အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်ဟော်မုန်းတွေအကြောင်း

အပင်ဟော်မုန်းတွေအကြောင်း

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 31/01/2019

ဒီနေ့တော့ အပင်တွေမှာရှိတဲ့ ဟော်မုန်းတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဟော် မုန်းတွေက ကောင်းလွန်းလို့ဆိုပြီးတော့မှ လူတွေကလိုက်လုပ်ပီးတော့ သုံးနေကြတာဖြစ်ပါတယ်။ အဲ့လို ဟော်မုန်းတွေထဲကနေ နာမည်ကြီး လက်ရွေးစင်တွေကို တင်ဆက်ပေးသွားပါမယ်။

အောက်ဇင် (Auxin)

သူ့ကို အင်ဒိုလီအက်ဆစ်တစ်အက်ဆစ်လို့လည်း ခေါ်ပါတယ်။ အပင်အညွန့်တွေ၊ အမြစ်ထိပ်ပိုင်းတွေ၊ အရွက်နုလေးတွေ၊ ကြီးထွားဆဲဖြစ်နေတဲ့ အသီးတွေထဲက မျိုးစေ့လေးတွေ စတဲ့နေရာတွေမှာ တွေ့ရပါ တယ်။

အောက်ဇင်တွေက အပင်တွေရဲ့ အစာကြော၊ ရေကြောတွေကကနေတစ်ဆင့် ရွေ့လျားနိုင်ပါတယ်။ သူရွေ့တဲ့ပုံစံက တစ်မျိုးလေးပါ။ အမြစ်မှာဆိုရင်လည်း အမြစ်ထိပ်ဘက်ကိုပဲ ရွေ့ပြီးတော့ အညွန့်တွေမှာဆိုရင်လည်း အညွန့်ထိပ်ဘက်တွေကိုပဲ ရွေ့ပါသတဲ့။

ဘာအကျိုးကျေးဇူးတွေရလို့ သုံးနေတာလဲဆိုရင်တော့

၁။ အညွန့်တွေကို အားကောင်းသန်မာလာစေပါတယ်။

၂။ ဘေးအောက်ဘက်က အဖူးသေးလေးတွေကို အားလျော့စေပါတယ်။ အဲ့တော့ တစ်ပွင့်တည်း ပန်းပင်တွေလိုချင်ရင် သုံးလို့ရပြီပေါ့။

၃။ အမြစ်တွေမှာဆိုရင်လည်း ဘေးဖက်အမြစ်တွေကို ထွက်လာဖို့ အားကောင်းစေဖို့အတွက် အားပေးပါတယ်။

၄။ ဆဲလ်ကွဲပွားခြင်းနဲ့ ဖြန့်ကားခြင်းအတွက်လည်း အားကောင်းပါတယ်။

၅။ သီးကင်းတွေကြွေတာကိုပဲ တားမလား၊ အရွက်တွေကြွေအောင်လုပ်ပစ်ဆိုရင်လည်း သူကရပါသေးတယ်။

၆။ သူက အပင်တွေအလင်းပေါ်တုံ့ပြန်တာ၊ မြေဆွဲအားပေါ်တုံ့ပြန်တာမျိုး စတာတွေမှာ ပိုပြီးတော့ အားကောင်းလာစေပါတယ်။

၇။ တစ်ခါတစ်လေမှာ ပေါင်းသတ်ဆေးအဖြစ်နဲ့တောင် အသုံးပြုနိုင်ပါတယ်တဲ့။

အောက်ဇင်နဲ့အလားတူ လူတွေလုပ်ထားတဲ့ အပင်လှုံဆော်ပစ္စည်းတွေကတော့

(၁) အင်ဒိုလီဘူတိုင်ရစ်အက်ဆစ် Indolebutyric acid (IBA)

(၂) တူး, ဖိုး ဒိုင်ကလိုရိုဖီနောက်ဇီအက်ဆစ်တစ်အက်ဆစ်(တူး, ဖိုးဒီ) 2,4 dichlorophenoxyacetic (2, 4D)

(၃) တူး, ဖိုး, ဖိုက် ဒိုင်ကလိုရိုဖီနောက်ဇီ အက်ဆစ်တစ်အက်ဆစ် (တူး, ဖိုး, ဖိုက်တီ) 2,4,5 dichloro phenoxyacetic (2, 4, 5T)

(၄) ပိုင်ကလိုရမ် တို့ပဲဖြစ်ကြပါတယ်။ Picloram 

စီးပွားရေးအရ အောက်ဇင်ကိုအသုံးပြုပုံ

ပင်စည်ကနေ ကိုင်းကူးစိုက်တဲ့အပင်တွေမှာဆိုရင် အမြစ်တွေထွက်ဖို့အတွက်၊ အမြစ်ကြီးထွားညီညာဖို့ အတွက် သုံးကြပါတယ်။

စတော်ဘယ်ရီ၊ ခရမ်းချဉ် စတာတွေမှာ အစေ့လွတ်ဖြစ်အောင်လို့လည်း အောက်ဇင်ကို အသုံးပြုကြပါတယ်။ အောက်ဇင်ကိုပဲသုံးပေးရင်တော့ တခြားမြေဩဇာတွေ မသုံးရတော့ဘူးပေါ့။

Htunn Win Kyaw

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။