အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုနှစ် မိုးဦးစောခြင်း၊ နောက်ကျခြင်းဖြစ်နိုင်ချေနည်းပြီး ပုံမှန်အတိုင်းသာ ဖြစ်နိုင်

ယခုနှစ် မိုးဦးစောခြင်း၊ နောက်ကျခြင်းဖြစ်နိုင်ချေနည်းပြီး ပုံမှန်အတိုင်းသာ ဖြစ်နိုင်

Green Way
Green Way • 20/01/2023

မတ်လကနေ မေလအထိ အစွန်းရောက်ရာသီဥတုတွေဖြစ်တဲ့ အယ်နီညိုနဲ့ လာနီညာတို့ဖြစ်နိုင်ချေမရှိဘဲ ကြားအခြေအနေ Neutral မျိုးသာဖြစ်နိုင်ချေ ၈၂ ရာခိုင်နှုန်းထိ ရှိနေလို့ မိုးဦးကျ စောတာ နောက်ကျတာမျိုး ဖြစ်နိုင်ချေနည်းပြီး ပုံမှန်အတိုင်း မေလကုန် ဇွန်လဆန်းမှာပဲ မုတ်သုံစဝင်နိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ ခန့်မှန်းကတော့ မေ၊ ဇွန် ဝန်းကျင်လောက်မှာ မုတ်သုံဝင်နိုင်တယ်။ အဲ့ဒီအချိန်တွေမှာက Neutral အားအကောင်းဆုံးအချိန်လည်း ဖြစ်နေတယ်။ ဆိုတော့ ပုံမှန်မိုးဦးကျမဲ့အချိန်မျိုးမှာပဲ မုတ်သုံဝင်နိုင်တယ်” 

ယခု ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်အတွင်း တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်း ရပ်ဝန်း/ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ ၂၀% ခန့်လောက်တော့ ရှိနေပြီး အဲ့ဒါဖြစ်ခဲ့ရင်တော့ အဲ့ဒီအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းတွေမှာ မိုးရွာနိုင်မဲ့ အလားအလာရှိတယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

“ဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံတောင်ပိုင်းပေါ့။ မြိတ်ရဲ့တောင်ဘက် ကော့သောင်ပေါ်လောက်မှာပဲ တိမ်နည်းနည်းဖြစ်၊ မိုးနည်းနည်းပါးပါးရွာတာလောက်ဖြစ်မယ်။ ပါးပါးလေးပဲ။ ဒါလောက်ပဲ” 

ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလောက်ကျရင်တော့ အယ်နီညိုဖြစ်နိုင်ချေပြန်ရှိလာလို့ အဲ့ဒီအချိန်တွေကျရင်တော့ မိုးများတာ၊ မုန်တိုင်းတိုက်တာ၊ တချို့နေရာတွေ မိုးခေါင်နိုင်တာ စတဲ့ အစွန်း ရောက်ရာသီဥတုမျိုးတွေ ပြန်ရှိလာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
min zaw

min zaw

လွန်ခဲ့သော ၃ နှစ် က

ယက္ခုနှစ် ၂၃/၂၄ မိုးရာသီမှာ မိုးဦး မိုးလယ် မိုးနှောင်း ဘယ်ရာသီ မိုးများနိုင်ပါသလဲဆရာ

သီးနှံ

သီးနှံ

လွန်ခဲ့သော ၃ နှစ် က

အခုလ မိုးရွာသွန်မူ ရှိပါသလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။