ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
ယခုကာလသည် စိမ်းစားဥများပေါပေါလောလောရရှိသောရာသီဖြစ်ပါသည်။ စိမ်းစားဥသည်အာလူးနှင့်မျိုးနွယ်တူသော်လည်း ရှင်သန်ကြီးထွားမှုပုံစံသည် ပဲပင်နှင့်ဆင်သောကြောင့် တစ်ချို့အရပ်များတွင်ပဲစိမ်းစားဥဟုခေါ်ဝေါ်ကြပါသည်။ စိမ်းစားဥကို ပုံမှန်သစ်သီးကဲ့သို့ပင်စားသုံး၍ရရုံသာမက ကြော်စား၍လည်းရပါသေးသည်။ ထို့ကြောင့်စိမ်းစားဥကြော်နည်းနှင့် သတ်သတ်လွတ်စိမ်းစားဥကော်ပြန့်လုပ်နည်းအဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။
ပါဝင်ပစ္စည်းများ
- စိမ်းစားဥ
- ဆီ
- ဆား နှင့်အချိုမှုန့်(သို့)အရသာမှုန့်
- နနွင်း
ပထမဦးစွာ စိမ်းစားဥကိုအခွံနွှာပြီး ရေစင်အောင်ဆေးပေးရပါမည်။ ပြီးနောက်အနေတော်အရွယ်အစားရအောင်လှီးပေးရပါမည်။ ပြီးလျှင်ဆားနှင့်အချိုမှုန့် (သို့မဟုတ်)ကြက်သားမှုန့်၊ နနွင်းမှုန့်များထည့်ပြီးနယ်ပေးရပါမည်။ ပြီးလျှင်ဆီပူပူ၍ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးရပါမည်။ ပြီးလျှင်ဆီစစ်ပြီးအရသာရှိသောစိမ်းစားဥကြော်ကို သုံးဆောင်နိုင်ပါပြီ။
သတ်သတ်လွတ်စိမ်းစားဥကော်ပြန့်ကြော်
ပါဝင်ပစ္စည်းများ
- စိမ်းစားဥ
- ပဲပင်ပေါက်
- ကြက်သွန်နီ
- မုန်လာဥနီ
- ဂေါ်ဖီ
- အချဉ်ရည်
- ကော်ပြန့်ရွက်
- ကြက်သားမှုန့်
- ငရုတ်ကောင်း
ပထမဦးစွာ စိမ်းစားဥများကိုအခွံနွှာ ရေဆေးပြီး အချောင်းငယ်လေးများပုံစံရအောင် လှီးပေးရပါမည်။မုန်လာဥနီများကိုလည်း ထိုနည်းအတိုင်းလှီးပေးရပါမည်။ ကြက်သွန်နီကိုအတုံးသေးသေးလေးများရအောင်တုံးပေးရပါမည်။ ပဲပင်ပေါက်ကိုလည်း ရေစင်စင်ဆေးပေးရပါမည်။ ဂေါ်ဖီကိုလည်း အနေတော်အရွယ်အစားရအောင် လှီးပေးရပါမည်။ အားလုံးလုပ်ပြီးပါက ကြက်သားမှုန့်နှင့်ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး နယ်ပေးရပါမည်။ ပြီးလျှင်ကော်ပြန့်ရွက်ဖြင့် လိပ်ပေးရပါမည်။ လိပ်ရာတွင်ကျစ်နေအောင်လိပ်ပေးရပါမည်။ ထို့နောက်ဆီပူပူတွင်မီးအေးအေးဖြင့်ရွှေအိုရောင်သန်းသည်အထိကြော်ပေးရပါမည်။ ပြီးလျှင်ဆီစစ်ပြီးကြိုက်နှစ်သက်ရာအချဉ်ရည်ဖြင့်သုံးဆောင်နိုင်ပါပြီ။
အရသာရှိလှတဲ့ စိမ်းစားဥကို ဒီနည်းလမ်းတွေနဲ့လည်း လုပ်စားကြည့်ကြပါဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyan Thant Zin
အားလုံး