မြေဆီလွှာပြန်လည်ကောင်းမွန်ဖို့ Cover Crop စိုက်ကြစို့
Cover Crop ဆိုသည်မှာ ပျက်စီးနေသော မြေသားများ ပြန်လည်ကောင်းမွန်ဖို့အပြင် သီးနှံများ အရင်နှစ် သို့မဟုတ် အရင်ရာသီထက် အထွက်နှုန်းပိုမို ကောင်းမွန်ရန်အတွက် စိုက်ပျိုးကြသော သီးခြားသီးနှံ တစ်မျိုးဖြစ်ပါတယ်။ Cover Cropကို အများအားဖြင့် မြက်မျိုးရင်းဝင်များကို စိုက်ပျိုးကြပါတယ်။ မြက်မျိုးရင်းဝင် အပင်များသည် မြေသားတိုက်စားခံရခြင်းကို ပြန်လည် ထိန်းသိမ်းခြင်း နှင့် မြေဆီလွှာ ဖွံ့ဖြိုးကောင်းမွန်ဖို့ ပြန်လည် တည်ဆောက်ရာတွင် ကူညီပေးပါတယ်။ ဦးကြီးတို့စိုက်ပျိုးနေသော သီးနှံများတွင် နှစ်စဉ်ကျရောက်နေသော ရောဂါများနှင့် ပိုးမွှားများကို ထိန်းချုပ်နိုင်ပြီး ဇီဝမျိုးကွဲများရှားပါးလာခြင်းမှလည်း ကာကွယ်ပေး ပါတယ်။ အများအားဖြင့် Cover Crop ကို ဆောင်းအကျော်တွင် စိုက်ပျိုးကြလေ့ရှိပါတယ်။
Cover Crop စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာ ကို အဓိကပြန်လည် ကျန်းမာစေပါတယ်။ မြေကြပ်ခဲများဖြစ်ပေါ်နေသော နေရာမှ ပေါင်းမြတ်များကို လျှော့ချရန်၊ အကျိုးပြုအင်းဆက် ပိုးမွှားများကို ထိန်းသိမ်း ကာကွယ်ရန်အပြင် မြေအစိုဓာတ်ရရှိ၍ မြေဆီလွှာ ပြန်လည် ထိန်းသိမ်းလိုသော နေရာများမှာ Cover Crop ကို စိုက်ပျိုးသင့်ပါတယ်။ Cover Crop ကို Cash Cropသီးနှံများ ဖြစ်သည့် ကော်ဖီ ၊ကိုကိုး၊ လက်ဖက်၊ ကြံ၊ဝါ၊စပါး၊ ဂျုံနှင့်ပြောင်း စသည့်သီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီး နောက်တွင် အဓိကထား စိုက်ပျိုးသင့်ပါတယ်။ Cover Crop ကို စိုက်ပျိုးရိတ်သိမ်းပြီး၍ နောက်တစ်သီးစိုက်ပျိုးရန် ထွန်ယက်ချိန်တွင် မြေဆီလွှာတွင် စမ်းရှိနေသကဲ့သို့ အစိုဓာတ်တွေရရှိနေတာကို လည်းမြင်တွေ့ရမှာပါ။ ထို့အပြင်အမြစ်နှင့် အပင်အပေါ်ပိုင်း ရှင်သန်ကြီးထွားဖို့ သဘာဝသစ်ဆွေးမြေဩဇာ အဖြစ်ပေါင်းထည့်နိုင်ခြင်းနှင့် မြေကြီးထဲသို့ လုံလောက်သော အာဟာရဓာတ်များ ရရှိခြင်းစတဲ့ အကျိုးကျေးဇူးတွေ ကိုလည်း ခံစား ရစေပါတယ်။ Cover Crop သီးနှံများသည် မြေကြီးအတွင်းရှိနေသော( မြေဆောင်ရောဂါနှင့် အင်းဆက် ပိုးမွှားများ) သီးနှံများအား မဖျက်စီးစေရန် တားဆီးကာကွယ်ပေးပါတယ်။ ထိုမျှသာမက မြေငွေ့ထိန်းပေးခြင်း လုပ်ငန်းစဉ်အပြင် ပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မရှိစေရန်လည်းကူညီပေးပါတယ်။ Cover Crop များစိုက်ပျိုးခြင်းသည် ကျွဲ၊နွားစသော လယ်ယာသုံး တိရစ္ဆာန်များအတွက် စားကျက်မြေကိုပါ ရရှိစေပါတယ်။
