သီးတောင့်ဝင်ချိန် ရေသွင်းမိလို့ မတ်ပဲပင်ရော်ကျသွားတယ်.. ဆရာ
ဆောင်းသီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးစတဲ့သီးနှံတွေမှာ မြေကြီးအစိုဓာတ်နဲ့သာ ရှင်သန်ကြီးထွားရပါတယ်။ (ရေသွင်းရတဲ့ အချိန်အခါမဟုတ်ပါဘူး။)
မြေဆီလွှာရဲ့ သဘာဝအရ မြေအောက် အစိုဓာတ်ရှိရာ underground water levelမှသည် အပင်ရဲ့ အမြစ်ဆီကို ဆံချည်ပြွန်လေး( capillary tubes) တွေကတဆင့် ရေငွေ့ ထုတ်ပေးလေ့ရှိပါတယ်။
မြေလုံရင် လုံသလို(ထွန်ရေးညက်ရင် ညက်သလို) အစိုဓာတ်ကြာရှည်စွာထိန်းပေးပါတယ်။
ဒါဆို ရေသွင်းလို့ မရဘူးလား?
ကျနော့အတွေ့အကြုံအရပြောရရင် ကုလားပဲခင်းတွေ ရေသွင်းပေးလို့ရပါတယ်။ အပင်တစ်လသားအတွင်း ရေကို အပင်ခြေရေမဝပ်အောင်ထိန်းပြီး သွင်းပေးရပါတယ်။
တစ်လကျော် (အချဥ်ဓာတ်ဝင်ပြီးချိန်) မှ ရေသွင်းလိုက်မယ်ဆိုရင် အပင်တွေ စိမ်းရာမှ ဝါကျသွားပါတယ်။ (အချဥ်ရည် လျှောတယ်လို့ ခေါ်ကြပါတယ်) မိုးရွာတာလည်း မကြိုက်ပါဘူး။
အပင်ငယ်ခါးရိသေတယ်၊ ထယ်ရေးလည်းကြမ်းတယ်၊ အောက်ဓာတ်လည်းခမ်းနေတယ်၊ အပင်လည်း ငယ်သေးတယ်ဆိုရင်ရေသွင်းရင် အဆင်ပြေတာတွေ့ရပါတယ်။

မတ်ပဲခင်းမှာဆိုရင်ကော..?
အခုတလော မတ်ပဲခင်း ရေသွင်းရင်း အပင်တွေ ရော်ကျသွားတယ်ဆိုပြီး ကျနော့ဆီ လာလာမေးနေကြလို့ ဒီပို့စ်ကို အားချင်းရေးတင်လိုက်တာပါ။
၄၅ ရက်သားကျော်မှ အသီးတန်းလန်းနဲ့ ရေတင်မိလို့ အပင်တွေငိုက်ကျသွားတာ တွေ့နေရပါတယ်။
မိုးရွာ/မိုးကြီးမိရင်တောင်၊ မိုးရာပြီး ပဲခင်းတွေဟာအရွက်တွေဝါပြီး အကျမြန်သွားပါတယ်။
(လူတွေ နေပူစဥ် မိုးမိလို့ အပူရှပ်ပြီး ဖျားသလိုမျိုးပေါ့)
အပေါ်အစိုဓာတ်ကို အောက်က ဆွဲစုပ်သလိုဖြစ်ပြီး အမြစ်တွေ အလုပ်မလုပ်နိုင်တော့ပါ။
ဆိုတော့ကား ကျနော့မိတ်ဆွေများ...အသီးတွေ တန်းလန်းနဲ့ ရေမတင်စေချင်ပါဘူး။
(အပင်ကြီး၂ လသားအရွယ်မှ ရေမတင်ပါနဲ့)
- မှိုဆေး သာ ဖျန်းပေးပါ။
- အပင်အားဆေးနဲ့ ထိန်းထားပါ။
- အမြစ်တွေက သူ့သဘာဝအလျောက် အစာရေစာ ရှာစားကြပါတယ်။
- စိုက်ချိန်ကတည်းက ထွန်ရေးမကောင်းခဲ့လို့ရှိရင်တော့ အပင်ငယ်စဥ် ရေငတ်ရင် ရေသွင်းပေးနိုင်ပါတယ်။
ပြန်လည်ကုစားနည်း
- ရေသွင်း၊ အပင်ညှိုး ပဲခင်းများဟူးမစ်အက်ဆစ်ပါသော ဓာတုမဟုတ်သော အားဆေးများဖျန်းပါ။
