အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးပင်တွင်ပိုတက်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

စပါးပင်တွင်ပိုတက်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

Green Way
Green Way • 25/07/2024

စပါးတွင် K (ပိုတက်ဆီယမ်)ဓာတ်ချို့တဲ့လျှင် အစာချက်လုပ်မှုနှောင့်နှေးစေ၍ အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် K ဓာတ်ချို့တဲ့မှုသည် စပါးပင်သက်တမ်းတလျှောက် ကြီးထွားမှုအဆင့်တိုင်းအတွက် အလွန်အရေးပါသည်။

အောက်ပါအခြအနေများတွင် K ချို့တဲ့မှုအဖြစ်များသည်။

  • N မြေသြဇာအလွန်အကျွံသုံးခြင်း (သို့) N နှင့် P သာ ကျွေးပြီး K ဓာတ်လုံလောက်အောင်မထည့်ပေးသည့်အချိန်
  • တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွင် အပင်ကြီးထွားသည့်အဆင့် အစောပိုင်း၌ အပင်ဦးရေများပြီး အမြစ်များ တိုနေသေးသည့်အချိန်
  • စပါးမျိုး တခုနှင့် တခု K ဓာတ် ချို့တဲ့မှုကို ခံနိုင်ရည်ရှိမှုကွာခြားချိန်

လက္ခဏာ

စပါးပင်မကြီးထွားဘဲ ပင်ပွားအနည်းငယ် လျော့နည်းသည်။ အရွက်များငိုက်ကျပြီး အစိမ်းပုပ်ရောင် အရွက်များတွေ့ရှိရသည်။ အောက် အရွက်ရင့်များတွင် ထိပ်ဖျားမှစ၍ ရွက်လယ်ကြောတစ်လျှောက် အဝါရောင်များဖြစ်ခါ နောက်ဆုံး၌ ခြောက်၍ အညိုဖျော့ရောင် ပြောင်းသွားသည်။ အစိမ်းရင့်ရောင် အရွက်ပေါ်တွင် အညိုရောင် အစက်အပျောက်များ တခါတရံ တွေ့ရှိရသည်။ စပါးနှံပေါ်တွင် ပုံမမှန် တစ်သျုးသေရာမှဖြစ်သော အရွက်များဖြစ်ပေါ်၍ ၊ အနှံသေး၊ ရှည်ဖြစ်နေသည်။ တစ်ခါတရံ ပိုတက်စီယမ် နှင့် နိုက်ထရိုဂျင် အချိုးအစားမညီခြင်း (K များပြီး N နည်း) ပါက အပင်များညှိုးသေသည်။

ပြုပြင်ရန်နည်းလမ်း

  • မိမိ ဒေသတွင်ရှိသည့် ပိုတက်စီယမ်ဓာတ်ရရှိနိုင်သော အရင်းအမြစ်များကို စိစစ်၍ ခန့်မှန်းပါ။
  • အမြစ်များသန်မာပြီး ပိုတက်စီယမ်စုပ်ယူမှုအားကောင်းစေရန်  ထယ်ရေးနက်အောင် ဆောင်ရွက်ပါ။
  • မိမိဒေသ နှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သင့်တော်သော အပင်ဦးရေသာစိုက်ပျိုးကာ ၊ ရေသွင်းရေထုတ် စနစ်တကျပြုလုပ်ပါ။
  • ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးပါ။ အကယ်၍ ရိုးပြတ်များကို မီးရှို့ခြင်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေဖြစ်ပါက တနေရာထည်းတွင် မရှို့ဘဲ တကွက်လုံးအနှံ့ ဖြန့်ပုံပေးပြီးမှ မီးရှို့ပေးခြင်းဖြင့် ပြာများကို အညီအမျှရအောင် လုပ်ပေးပါ၊
  • N နှင့် P ဓာတ်မြေသြဇာများ နှင့် အတူ အနည်းလို အာဟာရဓာတ်များပါ မချို့တဲ့စေရန်ထည့်သွင်းပါ။ K ဓာတ်မြေသြဇာ၊ သစ်ဆွေးမြေသြဇာများ (သို့) အခြားပစ္စည်းများဖြစ်သည့် ( စပါးခွံ၊ ဖွဲပြာ၊ မြေဆွေး) များကိုပါ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံနှင့်အတူ ဆုံးရှုံးသွားသော K ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဦးကျော်လွင်မိုး

ဦးကျော်လွင်မိုး

လွန်ခဲ့သော ၂ နှစ် က

ဘလုပ်သင်လဲအကူပေပါ

ဦးကျော်လွင်မိုး

ဦးကျော်လွင်မိုး

လွန်ခဲ့သော ၂ နှစ် က

အပင်ကောင်ပြီအကွက်ရက်ဖျားပစ်ပြီသေကုန်တယ်

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။