ရိုင်ဇိုဘီယမ်ဇီဝမြေဩဇာ (သို့) ပဲမြစ်ဖုဇီဝမြေဩဇာ ပြုလုပ်နည်း၊ သိုလှောင်နည်းနှင့် သုံးစွဲနည်း
မျက်မှောက်ခေတ်တွင် ရိုင်ဇိုဘီယမ် သို့မဟုတ် ပဲမြစ်ဖုဇီဝမြေဩဇာများကို ပြုလုပ်ရောင်းချ နေကြ သော်လည်း အမှန်တကယ်အားဖြင့် ယင်းတို့တွင် သီးသန့်လက်ခံပင်ရှိနေခြင်းနှင့် တာရှည်မခံခြင်း တို့ကြောင့် သုံးစွဲသူတောင်သူကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းသည်သာ အတန်ဆုံးဖြစ်သည်။ မြစ်ဖု မြေဩဇာ တစ်မျိုးသည် ပဲပင်တိုင်းတွင် အသုံးပြုနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ လပေါင်း အတော်ကြာ သိုလှောင်ရောင်းဝယ်နေရသော မြစ်ဖုမြေဩဇာမှာလည်း ဩဇာသက်ရောက်မှု မရှိနိုင်တော့ပါ။ ထို့ကြောင့် စိုက်ပျိုးသူတိုင်း အလွယ်တကူပြုလုပ်အသုံးချနိုင်သော ရိုင်ဇိုဘီယမ်ဇီဝမြေဩဇာ ပြုလုပ်နည်းမှာ-
၁။ မျိုးပင်စိုက်ပျိုးခြင်း
မိမိစိုက်ပျိုးလိုသော ပဲပင်မျိုးအတွက် ရိုင်ဇိုဘီယမ်မျိုးများကို ကြိုတင်စိုက်ပျိုးထားရန်လိုအပ်သည်။ ကြိုတင် စိုက်ပျိုးရမည့် ကာလမျာ ပဲတစ်မျိုးနှင့် တစ်မျိုး သက်တမ်းမတူ၍ ကွာခြားနိုင်ပေသည်။ ပဲကို အခင်းလိုက်စိုက်ရမည့်အချိန်ထက် ရိုင်ဇိုဘီယမ်ယူရန် ကြိုစိုက်သောပဲပင်များ ပွင့်ခါနီးအချိန် ဖြစ်နေ ရပေမည်။ သာမာန်ပဲအများမှာ (၃၅) မှ (၅၅) ရက်ခန့်သာရှိသော်လည်း အချို့အသက်ကြီးသော ပဲများမှာ ဤအချိန်ထက်ကြာတတ်ပေသည်။ ရိုင်ဇိုဘီယမ်မျိုးယူရန် စိုက်ပျိုးသောပဲများအတွက် အသုံးပြု သော မြေမှာလုံးဝခြောက်သွေ့မနေသော အပေါ်မြေဆီလွှာ၊ သစ်ဆွေးမြေများပါသော မြေမျိုးကို အသုံး ပြုသင့်သည်။ တစ်ဧကပဲခင်းအတွက် ရိုင်ဇိုဘီယမ်ယူရန် ပဲပင် (၂၀) မှ (၅၀) အထိစိုက်ပျိုးထားနိုင်သည်။
၂။ ပဲပင်ငယ်များမှ စဖူးပြီးပွင့်ခါနီးအချိန်တွင်နှုတ်၍ အမြစ်များကိုရေဆေးပါ။ ရေသောက်မြစ်၏ အရင်းပိုင်း၌ အကြီးဆုံး၊ အရောင်အရင့်ဆုံး၊ အဖောင်းဆုံးမြစ်ဖုများကိုတွေ့နိုင်သည်။ ရေသောက်မြစ် အလယ်ပိုင်း၊ ဘေးမြစ်ကြီးများ၏ အရင်းပိုင်းတွင် ဒုတိယတန်းစားမြစ်ဖုများကို တွေ့ရမည်။ မြစ်ဖု အသေးများကိုကား အသုံးပြုရန်မလို။ အသုံးမပြုဘဲ နေနိုင်သည်။
၃။ နွားနို့တစ်ပိဿာကိုဆူအောင်ကြိုပါ။ မလိုင်များကို ဖယ်ပစ်ပါ။ မျက်နှာပြင်ကျယ်သော ခွက် (သို့) ဇလုံတွင် အအေးခံပါ။ ကြက်သီးနွေး အပူချိန်သို့ ရောက်သောအခါ ရေဆေးထားသော ပဲမြစ်ဖုများကို ချေ ထည့်ပါ။
၄။ မြစ်ဖုများအတွင်းရှိနေသာ ရိုင်ဇိုဘီယမ်များသည် နွားနို့ထဲတွင် ပွားသွားပေမည်။ ၃ ရက်မှ ၅ ရက်ကြာသောအခါ အသုံးပြုနိုင်ပြီဖြစ်သည်။
သိုလှောင်နည်း
