လာမဲ့ ၂၄ နာရီအတွင်း မိုးများ မိုးနည်းနိုင်တဲ့ဒေသတွေ...
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်အဆင့်ထိဖြစ်လာနိုင်)ရဲ့ အရှိန်ကြောင့် လက်ရှိမှာတော့ ဒေသအချို့မှာ မိုးရွာသွန်းမှုတွေ ရှိနေပါတယ်။
လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ်အဆင့်ထိဖြစ်လာနိုင်) ဖြစ်လာနိုင်ချေဟာ လက်ရှိမှာ ဘယ်လို ဖြစ်နေပြီလဲ။ ဘယ်ဒေသတွေကို အဓိကသက်ရောက်နိုင်မလဲ။ လာမဲ့ ၂၄ နာရီအတွင်း မိုးများနိုင်၊ မိုးသိပ် မများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲဆိုတာတွေကို နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက် တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ..?

“ လက်ရှိဆိုရင် တိမ်တွေကတော့ ဖြစ်နေမှာ။ ဘာလို့လဲဆိုတော့ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဆိုတော့ တိမ်တွေက စုလာတာပေါ့။ အခုလောလောဆယ်မှာကို ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးမှာ တိမ်တွေက ပြည့်သလောက်ဖြစ်သွားပြီ။ ဘင်္ဂလားပင်လယ်အော်ဆိုရင်လည်း အရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ အရှေ့ပိုင်းတွေအကုန်လုံး တိမ်တွေဖုံးသွားပြီ။ ဒါတွေက ပတ်ပြီးလည်ပြီးတော့ လေဖိအားနည်း ရပ်ဝန်းဖြစ်မယ့်အခြေအနေမျိုးထိ တဖြည်းဖြည်းစုပြီး အားဖြစ်သွားမှာ။ တစ်ခုရှိတာက အရင်မှန်းထားချက်တွေအရ ၁၆ ရက်နေ့လောက် စဖြစ်မယ်လို့ မှန်းထားပေမဲ့ အခု တိမ်တွေဖြစ်နေတဲ့ အနေအထား အရတော့ နောက်ကို ၁ ရက်လောက်ဆုတ်နိုင်တယ်။ ၁၇ ရက်နေ့လောက်မှ စဖြစ်နိုင်တယ်”
ဖြစ်လာမယ့်အရှိန်ကြောင့် မိုးများသွားနိုင်တာ ဘယ်ဒေသတွေဖြစ်မလဲ?
“ အဓိကကတော့ ကမ်းရိုးတန်းနဲ့နီးတဲ့ဒေသတွေပေါ့။ ဥပမာဆိုရရင် လပွတ္တာတို့၊ ဘိုကလေးတို့ အဲ့လိုမျိုးပေါ့။ အဲ့ဒီနေရာတွေကတော့ မိုးများနိုင်တယ်။ ကမ်းရိုးတန်းနဲ့နီးလေ မိုးပိုများလေဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွေ့လာတဲ့တိမ်တွေက အနောက်တောင်ဘက်ကနေ ဝင်လာတာကိုး။ ဆိုတော့ ကမ်းရိုးတန်းနဲ့ အရင်ထိမယ်။ ပြီးမှ ကမ်းရိုးတန်းဒေသတွေမှာရှိနေတဲ့ အပူချိန်ကိုလိုက်ပြီး အပေါ်တက်သွားတာ ရှိတယ်။ ရေပြင်နားကပ်ပြီးဆက်ရွေ့တာရှိတယ်။ အဲ့မှာ အပူချိန်ကျသွားတယ်။ ကျသွားတော့ Dew point (ငွေ့ရည်ဖွဲ့မှတ်) နဲ့ကိုက်ပြီး မိုးရွာတာပေါ့။ နောက်လာမယ့် ၃ ရက်အတွင်း ဆိုရင် ပဲခူးတိုင်းအရှေ့ခြမ်းဘက်လည်းမိုးများနိုင်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း မိုးများနိုင်တယ်”
လာမဲ့ ၂၄ နာရီအတွင်း...
မိုးများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ..?
“ နောက်လာမယ့် ၂၄ နာရီအတွင်းဆိုရင်တော့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ပါမယ်။ ပြီးတော့ ဖျာပုံမြို့နယ်ပါမယ်။ လပွတ္တာပါမယ်။ အဲ့ဒီဒေသတွေမှာ မိုးများနိုင်တယ်။ နောက်တစ်ခုက တနင်္သာရီ တိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပေါ့။ ဘားအံနဲ့ မြဝတီကြားထဲက တောင်ကြောရှိတဲ့နေရာ တစ်လျှောက် မိုးများနိုင်တယ်။ တောင်ဘက်ကိုဆင်းလာရင် ထားဝယ်၊ မြိတ်၊ ကော့သောင်း အဲ့ဒီနေရာတွေမှာ မိုးများနိုင်တယ်။ ပဲခူးရိုးမတစ်လျှောက်နဲ့ ကျောက်ကြီးမြို့နယ် ပတ်ဝန်းကျင်လည်း မိုးများနိုင်တယ်”
မိုးရွာနိုင်ပေမဲ့ အရမ်းမများနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ..?
“ ရန်ကုန်တိုင်းဘက်ဆိုရင်တော့ သိပ်အများကြီးမဟုတ်ဘူး။ ကွက်ကြား ကွက်ကြား ပြတ်တောင်း ပြတ်တောင်းလောက်ပဲဖြစ်မယ်။ လက်ရှိ တိမ်တွေဖြစ်နေတဲ့အနေအထားအရပေါ့။ လေစီးကြောင်း ပြောင်းပြီး တိမ်တွေရွေ့တဲ့လမ်းကြောင်းလောက်ပဲ လိုက်ပြီးရွာတာပေါ့”
“ တချို့နေရာတွေမှာကျ မိုးသည်းရင်တော့ သည်းသွားနိုင်တယ်။ ဒါပေမဲ့ အကြာကြီးမရွာဘူး။ ခဏလေးနဲ့ပဲ ရပ်သွားမှာ။ အုံခဲပြီးရွာတာမျိုးတော့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မုတ်သုံဆုတ်သွားတာလည်း ပါတယ်၊ မြောက်ဘက်က လေစီးကြောင်းအားကောင်းပြီး မြောက်လေ တိုက်တဲ့နှုန်းများနေတာကြောင့်လည်း ပါတယ်”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပြည့်ဖြိုးသော်
လွန်ခဲ့သော ၃ နှစ် ကကျိုက်လက်မှာရောမိုးများနိုင်ပါသလား
sa.Thant min
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်း မှာမိုးဘယ်နှစ်ရက်လောက်ရွာနိုင်သေးလဲဆရာ
U Ha Thang Ha
လွန်ခဲ့သော ၃ နှစ် ကဘယ်နှစ်ရက်လောက်မှာပြန်ထွက်နိုင်မလဲခင်္ဗျ
lwin. Moe
လွန်ခဲ့သော ၃ နှစ် ကကျောင်းကုန်မြို နယ်မိုးများနိုင်လားဆရာ
U Hlaing Win Aye
လွန်ခဲ့သော ၃ နှစ် ကမြောင်မြရောမိုးများမှာလား ဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....