စားမှိုများမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့်ထုတ်ကုန်များ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၄)
စားမှိုများမှ တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည် (၁)
ရည်ရွယ်ချက်
မှိုများသည် ဆေးဖက်ဆိုင်ရာအရည်အသွေးနှင့် အာဟာရဓာတ် တန်ဖိုးကြွယ်ဝသဖြင့် တစ်ပိုင်တစ်နိုင် တန်ဖိုးမြင့်စားသောက်ဖွယ်ရာများနှင့် စက်ရုံသုံးတန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ဖြစ်သည်။
ထုတ်လုပ်နိုင်သည့် တန်ဖိုးမြင့်ပစ္စည်းအမျိုးမျိုး
၂၁ ရာစုတွင် နိုင်ငံတကာသည် စားမှိုများ၏ဆေးဖက်ဆိုင်ရာအည်အသွေးနှင့် အာဟာရတန်ဖိုးကို သိရှိလာသဖြင့် စားမှိုများကို စိတ်ဝင်စားလာကြသည်။ သိုသော် မှိုစိုက်ပျိုးထုတ်လုပ်ချိန်တွင် ထွက်လာသောမှို၏ ၅ ပုံ ၁ ပုံသည် အလေအလွင့်များဖြစ်သွားလေ့ရှိသည်။ စိုက်ပျိုးရေးနှင့် စက်ရုံများမှ ဘေးထွက်ပစ္စည်းများစုပုံလာသည်နှင့်အမျှ ပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိလာခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြေအောက်ရေညစ်ညမ်းပြီး သဘာဝအရင်းအဖြစ်များ ပျောက်လာနိုင်သည်။ ဘေးထွက်ပစ္စည်းများစုပုံခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမြင့်လာခြင်းကို ကာကွယ်ရန် အလေအလွင့် အကြွင်းအကျန်များ ပြန်လည်အသုံးချသော တပတ်လည်စီးပွားရေးကွင်းဆက် လိုလာသည်။ စုပုံလာသော အကြွင်းအကျန် အလေအလွင့်များတွင် စတီရော၊ ဗိုက်တာမင်ဒီ၊ အမိုင်နိုအက်ဆစ်နှင့် ပေါ်လီဆက်ခရိုက် ကြွယ်ဝသဖြင့် ဖြည့်စွက်အသုံးပြုနိုင်သည့် အရည်အသွေးရှိသည်။ ပြန်လည်အသုံးချနိုင်သော လမ်းကြောင်းများရှာဖွေလာကြသည်။ အထူးသဖြင့် ဘိုင်အိုအက်တစ်ကွန်ပေါင်းများကို ခွဲထုတ်အသုံးချရန် ဦးတည်လာသည်။ ယခုအချိန်တွင် မှိုနှင့် အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြပြီဖြစ်သည်၊
မည်သို့ဆိုစေ မှိုများ၊ အကြွင်းအကျန်များမှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မှုအတွက် စိန်ခေါ်မှုများရှိ နေဆဲဖြစ်ပါသည်။ သုတေသနများဆက်လက်လုပ်ဆောင်ရန်လည်း လိုအပ်နေသေးသည်။
တန်ဖိုးမြင့်ပစ္စည်းအဖြစ်ပြန်ထုတ်နိုင်သော မှိုသိမ်မှိုနုတ်များနှင့် စားမှိုစိုက်ပြီးကျန်နေသော ပွားစာဟောင်း ဘေးထွက်ပစ္စည်းများ

မှိုစိုက်ပျိုးရာမှ ရလာသော မှိုသိမ်မှိုနုတ်များ၊ မှိုရိုးတန်စသည့် မှိုမျိုးပွားအင်္ဂါများသည် ဘေးထွက်ပစ္စည်းများဖြစ်သည်။ မှိုထွက်နှုန်း၏ ၅-၂ဝ%ခန့် ထွက်လာလေ့ရှိသည်။ ၎င်းတို့ကို အာဟာရအတွက် ဖြည့်စွက်အစားအစာနှင့် ဆေးဝါးများတွင် အသုံများသည်။
ပွားစာဟောင်း (Spent Mushroom Substrate , SMS ) ဖြစ်သည့် ဘေးထွက်ပစ္စည်းများကလည်း မှို ၁ ကီလိုဂရမ် ထွက်တိုင်း ဘေးထွက်ပစ္စည်း အစိုချိန် ၅-၆ ကီလိုဂရမ် ထွက်လာတတ်သည်။ စားမှိုစိုက်ပြီးပွားစာဟောင်းများမှ ထုတ်နိုင်သော အင်ဇိုင်းများသည် တန်ဖိုးနည်းပစ္စည်းများအဖြစ် ပြန်ထုတ်နိုင်သည်။ ၎င်းအင်ဇိုင်းများတွင် ဖြည့်စွက်ပစ္စည်းများ ထည့်ပေးပါက တန်ဖိုးမြင့်ပစ္စည်းအဖြစ် ပြန်ထုတ်နိုင်သည်။
စားမှိုနှင့် ဘေးထွက်ပစ္စည်းအကြွင်းအကျန်များကို စက်ရုံများတွင် ပြန်အသုံးချခြင်း

စားမှိုအခြေခံပြီး ထုတ်လုပ်နိုင်သော စက်ရုံထုတ်တန်ဖိုးမြင့်ထုတ်ကုန်များ

ကိုးကား
Antunes F. et al. Valorization of Mushroom By-Products as a Source of Value-Added Compounds and Potential ApplicationsMolecules 2020, 25, 2672; doi:10.3390/molecules25112672.
Kumar, H.; Bhardwaj, K.; Sharma, R.; Nepovimova, E.; Cruz-Martins, N.; Dhanjal, D.S.; Singh, R.; Chopra, C.; Verma, R.; Abd-Elsalam, K.A.; et al. Potential Usage of Edible Mushrooms and Their Residues to Retrieve Valuable Supplies for Industrial Applications. J. Fungi 2021, 7, 427. https://doi.org/ 10.3390/jof7060427
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးဈေး
MOUNG AUNG PAING • ဖြေကြားချက် 1 ခု
ပီလောပီနံေချာမှုန့်ဈေးနှုန်းသိချင်လို့ပါ ဘယ်ဈေးပေါက်နေသေးလဲသိချင်ပါတယ်
Ab • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024