မိုးကုန်သလောက်ဖြစ်သွားပြီဖြစ်ပြီး ဒေသအချို့တွင်သာ မိုးပါးပါး ရွာနိုင်တော့မည်
လက်ရှိမိုးလေဝသအခြေအနေတွေ၊ လေစီးကြောင်းအခြေအနေတွေအရ မိုးရာသီကုန်သလောက် ရှိသွားပြီဖြစ်ပြီး ဒေသအချို့မှာ မိုးပါးပါးရွာနိုင်ချေသာရှိတော့တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီအချိန်ဟာ မိုးစပါးအများစုရိတ်သိမ်းချိန်လည်းဖြစ်နေလို့ တောင်သူလယ်သမားတွေအနေနဲ့ ရာသီဥတု အဖျက်အဆီး ကင်းကင်းနဲ့ စပါးရိတ်သိမ်းမှုတွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
လက်ရှိမိုးလေဝသအခြေအနေတွေ၊ မိုးပါးပါးရွာနိုင်ချေရှိသေးတဲ့ဒေသတွေ၊ ဆောင်းဝင်လာတော့မှာလား ဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိ မိုးလေဝသအခြေအနေတွေ ဘယ်လိုရှိနေလဲ?
“အရှေ့မြောက်လေစီးကြောင်းက အားကောင်းနေတယ်။ ပြီးတော့ မုတ်သုံလေမျဉ်းက အခု စင်ကာပူပေါ်နားလောက်ထိတောင် ရောက်တော့မယ်။ ပြီးတော့ အရှေ့ဘက်ကဝင်လာတဲ့ တိမ်တွေကလည်း ကျွန်တော်တို့ဆီကို မရောက်နိုင်တော့ဘူး။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းတစ်ခုခုသာ မဖြစ်တော့ရင် ကျွန်တော်တို့ဆီမှာ မိုး အများကြီးရွာနိုင်တဲ့ အနေ အထားတော့ မရှိတော့ဘူး။ မိုးကုန်သွားတဲ့သဘောပေါ့”
မိုးရွာနိုင်သေးတဲ့ အခြေအနေတွေ မရှိနိုင်တော့ဘူးလား?
“ ရွာနိုင်ချေကတော့ ရှိနိုင်သေးတယ်။ ဒါပေမဲ့ ပါးပါးလေးတွေပဲ။ ဥပမာဆိုရရင် ဧရာဝတီတိုင်းလိုမျိုး တောင် နောက်လာမယ့် ၁၀ ရက်အတွင်း မိုးရေချိန်ဆို လက်မဝက်လောက်ပဲ ရှိနိုင်တော့တယ်။ ဆိုတော့ တစ်ရက်ချင်းစီနဲ့ပြောမယ်ဆို ဘယ်လောက်မှမရှိနိုင်တော့ဘူး။ တော်တော်ကိုနည်းသွားပြီ”
လာမယ့် ၃ ရက်အတွင်း မိုးရွာနိုင်တဲ့ဒေသတွေဆိုရင် ဘယ်ဒေသတွေဖြစ်မလဲ?
