ရှောက်ယိုထိုးနည်း
လိုအပ်သောပစ္စည်းများ
ရှောက်သီး - ၂၀ ကျပ်သား
သကြား - ၁၅-၂၀ ကျပ်သား
မှတ်ချက်။ ။ ရှောက်သီးနှင့်သကြားကို ဆတူရော၍ (သို့)သကြားကိုနည်းငယ်(၁/၄) လျှော့၍ ပြုလုပ်နိုင်သည်။
ပြုလုပ်နည်း
အဆင့် ၁
ရှောက်သီးကို ရေဆေးပါ။ ရေဆေးရာတွင် ဆားကြမ်းပွတ်၍ဆေးကာ အခြောက်ခံပါ။
ထို့နောက် ထပ်ခြမ်းခြမ်း၍ အစေ့ထုတ်ကာ ခပ်ပါးပါးလှီးဖြတ်ပါ။ ယိုထည့်မည့် ပုလင်းကို ရေနွေးဖြင့် ခဏပြုတ်ထားပြီး အခြောက်ခံထားပါ။
အဆင့် ၂
လှီးဖြတ်ထားသော ရှောက်သီးများကို အိုးထဲထည့်ပြီး ရေကို ရှောက်သီးများမြုပ်သည်အထိထည့်ကာ မီးဖိုတွင်ဆူပွက်သည်အထိ တည်ပါ။ ထို့နောက်မီးဖိုပေါ်မှချကာ ရေများကို သွန်ပြီး ရေအသစ်ထပ်ထည့်၍ ဒုတိယအကြိမ်ဆူပွက်သည်အထိတည်ပါ။ ထို့နောက် ရှောက်သီးခွံအနေအထားကိုစမ်း၍ ရှောက်သီးခွံပျော့လာပါက မီးဖိုမှချကာ ရေစစ်ထားပါ။
အဆင့် ၃
ဒယ်အိုးတစ်ခုကိုယူ၍ သကြားနှင့်ရေထည့်ကာ သကြားပျော်ဝင်သည်အထိ ကြိုပါ။ ထို့နောက် ရေစစ်ထားသောရှောက်သီးများထည့်၍ ညောင်စေးကျသည်အထိ ကြိုပါ။ ပန်းကန်ပြားတစ်ခုကိုယူ၍ ယိုအနည်းငယ်ထည့်ပြီး ဟိုဘက်ဒီဘက်စောင်းကြည့်ပါ။ ယိုများကျမသွားဘဲ ပန်းကန်ပြားတွင်ကပ်နေပါက မီးဖိုမှချနိုင်ပါပြီ။ အခြောက်ခံထားသောပုလင်းထဲသို့ ပူနေသောအချိန်တွင်ထည့်ပြီး အအေးခံကာ စားသုံးနိုင်ပါသည်။ အခန်းအပူချိန် သို့ ရေခဲသတ္တာတွင်သိမ်းဆည်းနိုင်ပါသည်။
ဖြိုးသဥ္ဇာကျော်
ကိုးကား- YouTube
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကyes
ဖြိုးဝေမင်း
လွန်ခဲ့သော ၅ နှစ် ကရှောက်သီးက အမှည့်လုပ်ရတာလား ခင်ဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး