ယခုလအတွင်း ပြည်တွင်းနှင့် အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်ထိရှိလာ
ဒီနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်းမှာတင် ပြည်တွင်းငလျင်နှစ်ခုထပ်လှုပ်ခဲ့ပြီး ယခုလအတွင်း ၇ ရက်မပြည့်ခင်မှာတင် ပြည်တွင်းနဲ့ အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်အထိရှိလာပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ငလျင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြုပြီး ၈ ကြိမ်၊ မြန်မာနိုင်ငံနဲ့အနီး ပြည်ပနေရာတွေမှာ လှုပ်ရှားမှု ၅ ကြိမ် အင်အားအနည်းငယ်ရှိငလျင်တွေ စုစုပေါင်း ၁၃ ကြိမ်ထိ လှုပ်ခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံး ၃ ရက်အတွင်းမှာတင် ငလျင်လှုပ်မှု ၇ ကြိမ်ထိ ရှိထားပြီး ပြည်တွင်း ငလျင် ၅ ကြိမ်နဲ့ ပြည်ပငလျင် ၂ ကြိမ်ဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်မှ ဇူလိုင် ၇ ရက် လက်ရှိအချိန်ထိ လှုပ်ခဲ့သောငလျင်များ..

ငလျင် ၁ - ဇူလိုင်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၃)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၂ - ဇူလိုင်လ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၁)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (မိုင်းလား မြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၃ - ဇူလိုင်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၅၆)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ)၊ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၄ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၆)မိနစ်၊ (၂၅) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်

ငလျင် ၅ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၅)မိနစ်၊ (၁၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၆ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၈)မိနစ်၊ (၀၈) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၇ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၈ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်

ငလျင် ၉ - ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၉)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံ ပြည်တွင်း (သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင် ၁၀ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၃၁)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၁ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၁)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၂ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၆)နာရီ၊ (၅၃)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၃ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၂၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်
Photo Crd- မိုး/ဇလ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းနိုင်
လွန်ခဲ့သော ၄ နှစ် ကကျနော်တို့ထဲက ပြတ်ရွေ့ကြီးတွေကတော့ လှုပ်ရှားမှု ရှိ/မရှိ မသိရဘူးပေါ့၊ ပြတ်ရွေ့တွေမှာ တပ်ထားတဲ့ sensor တွေ အလုပ်လုပ်သေးလား၊ ရှိကောရှိသေးရဲ့လား မသိတော့ပါဘူးဗျာ။ အဲ့ဒါတွေက တချိန်လုံးစောင့်ကြည့် သုတေသန လုပ်နေရမှာတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေက ရတဲ့ အချက်အလက်အပြင် sensor တွေက ရတဲ့ ပြတ်ရွေ့အရွေ့(movements of faults)တွေပါ record လုပ်ပြီး ထိန်းသိမ်းထားနိုင်ရင်တော့ ကြိုတင်သတိထားနိုင်ဖို့ တွက်ဆချက်တွေအတွက် အထောက်အကူဖြစ်နိုင်မယ်။ ငလျင်ဆိုတာကတော့ ဖြစ်လာပြီးမှ ပြင်းရင်ပြင်းသလို အပျက်အစီးကများမယ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကလဲ လူဦးရေထူထပ်တဲ့ နေရာတွေဆိုရင် ပိုပြီးခက်ခဲတဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ရမှာပါဘဲ။
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....