ခဲမြေ (သို့) အုန်းခွံမှုန့်အဆွေး (သို့) လွှာစာမှုန့်အဆွေး (၅) ပြည်၊ တင်လဲရည် (သို့) ထန်းလျက်ရည် ၅၀ သား၊ မီးသွေးမှုန့် ၃ ပြည်နှင့် ရိုင်ဇိုဘီယမ်များ ကြိုပွားထားသော နွားနို့ကို ပလတ်စတစ်အခင်းပေါ်တွင် စုပုံပြီး သမအောင်ရောစပ်ပါ။ ဓာတ်ငွေ့အဝင်အထွက်ရှိနိုင်သော ပလတ်စတစ်အိတ်မျိုးတွင် တစ်ပေါင်စီ သို့မဟုတ် တစ်ကီလိုစီ အထုတ်ပြုလုပ်ပြီး အေး၍ နေရောင်ခြည် တိုက်ရိုက်မကျသောနေရာတွင် သိုလှောင်ထားပါ။ သတိပြုရန်မှာ ရိုင်ဇိုဘီယမ်၏ သာမာန်သက်တမ်းမှာ ၆ လသာဖြစ်၍ အစောဆုံး အသုံးပြုနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အသုံးပြုနည်း
ရိုင်ဇိုဘီယမ်ကို အဆင့် ၂ ဆင့်တွင် အသုံးပြုနိုင်သည်။
(၁) မျိုးစေ့အဆင့်တွင် အသုံးပြုခြင်း
(၂) ပင်ပေါက်အဆင့်တွင် အသုံးပြုခြင်း
ရိုင်ဇိုဘီယမ်များ ဖောက်ထားသော နို့ ၃ ရက်မှ ၅ ရက်ကာလတွင် အသုံးပြုမည့် ပဲမျိုးစေ့များတို့ကို နို့ချဉ်များတွင် လူးပေးခြင်းဖြင့် ထိုပဲစေ့မှ အပင်ပေါက်ပြီး စောစီးစွာရိုင်ဇိုဘီယမ်များ ဝင်ရောက်နိုင်ပြီး မြစ်ဖုများဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ နို့ချဉ်မဟုတ်ဘဲ လွှစာမှုန့်များအတွင်း သိုလှောင်ထားသော ရိုင်ဇိုဘီယမ်ကို အသုံးပြုလျှင်လည်း ရနိုင်သည်။ ရိုင်ဇိုဘီယမ်များ ပဲမျိုးစေ့များတွင် စွဲကပ်နေစေရန် အချို့က ထမင်းရည်ကဲ့သို့သော ကော်ရည်တစ်မျိုးမျိုးကို အသုံးပြုကြသည်။
စိုက်ခင်းတွင်ပဲပင်များကို ပဲပင်၏ အခြေအနေကိုလေ့လာရာတွင်မြစ်ဖုဖြစ်ပေါ်မှု စိတ်ကြိုက်မရပါက နို့ချဉ်ကို ရေရောပြီး စိုက်ခင်းတွင် ပက်ဖျန်းခြင်းဖြင့်လည်းကောင်း၊ လွှာစာမှုန့်ဆွေးအတွင်း သိုလှောင်ထား သော ရိုင်ဇိုဘီယမ်များကိုလည်း ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။ ဤအဆင့်မှာ ဒုတိယအဆင့်မြစ်ဖုဖြစ်ပေါ်အောင် ကြိုးစားခြင်းဖြစ်သည်။
ရိုင်ဇိုဘီယမ်များသည် သာမာန်အားဖြင့် ကြီးထွားနှုန်းမြန်သည်။ မိမိတို့နှစ်သက်သော အပူချိန် ၂၈ မှ ၃၀ စင်တီဂရိတ်တွင် ၂ မှ ၄ မီလီမီတာအချင်းရှိ ကိုလိုနီများအဖြစ်သို့ ၃ ရက်မှ ၅ ရက်အတွင်း ရောက်သွား နိုင်သည်။
သဘာဝအခြေအနေများတွင် ပဲပင်ပေါက်များအတွင်း ၁၀ ရက်မှ ၁၄ ရက်အတွင်း ဝင်ရောက်နိုင်ပြီး နောက်အကျဆုံး ၂၁ ရက်မှ ၂၈ ရက်အတွင်း မြစ်ဖုများကို သာမာန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။ မြစ်ဖုများ ၏ ပုံသဏ္ဌာန်၊ အရွယ်၊ အရောင်၊ မျက်နှာပြင်အနေအထားနှင့် တည်နေရာပေါ်လိုက်ပြီး ကွာခြားမှုရှိသည်။
( ဦးဖရတ်သိန်းဖေရေးသားသော စိုက်ပျိုးရေးစာစုများ စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲမြစ်ဖု ဇီဝမြေဩဇာ
မျိုးသူ
လွန်ခဲ့သော ၃ နှစ် ကအကျိုးရှိလိုက်တာ။
GOLDEN RAIN
လွန်ခဲ့သော ၃ နှစ် ကko
GOLDEN RAIN
လွန်ခဲ့သော ၃ နှစ် ကko
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026