ငါးမွေးကန်ပြင်ဆင်ခြင်း
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း ( ငါးသားပေါက်မထည့်သွင်းခင်နှင့် ထည့်သွင်းနေစဉ်စီမံခန့်ခွဲမှု)
၁။ ရေမှော်/ ဒိုက်ပင်များထိန်းချုပ်ခြင်း
ရေမှော်ပင်/ဒိုက်ပင် ကန်အတွင်းရှိနေခြင်းဖြင့်
• နေရောင်ခြည်ထိုးဖေါက်မှုကိုတားဆီးသဖြင့်သဘာဝအစားအစာဖြစ်ပွားမှုကိုအဟန့်အတားဖြစ်စေပါသည်။
• ကန်ရေရှိအာဟာရများနှင့်မြေသြဇာများကိုစုပ်ယူစေသည်။
• ရေမှော်ပင်များသည် ဓါတ်ပြုပြိုကွဲခြင်းမှ အဆိပ်ဓါတ်ငွေများထုတ်လွှင့်မှုကြောင့် ကန်ရေညစ်ညမ်း ပြီး၊ ငါးများကိုရောဂါများဖြစ်ပွားစေနိုင်ပါသည်။
ရေမှော်ပင်များကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ
ရေမှော်ပင်များကို မိမိကိုယ်တိုင်လက်ဖြင့် ရှင်းလင်းနိုင်ပါသည်။
မှတ်ချက် - ကန်နှင့် ကန်ဘောင်များ တွင် စိုက်ပျိုးပြီး ကြီးထွားစေနိုင်သည့် အပင်များ ဥပမာ- ကန်စွန်းရွက် နှင့် အခြား ဟင်းသီးဟင်းရွက်အပင်များအား မြေသားကန်(သို့) တာပေါ်လင်ကန် ရေမျက်နှာပြင်၏ သုံးပုံတစ်ပုံခန့် ဖုံးလွမ်းစေသည့်အထိ စိုက်ပျိုးစေပါ။

၂. ငါးကန်ဘောင်(တမံ) ပြန်လည်ပြုပြင်ခြင်း
အကယ်၍ငါးကန်ဘောင်ကျိုးပါက-
• မိုးသည်းထန်စွာရွာသွန်းခြင်း(သို့) ရေကြီးရေလျှံစဉ်ကာလအတွင်း ငါးကန်ရေမြုပ်ပါက ငါးအားလုံး ထွက်သွားနိုင်ပါသည်။
• အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများ မိမိငါးကန်အတွင်း ဝင်ရောက်လာပါက မိမိတို့မွေးမြူထားသည့်ငါးများကို အန္တရာယ်ပေးနိုင်ပါသည်။
ငါးကန်ဘောင်ပြန်လည်တည်ဆောက်ခြင်း နည်းလမ်းများ
ခြောက်သွေ့သော ရာသီတွင်၊ ငါးကန်အောက်ခြေရှိ ရွှံ.မြေများကို စက်ဖြင့် (သို့) လုပ်အားဖြင့် ဖယ်ထုတ်ပြီး ငါးကန်ဘောင်(တမံ)ကိုကောင်းစွာပြင်ဆင်နိုင်ပါသည်။
၃။ ငါးကန်ဟောင်းအောက်ခြေရှိ ရွှံ့နှုန်းအနည်အနှစ်များကိုဖယ်ရှားခြင်း နှင့် ကန်ကို အခြောက်ခံခြင်း
ကန်အောက်ခြေတွင်ရွှံ့နှစ်၊အနည်များ သာမန်ထက်အလွန်များပြားခြင်းသည်
• ကန်ရေတွင် အဆိပ်ဓါတ်ငွေ့များဖြစ်ပေါ်စေသည်။
• ရေထုထဲတွင်အောက်စီဂျင်ပါဝင်မှုလျော့နည်းလာမည်။
• ဆွဲပိုက်ဖြင်ငါးဖမ်းရာတွင်အခက်အခဲဖြစ်စေနိုင်သည်။
