မတ် ၁၉ ရက်မှ ၂၅ ရက်အတွင်း ပြည်နယ်နှင့်တိုင်းအချို့တွင် မိုးလေကြီးနိုင်
"Indian Ocean Dipole(IOD) - Positive ဖြစ်စဉ်" အားကောင်းလျက်ရှိခြင်းကြောင့် အနောက်-အနောက်မြောက်ဘက်မှ တိမ်တိုက်များဝင်ရောက်လာပြီး မြန်မာနိုင်ငံအထက်ပိုင်း(စစ်ကိုင်းတိုင်းမြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ မတ်လ ၁၈-၁၉ ရက်နေ့မှ မတ်လ ၂၄-၂၅ ရက်လောက်အထိ မိုးရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ နိုင်ငံတကာမိုးလေ ဝသထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

အဲ့ဒီထူးခြားတဲ့ မိုးလေဝသအခြေအနေကြောင့် မတ်လ ၁၉ ရက်မှ မတ်လ ၂၅ ရက်အတွင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသအချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးပြီး မိုးသီးကြွေတာနဲ့ ရေကြီးရေလျှံဖြစ်လာနိုင်မဲ့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရနိုင်ပါတယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒါနဲ့ပတ်သက်လို့ "Indian Ocean Dipole(IOD) ဖြစ်စဉ်က ဘယ်လိုပုံစံနဲ့ဖြစ်တာလဲ၊ ဒီဖြစ်စဉ်ကြောင့် အဓိက သက်ရောက်မှုတွေခံရနိုင်တာက ဘယ်ဒေသတွေဖြစ်မလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
"Indian Ocean Dipole(IOD) ဖြစ်စဉ်အကြောင်း အရင်ရှင်းပြပေးပါဦး။
“ သူက အယ်နီညို၊ လာနီညာလိုပဲဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ပေါ့။ အယ်နီညို၊ လာနီညာကျတော့ သူ့ရဲ့ ဖြစ်စဉ်က ဘယ်အချိန်၊ ဘယ်လတွေမှာ အစွန်းရောက်တဲ့သက်ရောက်မှုတွေဖြစ်မယ်ဆိုတာ ပုံသေနီးပါးလောက် ကို မှတ်လို့ရတယ်။ Indian Dipole ကျတော့ အာရေဗျပင်လယ်ပေါ်မှာဖြစ်တဲ့ သဲကန္တာရကြီးပေါ်ကလာတဲ့ လေစီးကြောင်းတွေ၊ နောက်ပြီး ဟိမဝန္တာမှာဖြစ်တဲ့ လေအေးစီးကြောင်းတွေကြောင့်မို့လို့ လက်ဝဲရစ် လေစီးကြောင်းနဲ့ လက်ယာရစ်လေစီးကြောင်းဆိုပြီး နှစ်မျိုးဖြစ်တယ်။ လက်ဝဲရစ်ကိုတော့ Negative dipole လို့ခေါ်တယ်။ အခုဖြစ်နေတဲ့ လက်ယာရစ်လေစီးကြောင်းကိုတော့ Positive dipole လို့ခေါ်တယ်။ အဲ့တော့ အယ်နီညို၊ လာနီညာဖြစ်စဉ်နဲ့ Dipole ဖြစ်စဉ်နဲ့ မတူတဲ့အဓိကအချက်က သူက အယ်နီညို၊ လာနီညာ လိုမျိုး ဘယ်လ ဘယ်လတွေမှာ ရာသီဥတုပြောင်းလဲခြင်းဖြစ်မယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက်ကာလမရှိဘူး။ သူက ဖြစ်ချင်တဲ့အချိန်ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမျိုးပေါ့။ ပြီးခဲ့တဲ့လာနီညာလက်ကျန်နဲ့ Dipole ဖြစ်တဲ့ အချိန်နဲ့ သွားပြီးတိုက်ဆိုင်တဲ့အခါကျတော့ ပြီးခဲ့တဲ့ ၁၃ ရက်ကနေ ၁၅ ရက်နေ့အတွင်း တိမ်တွေ ရုတ်တရက်ဝင်လာပြီး တချို့နေရာတွေ မိုးကြီးတာတွေ၊ မိုးသီးကြွေတာတွေဖြစ်တယ်။ အဲ့ဒီပုံစံအတိုင်းပဲ ၁၈၊ ၁၉ ကနေ ၂၅ ရက်နေ့ လောက်အထိကို ဒီတစ်ခါတော့ အနောက်ဘက်ကပေါ့နော်။ အရှေ့ဘက်ကမဟုတ်တော့ဘူး။ အနောက်ဘက်က နေ လေအေးစီးကြောင်းတွေဝင်မယ်။ ပြီးတော့ Dipole က လေစီးကြောင်းအတိုင်းပဲ တိမ်တိုက်တွေဝင်ချလာ ပြီးတော့ မိုးကြီးတာ၊ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေဖြစ်မယ်။ သို့သော် ဒီတစ်ခေါက်ဖြစ်တာကတော့ အနောက်ခြမ်း။ ချင်းပြည်နယ်တို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့၊ ကချင်ပြည်နယ်တို့ကို ဝင်မှာပေါ့”
ဆိုတော့ မိုးများတာ၊ လေပြင်းတာတွေက ဘယ်ဒေသတွေမှာ အဓိကဖြစ်မှာလဲ...
“ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးရှိမယ်၊ ကချင်ပြည်နယ်ထဲမှာဆိုရင် တနိုင်းရဲ့အောက်ဘက် မြစ်ကြီးနားတို့ဘာတို့ ထိပေါ့နော်။ ကချင်ပြည်နယ်တစ်ခုလုံးလိုလိုပဲ။ သူက မိုးတော်တော်များမယ်။ ခန္တီးမှာလည်းများမယ်။ ချင်းပြည် နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ဒီလောက်မများဘူး။ ဒါတောင်မှ ၅ ရက်ကနေ ၁၀ ရက်အတွင်း မိုးရေချိန်က ၁ လက်မ ကျော်ကျော်လောက်ရှိမယ်။ လေပြင်းမယ်။ ရှမ်းမြောက် လားရှိုးဝန်းကျင်လည်း အဖျားခတ်ရုံလောက်ရှိနိုင်တယ်။ အဲ့ဒါတော့ အခုတွေ့ရတဲ့အနေအထားအရ ခန့်မှန်းတာပေါ့”
မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကော ပါလာနိုင်လား...
“ မပါဘူးဗျ။ ပါရင်တောင် တိမ်ဖုံးတာလောက်ပဲဖြစ်မယ်။ ဘာလို့လဲဆိုတော့ မြေပြန့်နဲ့အောက်ပိုင်းဒေသတွေမှာက အဓိက နေ့အပူချိန်တွေ တအားမြင့်လာမှာမို့။ နွေရာသီလည်းဝင်လာပြီဆိုတော့။ ဆိုတော့ အပူချိန်တအားမြင့်မှာ ဆိုတော့ Temperature (အပူချိန်) – Dew point(ငွေ့ရည်ဖွဲ့မှတ်) ခြားနားချက်က တအားကြီးကျယ်သွားပြီလေ။ အဲ့ဒီတော့ တိမ်တွေဖြစ်လာရင်တောင် မိုးတော့မရွာနိုင်ဘူး”
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးမြင့်ဇော်
လွန်ခဲ့သော ၃ နှစ် ကမြင်းခြံမြို့ပါနိင်လား ဆရာ
အောင်စီ
လွန်ခဲ့သော ၃ နှစ် ကရှမ်ပြည်နယ်တောင်ပိုင်မိုးရွာနိုင်လားဆရာ
ဖြူဖြူဝင်း
လွန်ခဲ့သော ၃ နှစ် ကကျုံပျော် ပါလာဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026