အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လာမည့် ၅ ရက်အတွင်း ဒေသအများစု မိုးများနေဦးမည်ဖြစ်ပြီး ရေကြီးရေလျှံ၊ တောင်ပြိုမှုများ သတိထားရန်လို

လာမည့် ၅ ရက်အတွင်း ဒေသအများစု မိုးများနေဦးမည်ဖြစ်ပြီး ရေကြီးရေလျှံ၊ တောင်ပြိုမှုများ သတိထားရန်လို

Green Way
Green Way • 12/08/2022

လာမယ့် ၅ ရက်အတွင်း တိုင်းနဲ့ပြည်နယ်အများစုရှိ ဒေသအများစုမှာ မိုးများနေဦးမှာဖြစ်လို့ တောင်ကျချောင်းရေတွေဆင်းနိုင်တဲ့နေရာတွေမှာ ရေကြီးရေလျှံမှုတွေ၊ တောင်ပြိုမှုတွေကို သတိထားဖို့လိုတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

မနက်ဖြန် ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာမယ်လို့ WINDY ရဲ့ ECMWF Model forecast မှာ အဲ့ဒီအရှိန်ကြောင့် ဩဂုတ်လ ၁၃ ရက်နဲ့ ၁၄ -၁၅ ရက်နေ့တွေအထိ မြန်မာတစ်နိုင်ငံလုံးမှာ မိုးဆက်ရွာနေပြီး နေ့အပူချိန်တွေ ကျဆင်းနေနိုင်ဦးမယ်လို့ ECMWF Model ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ Facebook account ကနေလည်း ခန့်မှန်းပြောကြားထားတာဖြစ်ပါတယ်။

“ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာလည်း မိုးရွာမယ်။ ပဲခူးတိုင်းတစ်ခုလုံးနီးပါးလည်း များမယ်။  စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်လုံးနီးပါးကတော့ မိုးပိုများမယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး၊ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးပေါ့။ ဟိုးအောက်ကနေ ချောင်းသာတို့၊ ဂွတို့အထိပါတယ်။ ဂေါ်ရင်ဂျီကျွန်းအထိရောက်တယ်။  ပြီးရင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေလည်း မိုးများမယ်။ အလယ်ပိုင်းကတော့ မကွေးတိုင်း အောက်ဘက်ကနေ မန္တလေးတိုင်းတစ်ခုလုံးပါမယ်။ ရှမ်းပြည်နယ်တစ်ခုလုံးပါမယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းပါမယ်။ အဲ့ဒီနေရာတွေကတော့ နေရာကွက်မိုးကြီးနိုင်တယ်။ မြစ်ကြီးနားပတ်ဝန်းကျင်များနိုင်တယ်။ မြစ်ကြီးနားမြောက်ဘက် ဆွမ်ပရာဘွမ်၊ ပူတာအို အဲ့ဒီနေရာတွေလည်း မိုးများမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။ 

အဲ့ဒီလို မိုးရွာသွန်းမှုတွေကြောင့် တောင်ပြိုနိုင်တဲ့အခြေအနေတွေကိုလည်း အနားဝန်းကျင်နေထိုင်သူတွေ သတိထားဖို့လိုတယ်လို့ ဦးဝင်းနိုင်က သတိပေးပြောကြားပါတယ်။

“ တောင်ကျချောင်းရေနဲ့ တောင်ပြိုနိုင်တဲ့နေရာတွေ သတိထားသင့်တယ်။ အထူးသဖြင့် မွန်ပြည်နယ်ပေါ့။ ဇင်းကျိုက်တို့ ပေါင်တို့က တောင်ပြိုနိုင်တဲ့နေရာတွေအများကြီးရှိတယ်။ ရှမ်းပြည်နယ်ဘက်ကတော့ တောင်ပြိုနိုင်တဲ့အနေအထား သိပ်မတွေ့ဘူး။ ဖြစ်ခဲ့တာလည်း သိပ် မတွေ့ဘူး။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကတော့ ထုံးကျောက်တောင်တွေများတယ်၊ မြေသားကလည်း သက်နုမြေသားတွေများတော့ ပြိုနိုင်တယ်။ ဖြစ်တဲ့ပြဿနာက ရာသီဥတုအစွန်းရောက်တာလည်းပါသလို တောင်အခြေတွေမှာ မြေကြီးတွေတူးရောင်းတာကြောင့်လည်းပါတယ်။ ဆိုတော့ အောက်ဘက်က တောင့်မခံနိုင်ဘဲ မြေသားအိပြီး ပြိုကျတာပေါ့” 

လက်ရှိမှာလည်း မိုးရွာသွန်းမှုတွေကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photos Crd_U Win Naing, Myanmar Fire Service Department

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။