မုန်တိုင်းတိုက်ရိုက်ထိမယ့်ဒေသတွေပေါ် မုန်တိုင်းဒီလှိုင်းက ဘယ်လိုပြင်းအားမျိုးနဲ့ ဝင်ရိုက်နိုင်သလဲ?
လက်ရှိနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ ထုတ်ပြန်ချက်အရဆိုရင် မိုခါမုန်တိုင်းရဲ့ပြင်းအားဟာ ပိုပိုပြီး ကြီးလာပြီး တကယ့်ကိုစိုးရိမ်စရာအခြေအနေ ရှိနေပါတယ်။

နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ကတော့ အရင်ရက်တွေကတည်းက စိုးရိမ်မိတဲ့ "RI situation"(Rapid Intensification - ရုတ်တရက် အားကောင်းလာခြင်း) က ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။

ဒီနေ့မနက် JTWC ထုတ်ပြန်ချက်အရဆိုရင် ‘ မေလ ၁၃ ရက်၊ ညနေ ၆ နာရီခွဲ၊ ဆိုင်ကလုန်းမုန်တိုင်း-မိုခါ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့်ကိုရောက်တဲ့အခါ မုန်တိုင်းလေတိုက်နှုန်းက 105 knots - တစ်နာရီကို မိုင် ၁၂၀ နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း၊ ပြီးရင် အရှေ့မြောက်ဘက်ကို ဆက်ရွေ့လာပြီး မေလ ၁၄ ရက် မနက် ၆ နာရီခွဲမှာတော့ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၄၀ အရောက်မှာ မုန်တိုင်း ဗဟိုလေတိုက်နှုန်း 120 knots - တစ်နာရီ ၁၃၈ မိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရကြောင်း ဦးဝင်းနိုင်က ပြောထားပါတယ်။

ဒီအနေအထားဟာ အားအလွန်ကောင်းဆိုင်ကလုန်းမုန်တိုင်း CAT-3 အဆင့်ကို ရောက်လာနိုင်ခြင်းဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
‘ဒီနေ့မှာ မုန်တိုင်းလမ်းကြောင်းက သိသိသာပြောင်းသွားတာမရှိဘဲ မနေ့ကတွေ့ရတဲ့ JTWC ခန့်မှန်းလမ်းကြောင်းရဲ့ မြောက်ဘက် မိုင် ၃၀ ခန့်ကို တက်သွားပြီး စစ်တွေနဲ့ မောင်တောမြို့ကြား၊ "ကျောက်ပန္ဒူ"နဲ့ "အင်းဒင်" ရွာကြားက ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ တွေ့ရပါတယ်။ ဒီနေ့ နောက်ဆုံးရတဲ့ ကြိုတင်ခန့်မှန်း ချက်အခြေအနေများအရ - ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရဲ့ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်မဲ့လမ်းကြောင်း မိုင် ၃၀ ခန့်အပေါ်တက်သွားပေမဲ့ မုန်တိုင်းရဲ့ ကြီးမားတဲ့အရွယ်အစားနဲ့ ပြင်းအားကြောင့် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်ပါတယ်’ လို့လည်း ဆရာဦးဝင်းနိုင်က သတိပေးထားပါတယ်။
နောက်ထပ် သတိထားရမှာကတော့ Storm surge ဆိုတဲ့ မုန်တိုင်းဒီလှိုင်း (မြေပြင်ပေါ်ကို ရေအမှန်တကယ် တက်လာနိုင်တဲ့ လှိုင်းအမြင့်) ဆိုတာပါ။ အိန္ဒိယမိုးလေဝသဌာနရဲ့ ဒီနေ့ မေ ၁၂ ရက် မနက် ၆ နာရီခွဲထုတ်ပြန်ချက်နဲ့ ဥရောပသမဂ္ဂ(EU) နဲ့ ကုလသမဂ္ဂ (UN) က ဦးစီးလုပ်နေတဲ့ "ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်" (Global Disaster Alert and Coordination SYSTEM - GDACS) တို့ရဲ့ အနီရောင်အဆင့်သတိပေးချက်အရ လက်ရှိခန့်မှန်းချက်တွေအရတင်ကို မုန်တိုင်းတိုက်ရိုက် ထိမယ့်ဒေသတွေပေါ် Storm surge ဆိုတဲ့ မုန်တိုင်းဒီလှိုင်းဝင်ရိုက်နိုင်မှုဟာ ၂ မီတာ(၇ ပေခန့်) ထိ ရှိနေပြီလို့ သိရပါတယ်။
ဆိုတော့ Storm surge ဆိုတာ ဘာလဲ၊ ဘယ်လိုတွက်ယူရတာလဲ၊ ဘယ်လိုအန္တရာယ်မျိုးကြုံရနိုင်လဲဆိုတာ တွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
Storm surge မုန်တိုင်းဒီလှိုင်းဆိုတာ ဘာလဲဆိုတာ ရှင်းပြပေးပါဦးဆရာ?
“ Storm surge က ဘယ်လိုတွက်တာလဲဆိုတော့ မြေပြင်ပေါ်ကို ရေအမှန်တကယ် တက်လာနိုင်တဲ့ အမြင့်။ ဥပမာ - ပင်လယ်ထဲမှာ လှိုင်းအမြင့်က ပေ ၃၀ တို့၊ ၄၀ တို့ရှိတယ်ဆိုရင် သူက ကမ်းခြေနဲ့နီးလာတဲ့အခါမှာ လှိုင်းစောက်ကြီးတွေ ကျသွားပြီး အဲ့ဒီမှာ လှိုင်းအားပျက်သွားတယ်။ ကမ်းခြေမှာ လှိုင်းစီးဖူးတဲ့သူတွေဆို သိပါတယ်။ အဲ့လိုမျိုး ကျသွားပြီး လှိုင်းက တဖြည်းဖြည်းနဲ့ လှိုင်းခေါင်းဖြူ ကြီးတွေဖြစ်ပြီး အားနည်းသွားတယ်။ လှိုင်းရဲ့အမြင့်ကလည်း အဲ့ဒီမှာ ကျသွားတယ်”
“ အဲ့တော့ ပင်လယ်ကနေ ၃၀ လောက်နဲ့ လာတဲ့ဟာသည် ကမ်းခြေလောက်ရောက်ရင် ၂၀ လောက် ဖြစ်နိုင် တယ်။ ကမ်းခြေကမှ ကမ်းစပ်ကိုဝင်တဲ့ရေတိမ်ပိုင်းရောက်ရင် တစ်ခါထပ်ကျတယ်။ အဲ့ဒီလို အဆင့်ဆင့်ကြောင့် ကမ်းပေါ်ကိုရောက်ရင် ဘယ်နှစ်ပေဖြစ်မလဲဆိုတာက အခု Microwave imaging နဲ့ ရိုက်ပြီးတော့ GDACS က ထုတ်ပေးတာ”
“ အဲ့တော့ ဒီနေ့ရဲ့ Storm အနေအထားနဲ့ ကမ်းစပ်ကအနေအထားသည် ဒီလောက်ရှိတယ်။ မနက်ဖြန် လေတိုက်နှုန်းအနေအထား၊ ကမ်းစပ်ကိုဝင်တဲ့လေစီးကြောင်းအနေအထားတွေ တစ်မျိုးပြောင်းရင် ထပ်ပြောင်းသွားနိုင်တယ်ပေါ့။ ဆိုတော့ ဒါက ကုန်းပေါ်ကိုရောက်လာနိုင်တဲ့ လှိုင်းအမြင့်ပေါ့နော်။ ရေထဲမှာရှိတဲ့ဟာမဟုတ်ဘူးပေါ့”
အဲ့ဒါဆိုရင် ဆရာ။ စစ်တွေကို ၁၄ ရက်နေ့မှာ ဖြတ်တဲ့အချိန်ကျရင်ကော လှိုင်းအမြင့်က ၂၀ ကနေ ၃၀ အထိလို့ ပြောထားတာရှိတယ်။ ဆိုတော့ Storm surge ဆိုတဲ့ ကုန်းပေါ်ကို အမှန်တကယ်ရောက်လာ နိုင်တဲ့လှိုင်းအမြင့်က ဘယ်လောက်ထိ ရှိနိုင်လဲ။ ကြိုသိလို့ရနိုင်ပြီလား?
