ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မိုးရွာသွန်းမှုနှင့် နေရာကွက်မိုးကြီးမှုများ တောက်လျှောက်ရှိနေမည်
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအထိ ဖြစ်လာနိုင်တဲ့ စောင့်ကြည့်အခြေအနေ (INVEST-92 B) တစ်ခုဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံ ဒေသအချို့မှာ မိုးရွာသွန်းမှု တောက်လျှောက်ရှိနေဦးမယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ မိုးကတော့ တောက်လျှောက်ရှိနေမယ်။ နေရာကွက်ပြီး မိုးကြီးတာဖြစ်နိုင်တယ်။ နေရာကွက်လေပြင်းတိုက်တာလည်း ဖြစ်နိုင်တယ်” လို့ ဦးဝင်းနိုင်က ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ ECMWF နဲ့ GFS တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး သုံးသပ်ပြောကြားပါတယ်။
အခုရက်ပိုင်းအတွင်း နေရာကွက် မိုးရွာသွန်းမှုတွေ ဆက်တိုက်ဖြစ်နေပြီး လွန်ခဲ့သော (၂၄)နာရီအတွင်းကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက် မိုးကြီးခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မနက် ၉ နာရီခွဲအချိန်တိိုင်းထွာချက်ကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီနေ့ (မေ ၅ ရက်) နေ့လယ် ၂ နာရီအချိန်မှာရတဲ့ ECMWF Model ရဲ့ INVEST-92B အတွက် ဆက်လက်ဖြစ်လာနိုင်မယ့် လမ်းကြောင်းကြိုတင်ခန့်မှန်းချက်အရ မေလ ၁၃ ရက်နဲ့ ၁၄ ရက်ဝန်းကျင်မှာ မုန်တိုင်းဟာ အရှေ့ဘက်ကို ကွေ့လာနိုင်ကြောင်းနဲ့ ပြီးမှ မေလ ၁၄ ရက် ည ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်ကို ပြန်လည်ချိုးကွေ့ရွေ့လျားမယ်လို့ ခန့်မှန်းချက်အသစ် ထွက်ပေါ်လာတာတွေ့ရပြီး မုန်တိုင်းလမ်းကြောင်းက အရင်ခန့်မှန်းထားစဉ်ကထက် မြန်မာနိုင်ငံနဲ့ ပိုနီးလာကာ မိုးတွေ၊ လေပြင်းတွေ ပိုများနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ အရင်တုန်းကတော့ အိန္ဒိယကမ်းခြေဘက်ကိုနီးတယ်။ အခုကတော့ ဗမာပြည်ဘက်ကို ပိုနီးလာတယ်ဆိုတဲ့အခါကျတော့ မုန်တိုင်းက တည့်တည့်ဝင်တဲ့အနေအထားမျိုးအထိတော့ မမြင်ရသေးဘူး။ သို့သော် အရှေ့ဘက်ကို ပိုနီးလာတဲ့အတွက် သူ့ရဲ့ အရှိန်သက်ရောက်မှုပေါ့နော်။ မုန်တိုင်းဒဏ်သက်ရောက်မှုက ကျွန်တော်တို့က ညာဘက်ခြမ်းမှာရှိတဲ့အတွက် အရင်ခန့်မှန်းထားတာထက်တော့ ပိုပြီးတော့ မိုးပိုများနိုင်တယ်။ လေပြင်းတိုက်တဲ့အချိန်တွေ ပိုပြီးတော့ များနိုင်တယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
မုန်တိုင်းအဆင့်မှာဘယ်လောက်ထိဖြစ်လာနိုင်လဲဆိုတာကိုတော့ မေ ၈ ရက် ၉ ရက် ဝန်းကျန်ခန့်မှာ အတိအကျသိနိုင်မှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ဘယ်အတိုင်းအတာထိဖြစ်မယ်၊ ဗမာပြည်ကို ဝင်နိုင်တဲ့အခြေအနေရှိနိုင်လား ကို စောင့်ကြည့်နိုင်မယ့်အနေအထားထိ ဖြစ်လာနိုင်မယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
အခုလက်ရှိအချိန်အနေအထားမှာတော့ နေပြည်တော်၊ မန္တလေး၊ ရှမ်းပြည်နယ်တစ်ခုလုံး။ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်းတစ်ခုလုံးနဲ့ ဧရာဝတီတိုင်းမြောက်ပိုင်း အဲ့ဒီနေရာတွေမှာ မိုးရွာဖို့ရှိနေပြီး နည်းတာများတာပဲ ကွာသွားမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
Photo crd - Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တင်ထွန်းနိူင်
လွန်ခဲ့သော ၄ နှစ် ကျကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026