေးရမဲယ့် နည်းလေးတွေလည်း ပါတာပေါ့။ အားတဲ့အချိန်တိုင်း အိမ်ကလူတွေ ကလေးတွေခေါ်ပြီး မြေသြဇာလုပ်ကြရင်ဖြင့် အိမ်နောက်ဖေးဈေးဆိုင်မက ကုန်တိုက်ကြီးဖြစ်လာမှာ။ ပြောနေကြာပါတယ်။ ခုလုပ်ကြရအောင်...
(၁) ငါးမွေးရေ
လတ်လတ်ဆတ်ဆတ် ငါးကန်ထဲကရေ၊ အိမ်သုံးအတွက်ဆို အလှမွေးငါးကန်ထဲကရေကို လောင်းလောင်းပေးလို့ရပါတယ်။ ရေငန်တော့မရဘူးပေါ့ ရေချိုငါးကန်ထဲကရေထဲမှာ ငါးရဲ့ အညစ်အကြေးလေးတွေပါပြီးတော့ သူတို့က အပင်အတွက်ကောင်းလို့ ဖျန်းတာဖြစ်ဖြစ် လောင်းတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။
(၂) ငှက်ပျောသီး
နှင်းဆီပင်စိုက်ရင် ငှက်ပျောသီးဖြစ်ဖြစ် စားပြီးကျန်တဲ့အခွံကိုပဲဖြစ်ဖြစ် (အခွံတော့မစားလောက်ပါဘူးနော်)ကို ချေပြီးထည့်ပေးလို့ရ၊ မြုပ်ထည့်လည်းရတယ်။ သူက ပိုတက်စီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ တစ်ခြားအပင်တွေမှာလည်း သုံးလို့ရတယ်။ ငှက်ပျောခွံကို ရေစိမ်ပြီး ရွက်ဖျန်းအားဆေးလုပ်ရင်လည်း အဆင်ပြေပါတယ်။
(၃) ကော်ဖီမှုန့်
နှပ်သောက်ပြီး ကျန်တဲ့ကော်ဖီမှုန့်လေးတွေကနေပြီးတော့ နိုင်ထရိုဂျင်ကို ပေးနိုင်ပါတယ်။ ပြီးတော့ ဖော့စဖောရပ်အက်ဆစ်နဲ့ ပိုတက်ရှ်လည်းပါတာကြောင့်မို့ အပင်တွေကို ထောက်ပံ့ပေးနိုင်ပါသေးတယ်။ နှင်းဆီတို့ ထောပတ်ပင်တို့နဲ့ သီးပင်တွေဆို ကြိုက်မှကြိုက်ပါပဲ။ အသီးပင်လေးတွေစိုက်ထားရင် ထည့်ပေးလို့ရပါတယ်။ အများကြီးလိုချင်ရင် မြေဆွေးနဲ့ရောပြီး သုံးလို့ရပါတယ်။ အိုးလေးတွေထဲထည့်ရင်တော့ ဖြန့်ပေးရမယ်နော်။ ရေစိုတဲ့ အပြုံလိုက်လေးကနေ မှိုလေးတွေ လိုက်တတ်လို့ပါ။
(၄) ချက်ပြုတ်ရည်တွေ
ဘဲဥချဉ်ရည်ဟင်းလေးစားချင်လို့ အားလူးလေးပြုတ်ထားလို့... ပြီးရင် အဲ့ရေတွေကိုသွန်ရင် အပင်လေးတွေနား သွန်ပါ။ အဲ့အထဲမှာ အပင်လေးတွေအတွက် အာဟာရတွေပါပါတယ်။ နိုက်ထရိုဂျင်ပါပါတယ်။ အပူအတိုင်းလောင်းချင်ရင်တော့ မြက်ပင်လေးတွေကို လောင်း၊၊ မြေကြီးထဲမှာ နိုက်ထရိုဂျင်ကျန်ခဲ့မှာပါ၊
(၅) ကြက်ဥခွံ
ကယ်လ်စီယမ် ထောက်ပံ့ပေးနိုင်တာ နာမည်ကြီးပဲ၊ လေနဲ့အခြောက်ခံ စုပြီးကြိတ်၊ အမှုန့်လေးတွေ လိုက်ဖြူး၊ ရှယ်ပါပဲ။
(၆) သစ်သားပြာ
အရင်တုန်းက တောင်ယာစိုက်ခင်းတွေနဲ့ ခုထိတောင် ရောဂါလို့ထင်ရင် အကောင်လေးတွေနည်းနည်းရှိရင် ပြာပက်ကြသေးတာပဲ။ ပြာလိုက်ကြုံးပါ၊ အိမ်တော့ မီးမရှို့လိုက်ပါနဲ့နော်။ သစ်မာသားပြာတွေက ပိုပြိးတော့ကောင်းပါတယ်။ အက်ဆစ်နည်းနည်းဆန်တဲ့မြေကို ကြိုက်နှစ်သက်တဲ့အပင်လေးတွေ (ဥပမာ စတော်ဘယ်ရီ) တွေကိုတော့ သွားမသုံးဖို့ သတိထားပေးပါ၊ မြေချဉ်နေလို့ ပြင်ချင်တယ်ဆိုရင်တော့ ပြာထည့်ပေးလို့ရပါတယ်၊
(၇) လက်ဖက်စိမ်း
တစ်ခါသောက် လက်ဖက်စိမ်း(Green Tea)ထုတ်လေးတွေဆိုရင် ရေ(၂)ဂါလန်နဲ့ရောပြီး (၄)ပတ်တစ်ခါလောက် အပင်တွေကို လောင်းတာဖြစ်ဖြစ်၊ ဖျန်းတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
(၈) အမွှေး
ထူးထူးဆန်းဆန်းပါပဲ၊ ဆံပင်ညှပ်ဆိုင်က ကိုယ့်ဆံပင်တွေ ပြန်သွားတောင်းရမလိုပါပဲ၊ ဆံပင်တွေက နိုက်ထရိုဂျင်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ လူမွှေးပဲရပါတယ်လို့ အဲ့ ပူစီတို့ ဝုတ်ဝုတ်တို့ဆီက မရပါဘူးတဲ့။
(၉) မီးခြစ်ဆံ
ငယ်ငယ်တုန်းကတော့တွေ့ဖူးတယ်။ ခုထိ သုံးနေသေးလားတော့ မသိတော့ပါဘူး။ မီးခြစ်ဆံခေါင်းလေး အိုးထဲထိုးထားရင် သူက မဂ္ဂနီစီယမ်ကို ထောက်ပံ့ပေးနိုင်ပါသတဲ့။
(၁၀) နို့
ဗီတာမင်တွေထပ်ဖြည့်ထားလို့ ပိုကောင်းပါတယ်ဆိုတဲ့ နို့လေးတွေက လူအတွက်ရော အပင်တွေအတွက်ရော ကောင်းပါတယ်။ ကယ်လ်စီယမ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။
ကဲ ကုန်ကြမ်းတွေရပြီဆိုတော့ အိမ်နောက်ဖေးမှာ ကုန်တိုက်ကြီးဆောက်လိုက်တော့လေ။
Reference
https://thegrownnetwork.com/15-simple-and-inexpensive-homemade-fertilizers/amp/
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026