၂၀၂၄၊ ဇန်နဝါရီ - ဇွန်လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
အမေရိကန်အခြေစိုက် NOAA ရဲ့ NCEP(National Centers for Environment Prediction)မှ ကြိုတင်ခန့်မှန်းချက်တွေမှာ -
ℹ️ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံအရှေ့ဘက်(ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲထက် မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာအထိ ပိုမိုရွာနိုင်ကြောင်း ခန့်မှန်းခဲ့တာတွေ့ရပါတယ်။ ခန့်မှန်းချက်အတိုင်းလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတချို့မှာ မိုးအနည်းငယ်ရွာသွန်းခဲ့တာ၊ ရွာသွန်းနိုင်တဲ့ အရိပ်အယောင်တွေဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။

ℹ️ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လများအတွင်းမှာတော့ နွေရာသီကာလဖြစ်တာကြောင့်လဲ တစ်နိုင်ငံလုံးအပူချိန်တွေ မြင့်တက်ပြီး မိုးရွာနိုင်မယ့် အခြေအနေမရှိကြောင်းတွေ့ရပါတယ်။


ℹ️ ၂၀၂၄ ခုနှစ်ရဲ့ ဧပြီလအတွင်းမှာတော့ အီကွေတာအနီးကို ပြန်ရောက်လာတဲ့ မုတ်သုံလေဦးမျဉ်းနဲ့အတူ မိုးတိမ်များကိုသယ်ဆောင်လာတဲ့ လေစီးကြောင်းများကြောင့် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ဒေသတချို့မှာ မိုးဦးကျမိုး(သင်္ကြန်မိုး)အနည်းငယ်ရွာနိုင်မဲ့အခြေအနေတွေဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။

ℹ️ ၂၀၂၄ ခုနှစ်ရဲ့ မေလအတွင်းမှာတော့ မုတ်သုံလေဦးမျဉ်းက ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကို ချဉ်းကပ်လာပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့တောင်ဘက်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတောင်ဘက်နဲ့ ကယားပြည်နယ်တွေအထိ မိုးရိပ်မိုးငွေ့တွေသန်းလာနိုင်ကြောင်း တွေ့ရပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းတွေမှာတော့ မိုးရွာသွန်းချေက နည်းပါးနေဆဲဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။

ℹ️ ၂၀၂၄ ခုနှစ်၊ ဇွန်လကိုရောက်ရင်တော့ အိန္ဒိယနိုင်ငံအနောက်တောင်ဘက်ကို စတင်ဝင်ရောက်လာနိုင်တဲ့ အနောက်တောင်မုတ်သုံလေနဲ့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်တိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပုံမှန်ထက် ၃၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်မဲ့ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းက ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ မိုးရွာသွန်းမှုက နှစ်စဉ်ဖြစ်မြဲထက် ၁၀၀ မီလီမီတာအထိ လျော့နည်းနေနိုင်ကြောင်းတွေ့ရတာကြောင့် ဇွန်လထဲအထိမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဆီကို အနောက်တောင်မုတ်သုံလေဝင်ရောက်မှုနောက်ကျနေနိုင်ကြောင်းလဲ ခန့်မှန်းရပါတယ်။

NOAA-NCEP ရဲ့ ဇန်နဝါရီလမှ ဇွန်လအထိရရှိထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ -
🔸 မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံအဝင်အနည်းငယ်နောက်ကျနိုင်ကြောင်း၊
🔸 ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာနိုင်မဲ့မိုးဦးကာလ မုန်တိုင်းများကြောင့် နိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းနိုင်ချေရှိပေမဲ့ အပူချိန်ကလဲ မြင့်တက်နေဆဲဖြစ်နိုင်ကြောင်း
🔸 ၂၀၂၄ ခုနှစ် ဇွန်လကိုကျော်လွန်ပြီး ဇူလိုင်လအတွင်းကိုရောက်မှ အနောက်တောင်မုတ်သုံလေနဲ့အတူ မိုးရာသီပီပီပြင်ပြင်ဖြစ်လာနိုင်ကြောင်း
အခြားရာသီဥတုကြိုတင်ခန့်မှန်းချက်တွေအရ -
၂၀၂၄ ခုနှစ်၊ အယ်လ်နီညိုက ဧပြီလအတွင်းမှာအားပျော့လာပြီး ဇွန်-ဇူလိုင်လအတွင်းမှာ လာနီညာဖြစ်နိုင်ချေ ၄၅% အထိ ပြန်လည်မြင့်တက်လာကြောင်းတွေ့ရပါတယ်။ ဒီအခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်အတွက် ရာသီဥတုနဲ့ မိုးလေဝအခြေအနေများကို အခုလိုကြိုတင်သုံးသပ်ခန့်မှန်း လိုက်ရပါတယ်။
🔸 NOAA-NCEP နဲ့ အခြား Climatology Forecast တွေအရဆိုလျှင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ရဲ့ နွေရာသီပူပြင်းမှုကို မေလ၊ ဇွန်လတွေအထိ ခံစားကြရပြီး မုတ်သုံအဝင်အနည်းငယ်နောက်ကျနိုင်ကြောင်း၊
🔸 မိုးလယ်နဲ့ မိုးနှောင်းကာလတွေမှာ မိုးရွာသွန်းမှုအခြေအနေကောင်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ ဇူလိုင်လအထိ မြင့်တက်နေနိုင်တာကြောင့် ပင်လယ်ပြင်မှာမုန်တိုင်းဖြစ်လာရင် အားကောင်းလာနိုင်မဲ့အခြေအနေက သတိထားစောင့်ကြည့်စရာဖြစ်လာနိုင်ကြောင်းပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
သန်ထွန်
လွန်ခဲ့သော ၂ နှစ် ကပြေါ်ဘွယ်မြို့ကိုလဲကြင်ညါပေးပါအုံ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....