မုန်တိုင်းရန်ကို စိုးရိမ်ပူပန်မှုဖြင့် ဆန်ဝယ်စုတာမျိုးမလုပ်ကြရန် MRF ထုတ်ပြန်
ဆန်စပါး စုဆောင်းထားမှုနှင့် ဆန်စပါးဖူလုံမှု အပြည့်အဝရှိလို့ လာမယ့်ရက်ပိုင်းအတွင်း ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းရန်ကို စိုးရိမ်ပူပန်စိတ်နဲ့ ဆန်ဝယ်ယူစုဆောင်းမှုတွေ မလုပ်ကြဘဲ လိုအပ်တဲ့ပမာဏကိုသာ ဝယ်ယူကြဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က သတင်း ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက Emergency Early Response ပြုလုပ်နိုင်ရန် အလို့ငှာ ဆန်လိုအပ်မှုရှိပါက အသင်းချုပ် ရုံးချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ နှင့် ဆက်သွယ်ညှိနှိုင်း တင်ပြပေးပါရန်နဲ့ ပစ္စည်းမှန်၊ စျေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါကလည်း အသင်းချုပ်၊ ညီနောင် အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ပါရန်ဆိုပြီးလည်း သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

‘ ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ မိမိတို့၏ ဆန်စပါးများကို အမိုးအကာများအောက် နှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်မည့် နေရာများတွင် သိုလှောင်မှုကို စနစ်တကျ ကြိုတင် စီစဉ် ဆောင်ရွက်ထားပါရန်၊ သိုလှောင်ရုံအတွင်း အောက်ခြေတွင် ရေကြီးမှု၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ် လေ့ ရှိသဖြင့် အောက်ခြေမြှင့်ထားရန်၊ dunnage, pallet ခုံများဖြင့် လည်းကောင်း၊ အခြားသင့်တော်သော နည်းလမ်းများဖြင့် လည်းကောင်း ကြိုတင်စီစဉ်ထားပါရန်’ ဆိုပြီးလည်း MRF က နှိုးဆော်တိုက်တွန်းထားပါတယ်။
‘နွေစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ နှင့် ရိတ်သိမ်းရန် ရှိနေသော နေရာများ၊ အထူးသဖြင့် ကမ်းရိုးတန်း အနီး တဝိုက်ဒေသများတွင် နွေစပါး ရိတ်သိမ်းသိုလှောင်မှုများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများ အနေဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းပြီး တောင်သူများကို တတ်နိုင်သမျှ ကူညီပေးနိုင်ပါရန်’ ဆိုပြီးလည်း MRF က သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ ဆက်သွယ်လို့ရမယ့် Hotline နံပါတ်တွေကတော့ 09-400067250, 09-400067260 တို့ပဲဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၉ ရက်မှာစတင်ဖြစ်ပေါ်လာမယ့် လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ မေ ၁၂ ကနေ ၁၄ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ဖွယ် ရှိနေတယ်ဆိုပြီး သတိပေးထုတ်ပြန်မှုတွေ ရှိနေတာဖြစ်ပါတယ်။
Green Way - အစိမ်းရောင်လမ်းအနေနဲ့လည်း မုန်တိုင်းအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာမိုးလေ ဝသ ခန့်မှန်းမိုဒယ်တွေရဲ့ထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ ဆက်သွယ် မေးမြန်းပြီး နောက်ဆုံးအခြေအနေတွေကို ဆက်တိုက်ဖော်ပြပေးနေပါတယ်။
Photo Crd_ မိုး/ဇလ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
wai yan
လွန်ခဲ့သော ၃ နှစ် ကဘယ်နှစ်ရပ်လောက်တိုက်လမ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026