- အရွက်လန်းလာရင် ယူရီးယားနဲ့ အမိုင်နို ဖျန်းပေးပါ။
- ပီဂျီအာ၊ အပ်up(နှုန်းထားမြင့်မြင့်)ဖျန်းပေးပါဗျာ။
စေတနာများစွာဖြင့်
Thartharpopo, ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
လွန်ခဲ့သော ၁ နှစ် ကဟူးမစ်ကေအားဆေးအမှုန့်က ဖျော်ပြီးဖျန်းရလားဆရာတို့
Nay Myo Thu Nay Myo Thu
လွန်ခဲ့သော ၂ နှစ် ကပဲပင်အကျမမြန်အောင် နိုက်ဒရိုဂျင် ၅%နုန်းနဲ့ အမိုင်နို အက်စစ် ၁၂% ပါဝင်တဲ့အားဆေးဖျန်းလို့အဆင်ပြေ နိုင်လား နိုက်ဒရိုဂျင်ပါတဲ့အတွက် အပင်ပိုကျသွားနိုင်လား ပြေားပြပေးပါဆရာ
U Kyi Myint
လွန်ခဲ့သော ၂ နှစ် ကမတ်ပဲကိုမိုးရာသီစိုက်လို့ရပါသလား
ဒို့ဦးလေး
လွန်ခဲ့သော ၂ နှစ် ကမနက်ပိုင်းမှာ ဆာလဖာ ၈၀ wdgဖျန်းပေးရင်.. စမ်းကိုက်တာ သက်သာပါတယ်။
soethu
လွန်ခဲ့သော ၂ နှစ် ကမတ်ပဲအပင်စမ်းကိုက်တာဘယ်လိုလုပ်ရလဲ
ဆက်စပ်မေးခွန်းများ
ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။
ba tun • ဖြေကြားချက် 1 ခု
ကြက်မောက်ပင် လူတစ်ရပ်ဝန်းကျင်အရွယ်ကို ဘယ်လိုရေပေးရမလဲခဗျ ရေများများပေးသင့်လား နည်းနည်းပဲလားခဗျ ဆရာဆရာမတို့ဖြေပေးပါဦး
ကိုဖြိုး • ဖြေကြားချက် 1 ခု
ဘာလို့အထွက်နုန်နည်းတာလဲ
Kyaw swar Oo • ဖြေကြားချက် 2 ခု
မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုးတွေကျလို့ ဖြန်းလိုက်တယ် ယခုချိန်ထိပွင့်ထွေးရျတာတော့ မတွေ့ရသေးဘူးဆရာတို့ ဘာဆေးတွေ ထပ်ဖြန်းသင့်လဲဆရာတို့။ နောက်တစ်ခု တစ်ချို့အပင်တွေက ပင်စည်အရိုး မပွပဲပိန်ပြီးရှည်တက် သွားတယ် ဘာဆေးဖြန်းသင့်လဲ ၊ ခုမှပက်တဲ့အပင်တွေကိုလည်းအဲ့လိုမဖြစ် ဘယ်လို ကာကွယ်ရမလဲ ဘာဆေးဖြန်းသင့်လဲ ဖြေပေးပါဦးဆရာတို့
Hlaing Min Tun • ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးဆရာဆရာမများခဗျာ ကျွဲကောပင်အပင်၂၀၀န်းကျင်လောက်ရှိပါတယ် တစ်ဝက်က ရေအစိုဓာတ်ကို ၅ရက်လောက်ထိန်းပြီး ကျန်တစ်ဝက်က ၂ရက်လောက်နဲ့ ခြောက်သွေ့သွားပါတယ် ရေကို ဘယ်လို ပေးသွင်းရမလဲဗျ ၆နှစ်ကျော်အပင်တွေပါ
ကိုဖြိုး • ဖြေကြားချက် 9 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Thar Po
အားလုံး