မုန်တိုင်းငယ် ထိုင်းဘက်သို့ဖြတ်ထွက်နေပြီဖြစ်သော်လည်း ယင်းအရှိန်ကြောင့် မွန်/တနင်္သာရီ၊ ဧရာဝတီကမ်းရိုးတန်းများ လေ၊ မိုး သည်းထန်နိုင်သေး
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Invest 93 B/ မုန်တိုင်းငယ်) ဟာ ဒီနေ့မှာ ကရင်ပြည်နယ်ဘက်ကနေ ထိုင်းဘက်သို့ဖြတ်ထွက်နေပြီဖြစ်ပေမယ့် သူ့အရှိန်ကြောင့် မွန်/တနင်္သာရီ၊ ဧရာဝတီကမ်းရိုးတန်းများ လေ၊ မိုး သည်းထန်နိုင်သေးတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
“ အခု Invest - 93B ရဲ့ ဘားအံကိုကျော်သွားပြီ။ ဖြတ်သွားတဲ့လမ်းကြောင်းက ဖားကပ်တို့၊ ဘားအံတို့ ကိုကျော်ပြီးတော့ လှိုင်းဘွဲ့ဘက်ကို ဦးတည်ပြီးသွားတာပေါ့။ အဲ့ဒီကနေ ထိုင်းနယ်စပ်ကို ဖြတ်မယ်။ ပြီးရင် ထိုင်းမြောက်ပိုင်းကိုဖြတ်ပြီး လာအို၊ ဗီယက်နမ်အထိ သူကဆက်သွားမှာ။ ဒီနေ့ထွက်သွားမှာ” လို့ ဦးဝင်းနိုင်က Green Way ကို ဒီနေ့ မေ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ECMWF ရဲ့ ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ၂၁ ရက်နေ့ မနက်စောစောမှာ ထိုင်းနယ်စပ် သာချောင်းယန်ဆိုတာကို ဖြတ်ပြီး အပြင်ထွက်သွားတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
အဲ့ဒီမုန်တိုင်းငယ်က ထွက်သွားမှာဖြစ်ပေမယ့် သူ့ရဲ့အရှိန်ကြောင့် တချို့ ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေဘက်မှာ လေ၊မိုး သည်းထန်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။
“ အရှိန်ကတော့ မုန်တိုင်းအမြီးကျန်တာပေါ့။ မုန်တိုင်းညာဘက်ခြမ်းမှာရှိနေတဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်လုံး၊ နောက် ပင်လယ်ထဲမှာရှိနေတဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ကမ်းနီးရေလုပ်ငန်းလုပ်ကွက်ရယ်၊ နောက် တနင်္သာရီ ကမ်းရိုးတန်း ရေးရဲ့အနောက်ဘက် ကမ်းနီးရေလုပ်ငန်းလုပ်ကွက် အဲ့ဒီနေရာတွေမှာ လေပြင်းတိုက်မယ့်အခြေအနေတွေက ပြင်းပြီး ကျန်နေဦးမယ်”
မေလ ၂၃ ရက် ညနေပိုင်းအချိန်ခန့်မှာလည်း ပုသိမ်မြို့အနောက်ဘက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာ နောက်ထပ် INVEST တစ်လုံး စတင်ဖြစ်ပေါ်လာနိုင်မယ့်အခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်ရမယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။


အဲ့ဒီ INVEST SYSTEM ထပ်ဖြစ်လာတဲ့အခါ အရှေ့ဘက်ကို ကနဦးရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး၊ ဧရာဝတီတိုင်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းကို ဂေါ်ရင်ဂျီကျွန်းအနီးက မေလ ၂၄ ရက်၊ နေ့လယ်ပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်ကာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားကြောင်းနဲ့ ဆက်လက်ရွေ့လျားနေချိန်မှာ SYSTEM ရဲ့ တောင်ဘက်နဲ့ ညာဘက်ခြမ်းဒေသတွေမှာ လေပြင်းကျရောက်ပြီး မိုးသည်းထန်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ သတိပေး ထားပါတယ်။


“ အဲ့ဒီဟာက ဆက်ဖြစ်မယ့်အနေအထား ဆိုရင် ၂၇ ရက်နေ့အထိ အဲ့ဒီရေလုပ်ငန်းလုပ်ကွက်တွေ (ဧရာဝတီနဲ့တနင်္သာရီကမ်းရိုးတန်း ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များ) မှာ လှိုင်းကော၊ လေကော၊ မိုးကော ပြင်းပြီး ကျန်နေခဲ့မယ်။ အပြင်းဆုံးဆိုရင် တစ်နာရီ မိုင် ၅၀ လောက်အထိ တိုက်နိုင်တယ်”

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်ကို ထုတ်ပြန်ရာမှာတော့ “ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် “ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်” လို့လည်း အကြံပြုဖော်ပြထားတာတွေ့ရပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Palin Sein
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်ဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026