Cover Crop သီးနှံများ ကိုစိုက်ပျိုးသည့် အခါအလုပ်သမားခရော အချိန်ရောပါ ထပ်ဆောင်း ကုန်ကျခြင်းကြောင့်တောင်သူအများစု စိုက်ပျိုးကြလေ့မရှိကြသေးပါ။ ယခင်စိုက်ပျိုးသီးနှံကရသည့် ငွေအချို့သည် ဈေးမရသည့်ကတစ်ကြောင်း ဈေးရလာပြန်လျှင်လည်း အင်းဆက်ပိုးမွှားကနှိပ်စက် ၊ရောဂါကနှိပ်စက် ကြားခံပွဲစားကဈေးနှိမ်ခြင်းစသော ဈေးကွက်ပြသနာများကြောင့် မြေဆီလွှာ ပြန်လည် ထိန်းသိမ်းသည့်ဘက် မလှည့်ဖြစ်သေးခြင်း ဖြစ်သည်ဟုမြင်မိပါတယ်။ ထို့အပြင် Cover Crop ကိုစိုက်ပျိုးခြင်းအားဖြင့် ထပ်ပေါင်းထည့်ရသည့်ငွေထက် အလုပ်သမားခများ ပိုပေးနေရ ပါသေးတယ်။ သို့သော်ငြားလည်း ဦးကြီးတို့ပထမရာသီတွင် ရောဂါများပိုးမွှားများ၊ ပေါင်းမြက်များ ဆိုးရွားစွာ ကျရောက်ခဲ့လျှင် ဒုတိယရာသီတွင် Cover Crop ကိုစိုက်ပျိုးကြည့်ကြဖို့ တိုက်တွန်းပါရစေ။
Cover Crop အဖြစ်စိုက်ပျိုးသင့်သောသီးနှံများ
1. လူး၊ဆပ်၊ပြောင်း(millet)
2. ပဲလွန်း(cowpea)
3. ပိုက်ဆံလျှော်(sunnhemp)
4. ဂျူံ(oat)
5. ပန်းဂျူံ(buckwheat)
6. မုယော(barley)
Cover Crop ကို စိုက်ပျိုးမည်ဆိုလျှင် ပဲမျိုးရင်းဝင် အပင်များနှင့် မြက်မျိုးရင်းဝင် အပင်များအား ရွေးချယ်စိုက်ပျိုးခြင်းသည် အကောင်းဆုံးပါ။ Cover Crop စိုက်ပျိုးခြင်းဖြင့် ဉီးကြီးတို့ စိုက်ခင်း မြေဆီလွှာများလည်း ပြန်လည် ကျန်းမာကောင်းမွန်ပြီး အထွက်နှုန်းများ တိုးကာ ဝင်ငွေများ တိုးတက်ကြပါစေ။
Reference:
https://www.treehugger.com/definition-of-cover-crop-3016953
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Tun Tun Naing
လွန်ခဲ့သော ၃ နှစ် ကငရုတ်ပင်တွေကအသီးတွေအရွက်တွေကြွေကြနေလိုဘာဆေးသုံးရမလဲ
ခင်ချိုမြင့်
လွန်ခဲ့သော ၃ နှစ် ကမြေကြီးကနုံးမြေအမျိုးအစားဖြစ်နေလို့ဘာစိုက်ရင်ကောင်းမလည်းသိပါရစေခင်ဗျာ
ဦးသိန်းရ
လွန်ခဲ့သော ၅ နှစ် ကမျိုးကြောင့်ဖြစ်မယ်
khinwin
လွန်ခဲ့သော ၅ နှစ် ကထုံးထဲယင်ကောင်လာ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစက်နဲ့ထွန်ယက်ပြီးပြောင်းစိုက်တာအပင်တွေလုံးဝမကြီးထွားဘဲလှီပြီးအဖူးမဖူးဘဲသေကုန်တယ် ဘာကြေင့်လဲ ဘာဆက်လုပ်သင့်လဲသိသူတွေလမ်းပြကြပါဦး
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....