“ ဟုတ်ကဲ့။ အဲ့လိုမျိုးတော့ ကြိုမသိနိုင်ဘူးဗျ။ GDACS က ထွက်မှပဲ သိနိုင်တာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် မုန်တိုင်းလေတိုက်နှုန်းမြင့်လာရင် အခုပြောထားတဲ့ ၂ မီတာထက်လည်း ပိုမြင့်သွားနိုင်တယ်။ အဲ့လိုမျိုးတော့ရှိတယ်။ အရေးကြီးတာကဗျာ။ ပင်လယ်ထဲ ရေအနက်ပိုင်းမှာဖြစ်တဲ့ လှိုင်းရဲ့အမြင့်သည် ကမ်းခြေနားနီး ရေတိမ်လာလေ လျော့လာလေဆိုတာကို သဘောပေါက်ဖို့ လိုတာ”
“ အဲ့ဒီမှာ ကျွန်တော်တို့တစ်ခုထပ်ပြီး ဘာပြောဖို့လိုနိုင်လဲဆိုတော့ ပင်လယ်ဒီရေတက်တဲ့ ရေတက်ရေကျ အချိန်။ ရေတက်တဲ့အချိန်လား၊ ရေကျတဲ့အချိန်လားဆိုတာပေါ့။ ရေကျတဲ့အချိန်မှာဆိုရင် မုန်တိုင်းဒီလှိုင်းက အမြင့်နည်းမယ်။ ရေတက်နေတဲ့အချိန်ဆိုရင်တော့ ပိုဆိုးမယ်”
“ နောက်တစ်ခုက ၇ ပေဆိုတာက ရေက ကျွန်တော်တို့အရပ်ထက်မြင့်တယ်လေ။ ရေက သာသာလေး စီးဝင်လာမှာမဟုတ်ဘူး။ သူ့နောက်ကနေ တစ်နာရီ မိုင် ၁၃၀ နှုန်းလောက်နဲ့ တွန်းထုတ်လိုက်တဲ့ ရေထုကြီးက လာရိုက်မှာ။ ၇ ပေဆိုတဲ့ရေထုကြီးဆိုတာ နည်းတဲ့ဝိတ်မဟုတ်ဘူး။ အဲ့မှာ သူ့ကို တွန်းလိုက်တဲ့အရှိန်နှုန်းကလည်း နည်းတဲ့အရှိန်မဟုတ်ဘူး။ အဲ့ဒါကိုလည်း တစ်ချက် သဘောပေါက်ဖို့ လိုလိမ့်မယ်”
ဆိုတော့ ဆရာ။ နာဂစ်တုန်းက Storm surge လောက်ထိ ဖြစ်သွားနိုင်လား?
“ ဟုတ်တယ်။ နာဂစ်တုန်းကဝန်းကျင်လောက်ကို ရှိနေတယ်။ ရေထုရဲ့ အလေးချိန် x တွန်းထုတ်လိုက်တဲ့ လေတိုက်နှုန်းကို တွက်ထုတ်လိုက်မယ်ဆိုရင် အဲ့ဒီဟာရဲ့ အဖျက်စွမ်းအား Force က ထွက်လာမှာ”
Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Thaint
လွန်ခဲ့သော ၃ နှစ် ကလပွတ္တာ၃mileမြို့အတွက်မုန်တိုင်းအခြေနေသိချင်လို့ပါရှင်မိုးကြီးရုံပဲလား ဒီကိုရောက်တာ၂လလောက်ပဲရှိသေးလို့မေးကြည့်တာပါရှင့်သိတဲ့သုများပြောကြားပေးကြပါအုန်းရှင့်
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026