ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်မှုကြောင့် အောက်ပိုင်းဒေသအချို့ မိုးရွာဦးမည်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာလ ၁၅ ရက်လောက်ကစပြီး လေ ဖိအားနည်းရပ်ဝန်း-မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်မဲ့ အခြေအနေကြောင့် အဲ့ဒီကအရှိန်တွေနဲ့အတူ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့မှာ မိုးရွာသွန်းမှုတွေ ရှိလာဦးမယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းအားပြင်းမှု အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး လက်ရှိအနေအထားတွေအရတော့ ဒေသတချို့မှာ နေရာကွက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မုန်တိုင်းလမ်းကြောင်းအခြေအနေ၊ ဘယ်ဒေသတွေမှာ မိုးရွာသွန်းမှုတွေရှိနိုင်လဲ ဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မုန်တိုင်းဖြစ်လာနိုင်ချေက သေချာသွားပြီလား။ မြန်မာနိုင်ငံ ဘယ်ဒေသတွေကို အရှိန်သက်ရောက်မလဲ?
“သေချာသွားပြီ။ တနင်္သာရီတိုင်းကတော့ တစ်ရက်စောမယ်။ ၁၅ ရက်နေ့ကတည်းကစမယ်။ မွန်ပြည်နယ် ကော၊ ကရင်ပြည်နယ်ကော။ ပြီးသွားမှ ပဲခူးတိုင်းတစ်တိုင်းလုံး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်တောင်ပိုင်းနဲ့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တွေဆီတော့ ၁၆၊ ၁၇၊ ၁၈ ကျမှ ပြန့်ပြီးတော့ရွာမှာ”
အဲ့ဒီရက်တွေမှာ ဆက်တိုက်မိုးရွာမှာလား?
“ ပြတ်တောင်း ပြတ်တောင်းပဲဖြစ်မယ်။ အများစုကတော့ အများဆုံးမိုးရေချိန်က ၃ ရက်အတွင်း ၁ လက်မခွဲကနေ ၂ လက်မ လောက်ပဲရှိမယ်။ အဲ့ဒီထက်မများဘူး။ တစ်ခုရှိတာက နေရာကွက်မိုးကြီးနိုင်တဲ့ ဒေသတွေတော့ရှိမယ်။ ဘာလို့ဆိုတော့ တချို့နေရာတွေမှာ ကြိုတင်ခန့်မှန်းမှာက တိမ်ဖြစ်တာ ထူတဲ့နေရာတွေရှိတယ်။ ဥပမာဆိုရင် လပွတ္တာပေါ်မှာထူတယ်။ ဘိုကလေးပေါ်မှာထူတယ်။ စသဖြင့်ပေါ့။ အဲ့တော့ ပြောချင်တာက မိုးကတော့ ရွာမယ်။ မုန်တိုင်း ဘယ်လောက်ထိ အားကောင်းလာမလဲ၊ ဘယ်လောက်အတိုင်းအတာထိ မြောက်ဘက်ကို ရွေ့လာမလဲဆိုတာတော့ တစ်ချက်စောင့်ကြည့်ရမယ်။ ဒါကတော့ ၂ ရက် ၃ ရက်အလိုလောက်ကျမှ သေချာပြောလို့ရမှာ”
မုန်တိုင်းလမ်းကြောင်းအခြေအနေက ဘယ်လိုရှိမှာလဲ?
“ အခုက မုန်တိုင်းသွားမယ့်လမ်းကြောင်းကတော့ အနောက်ဘက်ကိုပဲသွားမယ်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကနေ မြောက်ဘက် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းထဲကို ဘယ်လောက်ထိ ရောက်လာမလဲပေါ့။ နောက်တစ်ခုက အားဘယ်လောက်အထိ ကောင်းလာမလဲပေါ့။ ECMWF model ခန့်မှန်းချက်မှာက အားပျော့နေတယ်။ GFS ခန့်မှန်းချက်ကကျ အားပြင်းနေတယ်။ လေတိုက်နှုန်းက တစ်နာရီကို ၁၀ မိုင်၊ ၁၅ မိုင်နှုန်း လောက်ကွာနေတယ်။ အဲ့တော့ လေတိုက်နှုန်းကွာနေသလို မုန်တိုင်းအရှိန်ကြောင့် ဖြစ်လာမယ့် တိမ်တိုက် တွေကလည်း ကွာတယ်။ GFS က ပိုများတယ်လို့ ပြနေတယ်။ ECMWF ကတော့ လောလောဆယ်မှာ နည်းနေ တယ်။ ဒီနှစ်ခုက နောက် ၂ ရက်လောက်မှ ကိုက်သွားမှာ”
“ ကျွန်တော်တို့ ဘာကိုထပ်စောင့်ကြည့်ရမလဲဆိုတော့ အိန္ဒိယမိုးလေဝသဌာနက ဘယ်လိုထုတ်ပြန်မလဲ ဆိုတာကိုပဲ။ အခု ကြားထဲမှာ ဖြစ်သွားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်လုံးရှိတယ်။ သီရိလင်္ကာကို ကျော်ပြီးတော့။ အဲ့ဒီတစ်လုံးက ကျွန်တော်တို့အပေါ်မှာ ဘာမှသက်ရောက်မှုမရှိခဲ့ဘူး။ ဆိုတော့ အခုဟာ ကကော အားဘယ်လောက်အထိ အတိအကျဖြစ်လာနိုင်မလဲဆိုတာကတော့ နောက် ၃ ရက်လောက်ဆို ကျွန်တော်တို့ သိပြီ”
အောက်ပိုင်းဒေသတွေချည်းပဲလား။ အပေါ်ဘက်၊ အလယ်ပိုင်းဘက်တွေကာ အရှိန်သက်ရောက်မှုရှိနိုင်လား?
"အလယ်ပိုင်းဘက်ထိတော့ မရောက်ဘူး။ မကွေးဘက်ကိုလည်း မရောက်ဘူး။ စစ်ကိုင်းဘက်ကိုလည်း မရောက်ဘူး။ မန္တလေးတိုင်းဆိုရင်တောင် နေပြည်တော်လောက်ထိပဲ ထိနိုင်တယ်။ ဒါပေမဲ့ လက်ရှိ အနေ အထားတွေအရတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေလည်း ပါနေတော့ မိတ္ထီလာလောက်အထိလည်း ရောက်နိုင်တယ်"
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
LalPiangThanga
လွန်ခဲ့သော ၃ နှစ် ကBarbie
ဒေါ်အုံး
လွန်ခဲ့သော ၃ နှစ် က.
ဦးဟန်စိန်
လွန်ခဲ့သော ၃ နှစ် ကဆောင်းသိးနှံပဲဒီစိမ်းကျဲမှာမှို့ပါ
ဦးဟန်စိန်
လွန်ခဲ့သော ၃ နှစ် က16. 17. 18. ရက်တွေမာသန်လျင်ပုဂံတောင်ကောရွာမာလားဖြေကြားပေးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026