အိမ်တွင်အလွယ်တကူ ပြုလုပ်နိုင်သော ငရူတ်သီးဆော့( ငရုတ်ဆီ)
ငရုတ်သီးကို အလေအလွှင့်မဖြစ်အောင် ဆော့များပြုလုပ်ပြီး နှစ်နဲ့ချီသိမ်းဆည်း ထားနိုင်ပြီး အိမ်တွင်းမှုလုပ်ငန်း တစ်ခုအနေနဲ့လည်း ငရုတ်သီးဆော့များကို ပြုလုပ်ရောင်းချနိုင်ပါတယ်။ ငရုတ်သီးဆော့ကို မိမိကြိုက်နှစ်သက်သလိုအရသာ ပြင်ဆင်လို့လည်း ရတယ်နော်။ ကဲ စလုပ်ကြည့်ရအောင်နော်…..
လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ငရုတ်သီးအခြောက်တောင့် (၁.၅) ကျပ်သား
၂။ ကြက်သွန်ဖြူ (ဝ.၅) ကျပ်သား
၃။ ချင်း(ဂျင်း) (၁) တက် (လက်နှစ်ဆစ်ခန့်)
၄။ ရေသန့် (၁.၅) လီတာ
၅။ ရှာလကာရည် (၁) ထမင်းစားဇွန်း
၆။ ကော်မှုန့် (၁) ထမင်းစားဇွန်း
၇။ ဆား ထမင်းစားဇွန်း တစ်ဝက်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ငရုတ်သီးတောင့်များကို ရေနွေးပူပူတွင် (၃) မိနစ်ခန့်စိမ်ပြီး အနည်းငယ်ပျော့လာလျှင် ဆယ်ယူထားပါ။ ငရုတ်သီးတောင့်များကို ဆယ်ပြီး ခဏအအေးခံပါ။ အအေးခံထားသော ငရုတ်သီးများကို Blender (ကြိတ်စက်) ထဲထည့်၍ ရေ (ဝ.၅) လီတာ နှင့် ရောပြီး ကြိတ်ပါ။ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) ကိုနွှာပြီး ရောကြိတ်ပါ။ ကြိတ်ထားပြီးသားတွေကို ခွက်တစ်ခွက်ထဲထည့်ထားပါ။
၂။ ရေတစ်လီတာကို ဒယ်အိုးထဲထည့်ပြီး ပူလာအောင်တည်ပါ။ ပူလာပြီဆိုရင် သကြားထည့်ပြီး ကျိုပါ။
၃။ ဆားအနည်းငယ်ထည့်ပါ။
၄။ ကော်မှုန့်ကို ထည့်ပြီးမွှေပေးပါ။
၅။ ရောကြိတ်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) တို့ကိုထည့်မွှေပါ။ သကြားရည်ညောင်စီးကျသလောက် အခြေအနေရှိလျှင် ရှာလကာရည်ကို မိမိလိုအပ်သလို အချဉ်ကြိုက်လျှင် ရှာလကာရည်ပိုထည့်ပါ။ ခပ်ပြစ်ပြစ်အနေအထားရောက်ပါက မီးလျှော့ပြီးဆက်တိုက်မွှေပေးပါ။ ပြီးရင်တော့ မီးဖိုမှ ချနိုင်ပါပြီ။
ငရုတ်သီးဆော့ကို အချဉ်ကြိုက်တတ်ရင် ရှာလကာရည်ကို ပိုထည့်ပေးနိုင်ပါတယ်။ အချိုကြိုက်တတ်သူများကတော့ သကြားကို မိမိကြိုက်သလောက် ပိုထည့်နိုင်ပါတယ်နော်။ ငရုတ်သီးဆော့ကို ခေါက်ဆွဲကြော်နဲ့ပဲစားမလား ဒါမှမဟုတ် ကြက်ကြော်၊ ကြက်ကင်၊ အကြော်နဲ့ပဲ စားကြမလား နှစ်သက်ရာနဲ့ အဆင်ပြေတယ်နော်။
ဇွန်ပွင့်ဖြူ
Aung Thu
လွန်ခဲ့သော ၄ နှစ် ကhi
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇွန်ပွင့်ဖြူ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....