ရွှံ့နှစ်၊ အနည်များကိုငါးကန်အောက်ခြေမှ ဖယ်ရှားခြင်း နည်းလမ်း
ငါးကန်ဟောင်း၏အောက်ခြေမှ ပိုနေသည့့် ရွှ့ံ့နှစ်အနည်းများကို ညီညာစွာဖယ်ရှားပါ၊လက်ကျန်
ရွှံ့နှစ်၊အနည်များကိုဖယ်ရှားပြိးနောက် အောက်ခြေနေဇီဝသက်ရှိများ ပေါက်ဖွားရှင်သန်နိုင်ရန် ၆လက်မခန့် ကန်၏အောက်ခြေတွင် ရွံ့နှစ်ကို ချန်ထားရမည်။
မှတ်ချက် - ဆောင်းရာသီကုန်ဆုံးပြီးပါကကန်အောက်ခြေရှိ ရွံ့နှစ်၊အနည်များကို ၂ နှစ် တစ်ခါ (သို့) ၃ နှစ် တစ်ခါ မကြာခဏ ဖယ်ရှားခြင်းဖြင်.ကန်ကိုအခြောက်ခံပါ။

၄။ အသားစားငါများနှင့် မွေးမြူရေးငါးမဟုတ်သည့်ပြင်ပမှငါးများ(သို့)သဘာဝငါးများကို ထိန်းချုပ်ခြင်း
အကယ်၍ မွေးမြူရေးငါးများကို စားသုံးမည့် အသားစားငါး ( ငါးရိုင်း) ကန်အတွင်းရှိနေပါက
• မွေးမြူရေးငါးသားပေါက်များသည် အသားစားငါးများ၏စားသောက်ခြင်းကိုခံရပါမည်။
သားစားငါးတစ်ကောင် အတွက် ၁ ကီလိုဂရမ် (၆၃ကျပ်သား) ကြီးစေရန် မွေးမြူထားသောငါးသားပေါက်များ ၁၀-၁၂ ကီလိုဂရမ် (၁၀ ပိသာမှ ၁၂ ပိသာ) ခန့် စားသုံနိုင်သည်။ ( ဥပမာ - ငါးရံ ၊ ငါးခူ၊ ကကတစ် )
• မွေးမြူငါးများနှင့် အစာယှဉ်ပြိုင်မှုရှိနိုင်သည်။ မွေးမြူငါးများ စားသုံးမည့်အစာ ( ဖြည့်စွက်စားများနှင့် သဘောဝအစာများ) ကို ၎င်းငါးများက စားသုံးနိုင်သည်။
• မွေးမြူရေးငါးများတွင် ရောဂါ ကူးစက်ပြန့်ပွားနိုင်သည်။
အသားစားငါးများများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများကိုဖယ်ရှားနည်း
ဆွဲပိုက်ကိုသုံးပြီးကန်ထဲမှ အထက်ပါငါးများကို အကြိမ်ကြိမ်ဖမ်းဆီးခြင်း (သို့) ကန်အခြေက်ခံခြင်း (သို့)
လ္ဘက်စေ့ကြိတ်ဖတ် (သို့) ဟုမ်းမြစ် သုံးခြင်း( နောက်ဆုံးအဆင့် အနေဖြင့်သာအသုံးပြုရန်)
၅။ ငါးရိုင်းသတ်ဆေးအသုံးပြုခြင်း ( နောက်ဆုံးအဆင့်အနေဖြင့်သာ အသုံးပြုရန်)
ရိုတီနုန်းဆေးအသုံးပြုခြင်း နည်းစနစ်များ
အသုံးပြုမည်. ရိုတီနုုန်းဆေး၏သုံးပုံတစ်ပုံကိုဆေးလုံးများအသွင်ပြုလုပ်ပြိး၊ ကျန်သုံးပုံနှစ်ပုံကိုရေဖြင့်ဖျော်ပါ၊
ဆေးလုံးများကိုကန်အတွင်းနေရာအနှံ့ တစ်လုံးချင်းပစ်ထည့်ပါ။ ထို့နောက်အထက်ပါဆေးဖျော်ရည်ကို
ကန်ရေပြင်ပေါ်အနှံ့ဖျန်းပေးပါ၊ ဆေးဖြန်းထည့်/ဖြန်းပြီး၂၀-၂၅မိနစ်ကြာပါက ငါးရိုင်းများကိုအလွယ်တကူလျင်မြန်စွာ
ဖမ်းယူနိုင်ပါသည်။ မြန်မြန်မဖမ်းယူနိုင်လျှင် ငါးရိုင်းများသည် ပြန်လည် အသက်ရှင်နိုင်ပါသည်။
ရိုတီနုုန်းဆေး (ငါးရိုင်းသတ်ဆေး) အသုံးပြုနိုင်သည့် အချိုးအဆ
ကန်ရေအနက်တစ်ပေ၊ ကန်ဧရိယာ (စတုရန်းပေ ၄၀၀ခန့်) တစ်ဒက်စီမယ်လျှင် ရိုတီနုုန်းဆေး(အဆ)
(၂၅-၃၀) ဂရမ် (၂ ကျပ်သားခန့်) လိုအပ်ပါသည်။ အဆိပ်အာနိသင်ကာလမှာ(၇)ရက်ဖြစ်ပါသည်၊
မှတ်ချက် - (ရိုတီနုန်း)ငါးရိုင်းသတ်ဆေးကိုငါးကန်တွင်ထည်သွင်းခြင်းဖြင့်အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများ (သို့) သဘာဝငါးများကို ဖယ်ရှားနိင်ပါသည်။ အဆိုပါ ငါးရိုင်းသတ်ဆေးအသုံးပြုခြင်းဖြင့် သေဆုံးသွားသည့် ငါးများကိုမူစားသုံးနိုင်ပါသည်။
၆။ ငါးကန်ပြုပြင်ကာလထုံးထည့်ခြင်း
ငါးကန်ထဲထုံးထည့်ခြင်းဖြင့်
• ကန်ရေနှောက်ကျိမှုကို လျှော့နည်းစေသည်
• ချဉ်ဖန်နှုန်းတိုးလာမည်၊
• မြေသြဇာ၏အကျိုးအာနိသင်ကိုတိုးစေပါသည်၊
• ကပ်ပါးကေါင်များ၊အဏူဇီဝပိုးများနှင်ဘက်တီးရိးယားပိုးများကိုပျက်ဆီးစေနိုင်ပါသည်၊
ထုံးထည့်ပုံ နည်းစနစ်များ
ရေနှင့်ဖျော်ပြီးငါးကန်၏အောက်ခြေကြမ်းပြင်နှင့် ငါးကန်ဘောင်(တမံ) နှင့် ငါးကန်ရေပြင်ပေါ် (သို့) မတ်ခွက်(သို့)ဇလုံကိုအသ့ုံးပြု၍ဖြန်းပေးပါ၊ ရိုတီနှုန်းထည့်ပြီး (၁-၂) ရက်အကြာတွင်၎င်းထည့် နိုင်ပါသည်။ ငါးကန်ပြင်ဆင်ချိန် ကာလအတွင်း ဝ.၀၁ ဧက ကန်အတွက် ထုံးကို ၁ ကီလိုဂရမ် ( ၆၃ကျပ်သားခန့်) ဖြူးပေးပါ။
၇။ ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း မြေသြဇာ အသုံးပြုခြင်း
မြေသြဇာကျွေးခြင်းဖြင့်
• သဘာဝငါးစာဖြစ်သည့်ရေညှိ၊ အင်းဆက်ငယ်များ၊ တီကောင်ငယ်များ၊ သံကောင်နှင့် ပိုးကောင်းများ ငါးကန်အတွင်းကြီးထွားဖြစ်ထွန်းစေပါသည်။
မြေသြဇာထည့်သွင်းအသုံးပြုပုံ နည်းစနစ်များ
• တီဆူပါကို တစ်ညသိပ်ရေစိမ်ထားပါ။
• နောက်တစ်နေ့နံနက်နံနက်(၁၀-၁၁)နာရီခန့်တွင် ပုလဲဓါတ်မြေသြဇာကို ရေဖျော်၍ ညသိပ်ရေစိမ်ထားသော တီဆူပါနှင့် ရောစပ်၍ ကန်ရေပြင်အနှံ့ နှံစပ်အောင်ဖြန်းပေးပါ။