“ ၃ ရက်အတွင်းဆိုရင် ရခိုင်ကမ်းရိုးတန်းဘက်ပေါ့။ ကျောက်ဖြူရဲ့တောင်ပိုင်း ကမ်းရိုးတန်းဘက် ပါတယ်။ ဧရာဝတီကမ်းရိုးတန်းလည်းပါမယ်။ အဲ့ဒီနေရာတွေလောက်ပဲ။ အဲ့ဒီတွေလည်း အများကြီး မဟုတ်ဘူး။ ဒသမ ၃၊ ၅ လောက်ပဲ။ ကရင်ပြည်နယ်ဘက်ဆိုရင်လည်း ဒသမ ၅၊ ၇ အဲ့ဒီလောက်ပဲ ရှိတော့မယ်”
“ ရှမ်းပြည်နယ်လည်း နည်းနည်းပါးပါးပါမယ်။ သူလည်း နှင်းမိုးရွာသလောက်ပဲ။ ပါးပါးလေးပဲ ဖြစ်တော့မယ်။ စစ်ကိုင်းတိုင်းတို့၊ ကချင်ပြည်နယ်တို့ဆို Zero inch (သုညလက်မ) ဖြစ်သွားပြီ။ တနင်္သာရီတိုင်းဆိုရင်တော့ ကော့သောင်းလောက်ပဲ။ ဒါတောင် ပါးပါးလေးပဲ။ အဲ့ဒါကြောင့် မိုးက ကုန်သ လောက်ဖြစ်သွားပြီလို့ ပြောတာ။ တစ်ခုပဲ။ ခုနပြောသလို ခြွင်းချက်အနေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းတို့ တစ်ခုခုဖြစ်လာမှပဲ။ ဒါကလည်း ‘ဖြစ်ခဲ့သည်ရှိသော်’ ဆိုတာမျိုးလောက်ကိုပဲ ပြောတာပါ”
ဆိုတော့ မိုးကုန်သွားပြီဆိုတော့ ဆောင်းဝင်လာတော့မှာလား..?
“ ဆောင်းအအေးဓာတ်ကတော့ အပေါ်ကနေ ဝင်လာပြီ။ ဥပမာပြောရင် မနက် ၅ နာရီလောက် အချိန် တွေကို စံထားကြည့်မယ်ဆိုရင် ချင်းပြည်နယ်ဆိုရင် ၁၂ ဒီဂရီလောက်ထိ ကျမယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဆိုရင် ၁၁ လောက်ပဲ ရှိတော့မယ်။ ကချင်ပြည်နယ် မေခ မလိခ မြစ်ဆုံရဲ့ အထက် လောက်တွေဆိုရင်လည်း ၅ ဒီဂရီလောက်ထိ ကျသွားမယ်။ အောက်ပိုင်းဆိုရင် ရှမ်းပြည်နယ် အနောက်ပိုင်းတစ်ခြမ်းလုံးက ၁၅ လောက်ထိ ကျမယ်။ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်နေရာဆိုရင် ၁၈ ဒီဂရီလောက်ထိ ကျတယ်။ အဲ့ဒီဟာက အဝေးဆုံးပြောရရင် ၉ ရက်နေ့လောက်အထိကို အဲ့ဒီ လောက်ပဲ။ အပူချိန်တွေ ကျနေမယ်။ တဖြည်းဖြည်းနဲ့ဆိုရင် ပိုပြီးတော့ ကျလာတော့မယ်”
“ကချင်ပြည်နယ်မြောက်ဖျား ခါကာဘိုရာဇီတောင်ရှိတဲ့ တဟွန်းဒမ်းလို မေခမြစ် မြစ်ဖျားခံတဲ့ နေရာမျိုး ဆိုရင် အပူချိန်က အနုတ် ၅ ဒီဂရီလောက်ကနေ အနုတ် ၁၄ လောက်ထိ ဆင်းသွားမယ်”
ရန်ကုန်တို့၊ တခြားနေရာတွေမှာကော ဆောင်းဝင်တော့မှာလား?
“ဆက်ဝင်လာမှာပဲ။ မြောက်ဘက်က လေစီးကြောင်းတိုက်လာတဲ့အခြေအနေကိုပဲ စောင့်ကြည့်ရမယ်။ အခုလောလောဆယ်ကိုပဲ မြောက်ဘက်က လေစီးကြောင်းက စပြီးတော့ တိုက်နေပြီပေါ့နော်”
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောငငအောင်ဦး
လွန်ခဲ့သော ၂ နှစ် ကဧရာဝတီတိုင်းကျုံပျော်မိုလေး၀သာအခြေနေကရော်ဆရာ
Aung San Win
လွန်ခဲ့သော ၃ နှစ် ကပဲခူးတိုင်းအရှေ့ဘက် မိုးရွာနိုင်ခြေရှိမရှိသိချင်လို့ပါဆရာ
ဗဒဓ္ဒဟူးသား
လွန်ခဲ့သော ၃ နှစ် ကလေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းကရောဖြစ်လာအုံးမှာလား
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026