ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာရင် ဘယ်ဒေသတွေကို သက်ရောက်နိုင်မလဲ..
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ INVEST - 99 B (လက်ရှိ လေဖိအားနည်းရပ်ဝန်းအဆင့်) ဟာ ၂၄ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်) အဆင့်ကိုရောက်နိုင်ခြေ MEDIUM အဆင့် ( ၅၀ % အထက်) ကို ရောက်လာကြောင်း JTWC (Joint Typhoon Warning Center) မှ ထုတ်ပြန်ထားတာကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

မနေ့က မနက်အစောပိုင်းကစလို့ ထိုင်းဘက်ကနေဝင်လာတဲ့ အရှေ့လေပွေလှိုင်း(UACC) တွေဟာ မြန်မာနိုင်ငံအောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတွေလည်းတိုက်ခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေ၊ သစ်ပင်လဲကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ UACC ဟာ ဒီနေ့မနက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲကို ရောက်သွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာတာပါ။

“ နေရာနဲ့ပြောမယ်ဆိုရင် ဂွနဲ့ သံတွဲကြားလောက် ပင်လယ်ကိုမဆင်းခင်လေးအချိန်မှာကို စဖြစ်နေပြီ” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းပြီး လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဆင့်ကို ရောက်လာနိုင်ချေရှိနေတာ ဖြစ်ပါတယ်။
“ လေဖိအားနည်းရပ်ဝန်းအဆင့်ကိုတော့ ရောက်နေပြီ။ သူကနေတဆင့် လေတိုက်နှုန်းမြင့်မယ်၊ ပင်လယ်ကိုရောက်မယ်၊ မုန်တိုင်းအစာတွေစုံမယ်ဆိုရင် ဖြစ်မယ်ပေါ့။ JTWC ကတော့ သူက နာမည်ရဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုတော့မရောက်နိုင်ဘူး၊ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်ကိုတော့ ရောက်နိုင်တယ်လို့ သုံးသပ်ထားတယ်။ မိုးဇလနဲ့ အိန္ဒိယ ဘက်ကအခေါ်ဆိုရင်တော့ မုန်တိုင်းငယ်ပေါ့” လို့ ဦးဝင်းနိုင်က ဆက်ပြောပါတယ်။
မုန်တိုင်းတစ်လုံးဖြစ်လာပြီဆိုရင် ညာဘက်ခြမ်းမှာရှိနေတဲ့အပိုင်းက မုန်တိုင်းသက်ရောက်မှု ပိုများတာဖြစ်လို့ အခုမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု များနိုင်ကာ လေပြင်း၊ မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။
အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်းတွေကို ရိုက်ခတ်မှာဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံး၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်၊ မွန်နဲ့ တနင်္သာရီမြောက်ပိုင်းအဲ့ဒီနေရာတွေမှာ လေပြင်းကျ၊ မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဒါပေမဲ့ တနင်္သာရီကမ်းရိုးတန်းက တော်တော်လေးလွတ်သွားမှာဖြစ်သလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်တွေကိုလည်း သက်ရောက်နိုင်ခြေ မရှိသလောက်ဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
“ ရှမ်းပြည်ဘက်ကိုမရောက်ဘူး။ ရှမ်းပြည်နယ်တစ်ခုလုံးနီးပါး မိုးနည်းမယ်။ ကချင်ပြည်နယ်လည်း မသက်ရောက်ဘူး။ သက်ရောက်မယ့်နေရာတွေက ချင်းပြည်နယ်ပါမယ်။ စစ်ကိုင်းတိုင်းတစ်ခုလုံးပါမယ်။ မကွေးတိုင်းပါမယ်။ မန္တလေးတိုင်းပါမယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးပါမယ်။ ဧရာဝတီတိုင်းပါမယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစ်ခုလုံးပါမယ်။ မွန်၊ တနင်္သာရီမြောက်ပိုင်း၊ ကယားပြည်နယ်တွေလည်းပါမယ်”
ဒီမုန်တိုင်းငယ်ဟာ အိန္ဒိယ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဆက်လက်ဝင်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Photos Crd_U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးမြကြည်
လွန်ခဲ့သော ၃ နှစ် ကတောင်သူများအတွက်အလွန်အရေးပါလို့ပါ
ဦးမြကြည်
လွန်ခဲ့သော ၃ နှစ် ကမုန်တိုင်းဦးတည်ရာကိုသိချင်တယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026