လေပွေလှိုင်းအရွေ့နှင့် ၂၄ နာရီအတွင်း မိုးရွာနိုင်သည့်ဒေသများ
ထိုင်းပင်လယ်ကွေ့ကနေ ကပ္ပလီပင်လယ်ပြင်ထဲကို ဖြတ်ဝင်နေတဲ့ လေပွေလှိုင်းအရှိန်ကြောင့် ဒေသအချို့မှာ မိုးရွာသွန်းမှုတွေရှိနေသလို လာမယ့် ၂၄ နာရီအတွင်းမှာလည်း မိုးရွာနိုင်မဲ့ဒေသတွေ ပိုမိုများပြားလာတော့မှာ ဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ လာမယ့် ၂၄ နာရီအတွင်း ဘယ်ဒေသတွေမှာ မိုးတွေထပ်ရွာလာမလဲ၊ နောက် ၃ ရက်အတွင်း ဘယ်လိုအခြေအနေတွေရှိလာနိုင်လဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေး မြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ် မိုးတွေဆက်ရွာနိုင်တာတွေက ဘယ်အချိန်တွေမှာ ဖြစ်မလဲ?

“ အခုကို ဧရာဝတီမှာ တိမ်တွေက စထိနေပြီ။ ဆိုတော့ မွန်းလွဲပိုင်း အပူချိန်ကျသွားပြီး Temperature နဲ့ Dew Point ကိုက်ပြီဆိုတာနဲ့ ရွာတော့မှာပဲ။ အခုဆို လပွတ္တာ တိမ်တွေဖုံးသွားပြီ။ ပြင်စလူတို့ဘာတို့လည်း တိမ်တွေ ဖုံးသွားပြီ။ ဘိုကလေးလည်းဖုံးသွားပြီ။ ဖျာပုံလည်းဖုံးသွားပြီ။ အဲ့ဒီတော့ ဒီဟာကြီးက မြောက်ဘက်ကိုဆက်ပြီး တိမ်တိုက် တွေက ဆက်ပြီးတော့ တက်လာမှာပေါ့နော်။ ဆိုတော့ ဒီညနေပိုင်းလောက်ဆိုရင် ကွမ်းခြံကုန်း၊ တွံတေး၊ ရန်ကုန် ပေါ်ထိ ရောက်လာမယ်။ ပြီးရင် ပဲခူးတိုင်းထဲထိ ဆက်သွားမှာပေါ့။ ပဲခူးတိုင်းထဲမှာကျတော့ တိမ်ပါးပါးလေးတွေပဲ စဖြစ်နေသေးတယ်”
လာမယ့် ၂၄ နာရီအတွင်းဆိုရင် ဘယ်ဒေသတွေမှာ မိုးတွေရွာနိုင်မလဲ?
“ မွန်၊ တနင်္သာရီ၊ ကရင်ပြည်နယ်တွေကတော့ မနေ့ကတည်းက ရွာနေပြီ။ အဲ့ဒါတွေကလည်း ဆက်ရှိမယ်။ ၂၄ နာရီအတွင်းဆိုရင်တော့ ရန်ကုန်ပါတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးပါနိုင်တယ်လို့ပဲ ပြောရမှာပဲ။ အခုအချိန် မှာတော့ မိုးတွေအုံ့ရုံပဲရှိဦးမယ်။ မနက်ဖြန် မနက်အစောပိုင်း ၂ နာရီလောက်ကနေပြီးတော့ မိုးတွေရွာနိုင်တယ်။ အဲ့ဒါက ဘယ်အချိန်ထိဖြစ်နိုင်လဲဆိုတော့ နေ့လယ် ၁၁ နာရီလောက်ကျမှ နေပွင့်နိုင်တယ်။ ညနေပိုင်းကျရင်တော့ Temperature နဲ့ Dew point က ပြန်နီးစပ်လာတယ်။ တိမ်တွေကလည်း တောက်လျှောက်ဝင်နေတာဆိုတော့ ရန်ကုန်တိုင်းကတော့ ၂၆၊ ၂၇ ဆက်တိုက်ကို ရွာမှာပဲ။ ၂၉၊ ၃၀ လောက်ထိကိုတောင် မိုးက ဆက်ရွာနေနိုင်တယ်”
“ပြီးရင် ဧရာဝတီတိုင်းပါမယ်။ များတော့မများသေးဘူး။ မနက်ဖြန်မနက်ပိုင်းလောက်ထိပေါ့။ ပဲခူးတိုင်းဆို အရှေ့ ခြမ်းက ပိုများတယ်။ အနောက်ခြမ်းကတော့ နည်းနည်းလျော့တယ်။ ပြည်တို့ ဘာတို့ဆိုရင် ၂၄ နာရီအတွင်းဆို မိုးမရွာနိုင်သေးဘူး။ အင်္ဂပူလောက်ထိကို မရွာနိုင်သေးဘူး။ ပြီးတော့မှ နောက် ၂၄ နာရီကျော်သွား ပြီဆိုမှ ပြည်၊ တောင်ငူ၊ ဆွာ အဲ့ဒီနေရာတွေထိ ရောက်လာမယ်။ ဒါတွေက ဘယ်ထိဖြစ်မလဲဆိုတော့ ၂၆ ရက်ညနေ ကနေ ၂၈ ရက် ညနေလောက်ထိဖြစ်လာမယ်။ မိုးများလည်း များလာမယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဆိုရင် ၄ လက်မကျော်လောက်ထိ ရွာမယ့်အခြေအနေရှိတယ်။ ဒါ ၄၈ နာရီအတွင်းဆိုရင်ပေါ့”
#ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းတို့မှာလည်း ဒီနေ့မွန်းလွဲပိုင်းကစလို့ မိုးတွေရွာနိုင်ပြီး မိုးရွာသွန်းမှုတွေဟာ နောက် ၃ ရက် (၇၂ နာရီအတွင်းမှာ) ပိုများလာနိုင်မယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပြော ကြားပါတယ်။
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
TunZawLat
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်ရေနံချောင်းမြို့နယ်ရွာနိုင်လားရှင့်
ကိုဆန်း
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်းရော ရွာနိုင်လားဗျ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကပြန်မဖြေပါလား
U Kyishwin
လွန်ခဲ့သော ၃ နှစ် ကမကွေးကောရွာနိုင်လားခင်ဗျာ
မယုယုခိုင်
လွန်ခဲ့သော ၃ နှစ် ကသုံးခွမြို့နယ်ရွာမှာလားဖြေပေးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026