၂၀၂၃ ခုနှစ်အတွင်း ရာသီဥတုဆိုးဝါးဖောက်ပြန်ခြင်းမျိုး ကြုံတွေ့ရနိုင်ချေ နည်းနိုင်
အမေရိကန် ပင်လယ်သမုဒ္ဒရာလေ့လာစူးစမ်းရေးအဖွဲ့ National Oceanic and Atmospheric Administration (NOAA) ရဲ့ ကြိုတင်ခန့်မှန်းချက်အရ လာမဲ့ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ ရာသီဥတု ဆိုးဝါးဖောက်ပြန်မဲ့ အခြေအနေမျိုးဖြစ်နိုင်ချေနည်းတယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက် တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ လာနီညာရာသီဥတုဟာ ၂၀၂၃ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြီးဆုံးသွားနိုင်တာဖြစ်ပြီး အစွန်းရောက်ရာသီဥတုတွေဖြစ်တဲ့ လာနီညာ၊ အယ်နီညိုတို့မဟုတ်တဲ့ ပုံမှန်ရာသီဥတုမျိုးသာဖြစ်တော့နိုင်တယ်လို့ ဦးဝင်းနိုင်က ပြောတာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
#လက်ရှိ လာနီညာရာသီဥတုအခြေအနေက ဘယ်အချိန်ထိ ဆက်ရှိနေမှာလဲ?
“ လာနီညာက ၂၀၂၁ ဩဂုတ်မှာစဖြစ်တာ။ အခုအချိန်ထိ ဆက်ဖြစ်နေသေးတာပေါ့။ ဒီကြားထဲမှာ ဒီနှစ်ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ပုံမှန် (Neutral) နီးပါးလောက် ပြန်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ တစ်လလောက်ပဲ။ လာနီညာအားပြန်ကောင်းလာပြီး အခုထိ ဆက်ရှိနေတာ။ အခုကတော့ အားအသင့် အတင့်ပေါ့။ လာနီညာ တအားအားကောင်းသွားရင်လည်း အအေးပိုတာတွေ၊ အအေးလှိုင်းဖြစ်တာတွေ၊ အချိန်အခါမဟုတ် မိုးတအားများတာတွေ ဖြစ်တတ်တယ်။ ဒါက အခု မော်ဒယ်(မိုးလေဝသခန့်မှန်းပုံစံ) ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင်တော့ ၂၀၂၃၊ ၂ လပိုင်းလောက်ထိတော့ ဆက်ဖြစ်ဖို့ သေချာ သလောက်ရှိနေပြီ။ ပြီးသွားပြီးတော့မှ တစ်ခါ ၂ လပိုင်းအကုန်လောက်ကျမှ ပုံမှန် (Neutral) ရာသီဥတု ပုံစံမျိုး ပြန်ဖြစ်နိုင်တယ်။ သူက လာနီညာလည်းမဟုတ်၊ အယ်နီညိုလည်းမဟုတ်ပေါ့နော်။ ပြောချင်တာ ကတော့ အီကွေတာနားမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်၊ များလည်းမများလွန်း၊ နည်းလည်းမနည်းလွန်းပေါ့"
#လာနီညာဆက်ဖြစ်နိုင်ချေကော ရှိသေးလား?
" သူက ၁ နှစ်လုံးကြီး ဖြစ်ထားပြီးပြီဆိုတော့ ဆက်ဖြစ်နိုင်ချေက မရှိလောက်တော့ဘူး။ အခု ကမ္ဘာ့မိုးလေဝသမော်ဒယ်တွေရဲ့ ခန့်မှန်းချက်အရတော့ လာနီညာဖြစ်နိုင်တယ်လို့ ခန့်မှန်းတဲ့ မော်ဒယ်က ၂ ခုလောက်ပဲရှိတဲ့အချိန်မှာ ပုံမှန် (Neutral)ဖြစ်မယ်ဆိုပြီးတော့ ခန့်မှန်းတဲ့မော်ဒယ် က ၅ ခု၊ ၆ ခုလောက်ထိရှိတယ်။ အယ်နီညိုဖြစ်မယ်လို့ ခန့်မှန်းတဲ့မော်ဒယ်က ၃ ခုလောက်ရှိတယ်။ ဒါမော်ဒယ်တွေအကုန်လုံးရဲ့ ခန့်မှန်းချက်တွေပေါ့။ ဆိုတော့ ဒါတွေအကုန်လုံးကို ခြုံပြီးတော့ပြောရရင် အဓိကကတော့ NOAA ပေါ့။ အမေရိကန် ပင်လယ်သမုဒ္ဒရာလေ့လာစူးစမ်းရေးအဖွဲ့လို့ ပြောလို့ ရတာပေါ့နော်။ အဲ့ဒီအဖွဲ့ကနေ တစ်လတစ်ကြိမ် ကြေညာချက်ထုတ်တယ်။ အဲ့ဒါက ဒီလ နောက်ဆုံး ဒီဇင်ဘာလအတွက် ထုတ်တဲ့ဟာမှာ ကောက်ချက်ချတာတော့ ခုန ကျွန်တော်ပြောခဲ့သလိုပေါ့။ ဆက် ဖြစ်နိုင်ချေနည်းသွားပြီ။ အယ်နီညိုလည်းမဖြစ်နိုင်ဘူး။ Neutral အတွင်းမှာပဲ ဆက်ရှိမယ်ပေါ့။ အဲ့ဒါ ကြောင့် ရှေ့နှစ်ကတော့ အစွန်းရောက်ရာသီဥတုတွေရဲ့ အန္တရာယ်ကနေလွတ်မယ်လို့ ကျွန်တော်ခန့်မှန်းတာပေါ့"
#ဒီလာနီညာ၊ အယ်နီညိုတို့ဖြစ်မယ်၊ မဖြစ်ဘူးခန့်မှန်းတာက ဒီဒေသအတွက်ပဲလား၊ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တာလား?
“ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးအတွက် ခန့်မှန်းတာ။ NOAA က အဓိကယူတဲ့ဟာက ပစိဖိတ် သမုဒ္ဒရာကြီးရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကို အဓိကယူပြီးခန့်မှန်းတာ။ ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ Equatorial sea surface temperature လို့ ခေါ်တာပေါ့နော်။ အဲ့ဒီဟာက တစ်ကမ္ဘာလုံးမှာရှိတဲ့ တိုက်ကြီးတွေအကုန်လုံးထိကို သွားသက်ရောက်တယ်။ အခုလောလောဆယ်တော့ Neutral ဖြစ်ဖို့ ဟာက ဖေဖော်ဝါရီလကနေ ဧပြီလထိပဲ ခန့်မှန်းထားတယ်။ ၇၁ ရာခိုင်နှုန်းထိ ခန့်မှန်းထားတာ။ အယ်နီညိုဆိုရင် ပူပြင်းမယ်၊ ခြောက်သွေ့မယ် ဆိုတဲ့ အစွန်းရောက်ရာသီဥတုတွေဖြစ်မယ်။ လာနီညာ ဖြစ်လို့ရှိရင် အေးမယ်၊ စိုစွတ်မယ်၊ အအေးပိုလာမယ်ဆိုတဲ့ ရာသီဥတုမျိုးဖြစ်မယ်ပေါ့”
#အခုက Neutral ဖြစ်မယ်ဆိုတော့ ဘယ်လိုရာသီဥတုပုံစံမျိုးဖြစ်မလဲ?
" Neutral ကတော့ ပုံမှန်ရာသီဥတုမျိုးပဲဖြစ်မယ်ပေါ့။ မိုးရာသီမှာမိုးရွာမယ်၊ မိုးကုန်ရင်ဆောင်းဝင်မယ်၊ နွေရာသီပူမဲ့အချိန်ဆိုပူမယ်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ ရာသီဥတုက ၃ မျိုးပဲရှိတာပေါ့နော်။ သူများ တိုက်တွေ၊ သူများနိုင်ငံတွေလို နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ ဆိုပြီး ၄ ခုမရှိဘူး။ ဆိုတော့ အဲ့ဒီ ၃ ခုက ပုံမှန်ပဲဖြစ်မယ်ဆိုတဲ့သဘောပေါ့။ အစွန်းရောက်အခြေအနေမျိုးမဖြစ်ဘူးပေါ့"
#ဒါဆို ၂၀၂၃ ဟာ အကြမ်းဖျင်းအားဖြင့် ရာသီဥတုကောင်းမယ်လို့ ပြောလို့ရမလား?
"အင်း။ ပြောရမယ်ဆိုရင် အစွန်းရောက်ရာသီဥတုမျိုးတွေ၊ ရာသီဥတုဆိုးတာမျိုးတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေ မဖြစ်ဘူးပေါ့"
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....