လွယ်ကူ ရိုးရှင်းတဲ့ သရေစာ
ပျင်းပျင်းရှိ စားဖို့သောက်ဖို့လောက်တွေးနေတဲ့ ကိုယ်တွေလို လူတွေရှိလား။ ရှိရင် ဆက်ဖတ်ပါဗျ…..
ကြွပ်ကြွပ်ရွရွ ကြက်သွန်ကွင်းကြော်လေးတွေ အိမ်မှာပဲ ကိုယ်တိုင်လုပ်ကြနိုင်ဖို့အတွက်ကို တင်ဆက်ပေးလိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
ကြက်သွန်ဥ ကြီးကြီး (တရုတ်ကြက်သွန်လို့ ခေါ်ကြပါတယ်နော်။ မမွှန်ဘူး၊ အနံ့မဆိုးဘူး)
မုန့်ဖုတ်ဆော်ဒါ (Baking Soda)
ဆား
Paprika ( ငရုတ်ကထုတ်ထားတဲ့အမှုန့်ပါနော်၊ အဲ့နာမည်နဲ့ပဲ ရှာဝယ်လို့ရပါတယ်)
ကြက်ဥ
နို့
ငရုတ်ကောင်း
ပေါင်မုန့်ခြောက် (ကုန်တိုက်တွေမှာရှိပါတယ်နော်၊ ကပ်ပြီးတော့ ကြော်ဖို့ပါ)
လိုအပ်တာတွေ ပြီးပြီဆိုရင် နောက်ထပ်လုပ်ကြမဲ့အဆင့်ကို သွားကြမယ်။
အဆင့်(၁) ။ ။ ကြက်သွန်ခွာမယ်။ လှီးမယ်။ ပညာသား ပါပါတယ်နော်။ အကွင်းလိုက်လေးတွေဖြစ်အောင်လို့ လှီးရမှာပါ။ ခဲတံလုံး အထူလောက် (တစ်လက်မရဲ့ လေးပုံ တစ်ပုံ) လောက် လှီးပြီးတော့ အကွင်းလေးတွေကို ညီညီညာညာလေး စီထားပေးပါ။ အသေးလေးတွေ လုံးဝကွင်းမဖြစ်တာကိုကျတော့ ဟင်းချက်ရင် သုံးလိုက်ပါ။
အဆင့် (၂) ။ ။ အရသာမှုန့်၊ မုန့်ဖုတ်ဆော်ဒါ၊ ဆားနဲ့ ပါပရီကာ ကို ထည့်ပြီး သမအောင်မွှေထားပေးရမယ်။ ပါပရီကာ မရနိုင်ဘူးဆိုရင်တော့ ငရုတ်သီး မှုန့်မှုန့်လေးတွေ သုံးပေးလို့ရပါတယ်။ ပြီးတော့ ကြက်သွန်ကွင်းလေးတွေကို အမှုန့်ထဲကိုရောမွှေပြီးတော့ ပြန်ဆယ်ထားပေးပါ။
အဆင့်(၃) ။ ။ နွားနို့၊ ကြက်ဥ ရယ် ငရုတ်ကောင်းရယ် တို့ကို ထည့်ခလောက်။ သမပြီဆိုရင်တော့ ခုဏက ကြက်သွန်ကွင်းလေးတွေကို ထည့်ပြီး ပြန်ဆယ်။ နောက် ပေါင်မုန့်လေးတွေ ထည့်ထားတဲ့ ဗန်းထဲမှာ ထည့်၊ ကပ်ပြီဆိုရင် ကြော်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
အဆင့်(၄) ။ ။ အဆင်သင့်ဖြစ်နေတဲ့ ကြက်သွန်ကွင်းလေးတွေကို ဆီအိုးထဲထည့်ကြော်ရမဲ့အဆင့်ပါ။ ရွှေရောင်သန်းပြီး ကြွပ်နေပြီဆိုရင်တော့ အချဉ်လေးနဲ့ တို့စားဖို့အတွက် အဆင်သင့်ဖြစ်ပြီပေါ့။ ဆီမကြိုက်ရင် ဆီစစ်ပြီးတော့မှ စားပါပေါ့နော်။
ကဲ အားလပ်ရက်တွေကလည်း ရှိလာဦးမှာဆိုတော့ ဒီနည်းလမ်းလေးကို သိမ်းထားပြီးတော့ အိမ်မှာ မိသားစုနဲ့ လုပ်စားဖို့၊ ကလေးတွေကျွေးဖို့၊ ရုပ်ရှင်ကြည့်ရင်းစားဖို့ စတဲ့ အကြောင်းအရင်းများစွာအတွက် အသုံးချလို့ရပါပြီနော်။
ထွန်းဝင်းကျော်
https://www.bing.com/search?q=onion+ring+making&pc=MOZI&form=MOZLBR
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026