လက်ဖက်ခြောက် ပြုလုပ်နည်း (Green Tea Processing Pressed)
၁။ လက်ဖက်ခူးခြင်း (Picking)
လက်ဖက်ခူးရာတွင် အချိန်သည် အဓိက ကျပါသည်။ နံနက် (၁၀)နာရီအတွင်း အချိန်မီ လက်ဖက်ခူးခြင်းသည် လက်ဖက် အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ ညင်သာစွာ နှစ်ရွက်တစ်ညွန့် ခူးယူပါ။ (၄-၅) ညွန့်ခူးပြီးတိုင်း အိတ်ထဲထည့်ပါ။ သို့မှသာ လက်ဖက်ညွန့်များအား ဖိမိခြင်းမှ ကာကွယ်နိုင်မည်။ အိမ်ရောက်လျှင် ခူးလာသော လက်ဖက်ညွန့်များကို သတိပြု လျင်မြန်စွာ လေသလပ်ခံဖြန့်ထားပါ။
၂။ လက်ဖက်လှော်ခြင်း (Withering)
လက်ဖက်အရောင် ကွဲပြားခြင်းသည် လက်ဖက် လှော်ချိန်နှင့် လက်ဖက်နယ်ချိန်ပေါ် များစွာ မူတည်ပါသည်။ ခူးလာသော လက်ဖက်ညွန့်များကို ပထမဦးစွာ အရိပ်တွင် ဖြန့်လှန်းပါ။ ထို့နောက် လက်ဖက်ကို ဒယ်အိုး၏ အပူချိန် (၇၀ ဒီဂရီစင်တီဂရိတ်) ရှိချိန်က̈ (၂-၃ မိနစ်) ခန့်လှော်ပါ။
၃။ လက်ဖက်လှိမ့်ခြင်း (Rolling and Drying)
လှော်ပြီးသော လက်ဖက်များကို စက်(သို့မဟုတ်) လက်ဖြင့် လှိမ့်နယ်ပါ။ စက်ဖြင့်နယ်ပါက အညွန့်များသည် တစ်ဖက်တည်းသို့သာ ညီညာစွာ လိပ်နေသည့်အတွက် အရည်အသွေးကို ပိုမို ကောင်းမွန်စေသည်။ အမြင်ကိုလည်းဖမ်းစားနိုင်သည်။ စက်(သို့) လက်ဖြင့်နယ်ထား သော လက်ဖက်များကို နေရောင်တွင် လှန်းပါ။ နေရောင်တွင်လှန်းခြင်းဖြင့် လက်ဖက် အရောင်ကို ပိုမိုတောက်ပ လာစေသည်။
၄။ လက်ဖက်ညွန့်ရွေးခြင်း (Sorting)
လက်ဖက်အရွက်အကြီးများ၊ ဝါနေသော လက်ဖက်အညွန့်များ ကို ရွေးပေးခြင်းဖြင့် လက်ဖက်အညွန့်လေးများ အရွယ်အစားညီနေသည့် အတွက်
လက်ဖက်ကိတ်ကို ပိုမိုကြည့်ကောင်းခြင်း၊ လက်ဖက်အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။
၅။ သိုလှောင်ခြင်း (Storage)
အစိုဓာတ်မပြန်စေရန်အတွက် အစိုဓာတ်မရှိအောင် အခြောက်ခံထား ရမည်။ အနံ့များ စုပ်ယူမှုမရှိစေရန်အတွက် လေလုံသော ပလပ်စတစ်အိတ်ခွံများဖြင့် ထုပ်ပိုးထားရမည်။
Ref: လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ အရည်အသွေးနှင့် ဈေးကွက်မြှင့်တင်ရေး စီမံကိန်း လက်ကမ်းစာစောင်မှ (CARE International in Myanmar)
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....