သရက်သီးဂျယ်လီချိုချဉ်ပြုလုပ်နည်း
သရက်သီးမှည့်ပေါတဲ့ရာသီရောက်ပြီ Covid ကာလမို့ စျေးကွက်မရှိဖြစ်နေပါသလား? သရက်သီးအမှည့်တွေကို အလိုက်သင့်ပြောင်းလဲရောင်းချနိုင်ဖို့ နည်းလမ်းလေးဖော်ပြလိုက်ရပါတယ်ဗျ။
သရက်သီးရဲ့ ပင်ကိုယ်အရသာနဲ့ ပုံစံလှလှလေးလည်းဖြစ်သလို အကြာကြီးလည်းအထားခံတော့ စျေးကွက်အတွက်ပိုအဆင်ပြေနိုင်ပါတယ်ဗျ။
ပါဝင်ပစ္စည်းများ
- သကြား
- ရေ
- သရက်သီးမှည့်
- Blender (ကြိတ်စက်)
- ထည့်စရာခွက်
လုပ်ဆောင်ပုံအဆင့်ဆင့်
ပထမအဆင့်
ပထမဦးစွာ သရက်သီးအမှည့် ကို ဓားဖြင့်လှီး၍ Blender ထဲထည့်ပါ။ ထို့နောက် ရေတစ်ခွက် (သောက်ရေခွက်)ထည့်၍ ကြိတ်ခွဲပါ။ ကြိတ်ခွဲပြီးပါက ရေတစ်ခွက်ထပ်ထည့်၍ မွှေပေးပါ။ ၎င်းအရောနှောအရည်များကို ခွက်တစ်ခွက်ထဲသို့ ရေစစ်ဖြင့် စစ်ယူပါ။ (ကြိတ်စက်မရှိပါက ဓားနဲ့နုတ်နုတ်ဆင်းပါ။ အမျှဉ်များအဖတ်များပျောက်သည်ထိ အနည်းငယ်ပိုကျိုရမည်ဖြစ်သည်။)
ဒုတိယအဆင့်
မီးအပူပေးထားသော ဒယ်အိုးထဲသို့ သကြား (၁၀) ဇွန်းထည့်၍ ရေတစ်ခွက်ထည့်ကာ ဆူပွက်သည့်တိုင်အောင် မွှေပေးပါ။ ဆူပွက်ပါက စစ်ယူထားသော သရက်သီးအရည်များကိုထည့်၍ မွှေပေးပါ။ ထို့နောက် ဆားအနည်းငယ်ထည့်၍ (၅) မိနစ်လောက် ရောသွားအောင် သေချာမွှေပေးပါ။ (၅)မိနစ်ခန့် မွှေပေးပြီးပါက မီးဖိုပေါ်မှချ၍ အအေးခံထားပါ။
တတိယအဆင့်
အအေးခံထားသော အရောအနှောအရည်များကို မိမိပုံဖော်ချင်တဲ့ ပလတ်စလစ်ကတ်များထဲသို့ လိုက်ထည့်ပါ။ ထို့နောက် မိနစ်(၃၀)ခန့် အအေးခံပြီးပါက သရက်သီးဂျယ်လီများကို ပုံစံကတ်ထဲမှ ထုတ်ယူနိုင်ပါပြီဗျ။
ထုတ်ပိုးမှုပုံစံတစ်ခုခုနှင့် သေသေသပ်သပ်ပြုလုပ်ကာ ရောင်းချမည်ဆိုပါက သရက်သီးများအလေလွင့်မဖြစ်စေဘဲ ဝင်ငွေရစေမည့် နည်းလမ်းဖြစ်ပါသည်။ သရက်ပြင်၊ သရက်သီးယိုတွေ လုပ်စားရတာ ငြီးငွေ့လာပြီဆို အသစ်အဆန်းလေးအနေနဲ့ သရက်သီးဂျယ်လီ ပြောင်းလဲလုပ်စားကြည့်လို့ရတာပေါ့။ တီထွင်ကြံစ တိုးတက်နိုင်ကြပါစေဗျာ။
ထွန်းရာဇာ
Ref; https://www.youtube.com/watch?v=cbtzR6EM8kY
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ထွန်းရာဇာ
အားလုံး