မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် ၃ ခု
နွေရာသီအချိန်ဟာ မြေဆွေးဖန်တီးပြုလုပ်ဖို့အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပူနွေးလှတဲ့ အပူချိန်နဲ့ စိုထိုင်းဆများခြင်းတို့ဟာ မြေဆွေးပုံတွေရဲ့ အပူချိန်ကို ပိုမိုတက်စေနိုင်ပြီး လျင်မြန်စွာပြိုကွဲနိုင်တာကြောင့် ဖြစ်ပါတယ်။
နောက်ပြီး နွေရာသီအချိန်ဟာ မြေဆွေးပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေဖို့ လွယ်ကူတဲ့အချိန်လည်း ဖြစ်ပါတယ်။ “မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထည့်သွင်းအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတွေအကြောင်းကို ယခင်က မျှဝေခဲ့ပြီးပြီ ဖြစ်ပါတယ်။ မြေဆွေးပုံတွေ ပြုလုပ်တဲ့အခါ မိမိထည့်သွင်းလိုက်တဲ့ ပါဝင်ပစ္စည်း၊ ပြုလုပ်တဲ့နေရာ၊ အရွယ်အစား၊ ရာသီဥတုနဲ့ နည်းစနစ်တွေအပေါ် မူတည်ပြီး မြေဆွေးပုံရဲ့ ဆွေးမြေ့ချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ ယေဘူယျအားဖြင့် မြေဆွေးပုံပြုလုပ်တဲ့အခါ အနည်းဆုံးတော့ ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ကြာမြင့်နိုင်ပြီး အဲ့ထက်ပိုများမယ်ဆိုရင်တော့ ၁ နှစ် နဲ့ အထက် ကြာမြင့်တာမျိုးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မြေဆွေးအမြန်ရရှိနိုင်ဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် ၃ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကာဗွန်၊ နိုက်ထရိုဂျင် အခြေခံပစ္စည်းများကို မှန်ကန်စွာရောစပ်ပါ
အပူဓာတ်ကောင်းကောင်းရှိပြီး လျင်မြန်စွာဆွေးမြေ့နိုင်တဲ့ မြေဆွေးပုံဆိုတာဟာ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပါဝင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရောစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။ ကာဗွန်ကို အခြေခံတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတော့ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ သစ်သား၊ ပြာ၊ သစ်သားအပိုင်းအစတွေနဲ့ မြက်ခြောက် စတဲ့ ခြောက်သွေ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဖော်ပြပါ ပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအစွမ်းထက်စေတဲ့ ပစ္စည်းများ (သို့မဟုတ်) အညိုရောင်ပစ္စည်းများလို့ ခေါ်ဆိုကြပါတယ်။ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပစ္စည်းတွေကတော့ အစိမ်းရောင်ပစ္စည်းတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ အစိမ်းရောင်မြက်ပင်တွေ၊ ကော်ဖီမှုန်နဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
အပူဓာတ်များပြီး လျင်မြန်စွာပြိုကွဲနိုင်တဲ့ မြေဆွေးပုံတစ်ခုကိုဖန်တီးဖို့ဆိုတာ မှန်ကန်တဲ့အချိုးအစားနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံပြုလုပ်တဲ့အခါ သင့်တော်တဲ့ အချိုးအစားကတော့ နိုက်ထရိုဂျင်အခြေခံပစ္စည်း ၁ ဆကို ကာဗွန်အခြေခံပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာ ဖြစ်ပါတယ်။ မြေဆွေးလျင်မြန်စွာ ရရှိနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ၎င်းပစ္စည်းအားလုံးကို တစ်ကြိမ်တည်းနဲ့ နှံ့စပ်အောင် ကြိုတင်ရောမွှေပေးခြင်းက မြန်မြန်ဆွေးမြေ့ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကောင်းစွာဆွေးမြေ့ပြီးသား မြေဆွေးပုံကနေ မြေဆွေးအနည်းငယ်ယူပြီး ထည့်သွင်းခြင်းဖြင့် ဘက်တီးရီးယားနဲ့ အကျိုးပြုသက်ရှိတွေဟာ မြေဆွေးကို အမြန်ဖန်တီးပေးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ ပါဝင်ပစ္စည်းများကို အပိုင်းစငယ်လေးတွေ ပြုလုပ်ပြီး ထည့်သွင်းပါ
ပါဝင်ပစ္စည်းတွေကို နှံ့စပ်အောင် သေချာရောနှောပြီးပြီဆိုရင် မြေဆွေးပြုလုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး မြေဆွေးပုံကနေ အပူဓာတ်ကောင်းကောင်းထုတ်လွှတ်နိုင်ဖို့အတွက် မိမိပြုလုပ်မယ့် မြေဆွေးပုံရဲ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။ အသင့်တော်ဆုံး မြေဆွေးပုံ အရွယ်အစားကတော့ (အလျား၊ အနံနဲ့ အမြင့်) ၃ ပေ (သို့မဟုတ်) ၄ ပေ ပတ်လည် ဖြစ်ပါတယ်။ ၎င်းအရွယ်အစားဟာ ပါဝင်ပစ္စည်းတွေကနေ အပူဓာတ်ထုတ်လွှတ်ဖို့ လုံလောက်တဲ့အရွယ်အစားဖြစ်ပြီး အထက်အောက်လှန်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက်လည်း သင့်တော်တဲ့ အရွယ်အစား ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်က ပြိုကွဲမှုမြန်ဆန်နိုင်ပြီး မြေဆွေးလျင်မြန်စွာရရှိဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အရွယ်အစားကို သေးနိုင်သမျှသေးအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတွေကို ဖြစ်နိုင်ရင် ကြေညက်အောင်ပြုလုပ် လှီးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ ကြေညက်အောင် မလုပ်နိုင်ရင်လည်း အနည်းဆုံး ၁ - ၂ လက်မ ဝန်းကျင်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပီးမှ မြေဆွေးလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်းမှာ ကောင်းကောင်းဆွေးမြေ့တဲ့ မြေဆွေးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
၃။ အောက်စီဂျင်နဲ့ အစိုဓာတ် မျှတအောင် ပြုလုပ်ပါ
သင့်တော်တဲ့ မြေဆွေးပုံအရွယ်အစားနဲ့ ပါဝင်ပစ္စည်းတွေကို ကောင်းစွာရောနှောပြီးပြီဆိုရင် မြေဆွေးပုံရဲ့ အောက်စီဂျင်နဲ့ အစိုဓာတ်ကို မျှတအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံကနေ အပူတွေထုတ်လွှတ်နိုင်ဖို့ဆိုတာ ရေရော အောက်စီဂျင်ရော ၂ မျိုးစလုံး လိုအပ်ပါတယ်။ ရေနဲ့ အောက်စီဂျင်မရှိတဲ့အခါ ရလဒ်အနေနဲ့ အနံ့အသက်ဆိုးတွေကို စတင်ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံကို နေ့စဥ် (သို့မဟုတ်) ၂ ရက်လျှင် ၁ ကြိမ် အထက်အောက်လှန်ပေးခြင်းဖြင့် မြေဆွေးပုံရဲ့ အစိတ်အပိုင်းအားလုံးကို အောက်စီဂျင် ရရှိစေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်ရရှိခြင်းဖြင့် မြေဆွေးပုံထဲမှာရှိနေတဲ့ အကျိုးပြုသက်ရှိတွေကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်လိုအပ်သလိုပဲ မြေဆွေးပုံမှာ အစိုဓာတ်လည်းလိုအပ်ပါတယ်။ မြေဆွေးပုံဟာဆိုရင် လက်နဲ့ထိကြည့်လိုက်တာနဲ့ အစိုဓာတ်ရှိနေဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် စိုစွတ်နေတဲ့ ရေမြှုပ်ကဲ့သို့ ရှိသင့်တာ ဖြစ်ပါတယ်။ လုံးဝခြောက်သွေ့သွားပြီဆိုရင်တော့ အပူထုတ်တာလည်း ရပ်တန့်သွားမှာဖြစ်ပြီး ပြိုကွဲခြင်း ဖြစ်စဥ်လည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံလုံးဝမခြောက်သွေ့ခင်မှာ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းတဲ့အခါ အသင့်အတင့်လောင်းဖို့သာ လိုအပ်တာဖြစ်ပြီး အလွန်စိုစွတ်မယ်ဆိုရင်လည်း ပြိုကွဲဖို့ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် သတိပြုသင့်ပါတယ်။
Ref: http://thisismygarden.com/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နန်းဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးအရမ်းရမ်းတင်ပါတယ်ဗျာ
kyawkyaw
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါဗျ
U Thaik
လွန်ခဲ့သော ၄ နှစ် ကအသုံ၀င်းတယ်
ZinMinPhyo
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....