အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချိုချိုချဉ်ချဉ် လိမ္မော်ဝိုင်

ချိုချိုချဉ်ချဉ် လိမ္မော်ဝိုင်

စာဖတ်သူများအားလုံး မင်္ဂလာပါ။ ကျွန်တော်ရေးတဲ့ ဆောင်းပါးအများစုဟာ တန်ဖိုးမြင့်ထုတ်ကုန်အကြောင်းရေးရင် ဝိုင်ထူးထူးဆန်းဆန်းတွေလုပ်ရတာမျိုးကို အရမ်း သဘောကျတာ ဖြစ်တဲ့အတွက် ကြားဖူးနေကျမဟုတ်တဲ့ လုပ်နည်းလေးတွေ ရေးဖြစ်ပါတယ်။ တကယ်လည်း လုပ်ပြီးစမ်းဖြစ်တယ်။ တကယ်လည်း သောက်လို့ရတာမို့လို့ ထပ်ပြီးမျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်း

- လိမ္မော်သီး ခပ်သင့်သင့် ၁၅လုံး

- သကြားဖြူ ၁.၅ ကီလိုဂရမ်

- လိမ္မော်ဖျော်ရည် ပုလင်း၂ဖုံး

- တစေးလုံး ၁ လုံးခွဲ (ရှိတဲ့အမှုန့်ပဲသုံးမယ်ဆို ၅ကျပ်သား ၀န်းကျင်ထည့်ရန်)

ပထမဦးစွာ လိမ္မော်သီးတွေကို အခွံခွာပါ၊ အခွံခွာတဲ့နေရာမှာ အောက်က အဖြူသားတွေပါပြောင်စင်နေအောင်ခွာဖို့ အရေးကြီးပါတယ်၊ ခါးတာကြိုက်ရင်တော့ ထည့်ပေါ့လေ။

ဒုတိယအဆင့်အနေနဲ့  ခွာပြီးသား လိမ္မော်သီးအမြှောင်းတွေကို သေချာဓားနဲ့ခြမ်းလိုက်ပါ။ ထို့နောက် အားလုံးကို အဖုံးပါတဲ့ စတီးဇလုံထဲကိုထည့်ပါ၊ ပွက်ပွက်ဆူထားတဲ့ ရေနွေးကိုမျှတစွာလောင်းပြီး ၁ ရက်ကြာအထိ အဖုံးပိတ်လိုက်ပါ။ ၁ ရက်ပြည့်တဲ့အခါ ဇွန်းသန့်သန့်နဲ့  ကြိတ်ချေပါ။

တတိယအဆင့်အနေနဲ့ သကြားရည် ကျိုလိုက်ပါ။ ကျိုပြီးသားသကြားရည်ကို အချဉ်ဖောက်မဲ့ (Fermentation) လုပ်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်နိုင်တဲ့ ထည့်စရာဗူးတစ်ခုမှာ အချဉ်ဖောက်ခြင်းလုပ်ငန်းစတင်ပါ။ အဲ့ထဲကို အရင်ရက်က ကြိတ်ချေပြီးသား လိမ္မော်သီးဖတ်နဲ့ အရည်တွေအပြင် ပြင်ပက လိမ္မော်ဖျော်ရည် ၂ ဇွန်းနဲ့အတူ တစေးအပါအ၀င်‌ ရောနှောထည့်ပါ။ လိ‌မ္မော်အဖတ်တွေကို စစ်ပြီးထည့်ပါ။ မစစ်ဘဲထည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ရက်သတ္တပတ် ၂ ပတ်ခန့် အကြာမှာ အချဉ်ဖောက်ထားတဲ့ဗူး/ပုလင်းထဲက လေပူပေါင်းတွေထုတ်တာ ရပ်သွားတဲ့အချိန်မှာတော့ Racking လို့ ခေါ်တဲ့ ကဲ့ထုတ်/ခြင်း စတင်လုပ်ရပါမယ်။

အရောင်တွေကြည်လာသည်အထိ စစ်ပါ။ ထို့နောက် ဆွဲဆောင်မှုရှိရှိ ချိုချိုလေးဖြစ်တဲ့ လိမ္မော်ဝိုင်ကို ရက်သတ္တပတ် ၃ ပတ်မြောက်မှာ သောက်သုံးနိုင်ပြီဖြစ်ပါတယ်။ 

ပြည့်ဖြိုးသော် (B.Agr.Sc ၊Soil and Water Science)

ဖေယွမ်း

ဖေယွမ်း

လွန်ခဲ့သော ၄ နှစ် က

တ‌ဆေးဘယ်မှာ၀ယ်လို့ရမလည်း

ဦးခင်မောင်ဦး

ဦးခင်မောင်ဦး

လွန်ခဲ့သော ၅ နှစ် က

တဆေးဝယ်လို့မရလို့ဘယ်ဆိုင်တွေရောင်းတာလဲဗျ

You

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။