ငါးကန်ပြင်ဆင်ချိန်ကာလမြေသြဇာကျွေးမည့် ပမာဏ
• သစ်ရွက်ဆွေး (သို့) နွားချေးခြောက်- ဝ.၀၁ ဧက ကန်အတွက် (၆-၁၀ ကီလိုဂရမ်) ၃ ပိသာ ၇၅ကျပ်သားမှ ၆ ပိသာခန့်
• ယူရိးယား(ပုလဲ) - ဝ.၁ဧက ကန်အတွက် (၁၅၀ဂရမ်-၂၀၀ ဂရမ်/ ၁၀ ကျပ်သားခန့်- ၁၂ကျပ်ခွဲသားခန့်)
• တီဆူပါ ၇၅-၁၀၀ ဂရမ် (၅ ကျပ်သားခန့် - ၆ ကျပ်သားခန့်)

၈။ ငါးကန်ထဲတွင်ရှိသဘာဝအစားအစာကို လက်ကိုအသုံးပြုပြီး သုံးသပ်ခြင်း
• လက်ကိုကန်ရေပြင်ထဲသို့ဒေါင်လိုက်အနေထားဖြင့် တစ်တောင်ဆစ်မြုပ်သည်အထိ စိုက်ထည့်ထားပြီး လက်ဖဝါးကိုဖြန့်ကြည့်ပါ။ လက်ဖဝါးကိုရေပြင်ပေါ်မှ မမြင်ရပါက ရေသြဇာပြည့်ဝနေပြီဟု မှတ်ယူရမည်။ အကယ်၍ လက်ဖဝါးကို မြင်ရပါက ကန်ရေသြဇာနည်းနေပြီဖြစ်ကြောင်း သတ်မှတ်ရပါမည်။ ယင်းသို့ ဖြစ်ပါကမြေသြဇာကိုငါးကန်ထဲသို့ထည့်ပေးသင့်ပါသည်။
မိသားစုတစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း စီမံခန့်ခွဲမှှု အိတ်ဆောင်စာစောင် ( farmer guide book 1)
MYCulture Project
WorldFish-Myanmar
Shwe Toe
လွန်ခဲ့သော ၄ နှစ် ကအတူးတူပဲ သိချင်တယ်
မောင်အောင်အောင်မိုး
လွန်ခဲ့သော ၄ နှစ် ကအလျာ၅၀ အနံ ၁၀ ပေ. အနက်၄ပေးတူလိုရပါသလာခင်ဗျာ
soe
လွန်ခဲ့သော ၅ နှစ် ကငါ့ကိုအဲ့လို
Soe that aung
လွန်ခဲ့သော ၅ နှစ် ကမင်္ဂလာပါခင်များ ငါးကန် ပေ80 50 ကန်တစ်လုံးကိုသဘာဝငါးပြေမဘယ်လောက်ထည့်မွေးလို့ရပါသလဲခင်များ
ညီဇော်
လွန်ခဲ့သော ၅ နှစ် ကကန်အသစ်တူရင် သဘာဝမြေဩဇာ ဓာတ်မြေဩဇာနဲ့ ထုံး စသည်တိုကို ဘယ်အချိန်မျိုးမှာ ထည့်သင့်ပါသလဲ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ငါးကန် ရေနောက်နေလို့ ဘယ်လို လုပ်ဆောင်သင့်ပါသလဲဗျ
မောင်မြတ်မင်း • ဖြေကြားချက် 1 ခု
ရေငန်ကျားပုဇွန် စတင်မွေးမြူမယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ ကန်ပြင်ဆင်ခြင်း ၊ သားပေါက်ထည့်နည်း ရှင်းပြပေးပါလား
Ko Shine • ဖြေကြားချက် 0 ခု
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Ko Min • ဖြေကြားချက် 4 ခု
ဝက်
danulay • ဖြေကြားချက် 1 ခု
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024