ယခုလ ၂၅ ရက်ခန့်အထိ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်ရှိနေနိုင်
တောင်တရုတ်ပင်လယ်နဲ့ ဖိလစ်ပိုင်ပင်လယ်တို့မှာ ဖြစ်ပေါ်နေတဲ့ INVEST (လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင် ချေအဆင့်) တွေရဲ့အခြေအနေ၊ Global Tropics Hazards Outlook က ထုတ်ပြန်တဲ့ ရပ်ဝေးခန့်မှန်းချက် တွေအရ ယခုလ ၂၅ ရက်အထိ နိုင်ငံတစ်ဝန်း မိုးရွာနိုင်တဲ့ အခြေအနေတွေ ဆက်ရှိနေနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။

ဒီအနေအထားတွေအရ ဘယ်ရက်တွေမှာ ဘယ်ဒေသတွေမှာ မိုးတွေများနိုင်သလဲ၊ ဘယ်အချိန်ကျမှ မိုးရွာသွန်းမှုတွေ လျော့သွားနိုင်သလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ဘက်မှာ လက်ရှိ မိုးလေဝသအခြေအနေတွေ ဘယ်လိုရှိနေလဲ..
“ ခု လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ INVEST 90 W က သိပ်ပြီးတော့ အားမကောင်းဘူး။ သူ့ နောက်ဘက်က ခု MAYMAY လို့ ဖိလစ်ပိုင်က အမည်ပေးထားတဲ့ 98W ကနေ ဖြစ်လာမယ့် မုန်တိုင်းကတော့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းရဲ့မြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းကြားထဲကနေ ၁၆ ရက်နေ့လောက်မှာ ဖြတ်ပြီးတော့ တောင်တရုတ်ပင်လယ်ထဲကို ၁၇၊ ၁၈ လောက်မှာ ဝင်လာမယ်။ အဲ့ဒီမှာ အရှေ့၊ အရှေ့တောင်ဘက်ကို ဆက်ရွေ့မယ်။ ပြီးတော့ ဗီယက်နမ်နိုင်ငံ အရှေ့တောင်ပိုင်း လောက်ကမ်းခြေကို ၂၁ ရက်နေ့ ညပိုင်းလောက်ကို ထိမှာ။ ဖြတ်တော့မဖြတ်သေးဘူး။ အဲ့ဒီနေရာမှာ ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်။ နောက်တစ်ခုက ဘာထူးခြားတာ ရှိလဲဆိုတော့ သူ အဲ့ဒီ ဗီယက်နမ်ကမ်းခြေနားကို ချဉ်းကပ်လာတဲ့အချိန်မှာ ကပ္ပလီကျွန်းစုတွေနဲ့ ကော့သောင်နဲ့ ကြားမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်တယ်။ အဲ့ဒီလေဖိအားနည်းရပ်ဝန်းကလည်း ၂၁ ရက်နေ့ လောက်မှ ဖြစ်နိုင်မှာဆိုတော့ ရက်က တအားဝေးနေသေးတော့ ဘယ်ဆက်သွားမလဲဆိုတာတော့ ကြိုပြောဖို့ ခက်သေးတယ်”
“ Global Tropics Hazards Outlook က ထုတ်ပြန်ထားတဲ့ဟာအရတော့ တောင်တရုတ်ပင်လယ်မှာကော၊ ဘင်္ဂလားပင်လယ်မှာကော၊ ဟိုဘက်က ဖိလစ်ပိုင်ပင်လယ်မှာကောက ၂၅ ရက်နေ့အထိ မုန်တိုင်းတွေ ဖြစ်နိုင်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဘက်မှာကျတော့ မိုးက အနောက်ဘက်အခြမ်းဆိုတော့ ချင်းပြည်နယ်ပါတယ်။ ရခိုင်ပြည်နယ်ပါတယ်။ ဧရာဝတီတိုင်းပါတယ်။ ရန်ကုန်တိုင်းပါတယ်။ ပဲခူးတိုင်း ပါတယ်။ နောက်ပြီးတော့ မွန်၊ ကရင်၊ တနင်္သာရီ အဲ့ဒီနေရာတွေမှာ မိုးများမယ်။ ကျန်တဲ့နေရာတွေမှာတော့ ပုံမှန်မိုးရွာသွန်းသလောက်ပဲရှိမယ်လို့တွေ့တယ်။ ၂၅ ရက်နေ့ကျော်သွားရင်တော့ သူ့ရဲ့ခန့်မှန်းချက်နဲ့ အခု ဖြစ်နေတာတွေနဲ့ သွားကိုက်ညီနေတယ်။ အဲ့ဒီအပတ်ထဲကျရင် မုတ်သုံမျဉ်းက ကော့သောင်းရဲ့အောက်ဘက် အထိ ကျသွားမယ်။ ပြောမယ်ဆိုရင် မြန်မာပြည်တောင်ပိုင်းခြမ်းကနေ မုတ်သုံလေထွက်သွားပြီပေါ့။ အဲ့ဒီ အချိန်ကျရင် တစ်နိုင်ငံလုံးမှာ မိုးကတော်တော်နည်းသွားမယ်။ တောင်ပိုင်းအစွန်းနဲ့ ဟိုးကချင်ပြည်နယ် အစွန်းလောက်မှာပဲ မိုးဆက်များပြီး ကျန်နေနိုင်တယ်။ အဲ့လိုတော့ လောလောဆယ် တွေ့ထားတယ်”
မိုးရွာသွန်းနိုင်တဲ့ အခြေအနေတွက ဘယ်လို ဖြစ်သွားမလဲ..
“ မိုးကတော့ရှိတော့ရှိနေမယ်။ သို့သော် လေစီးကြောင်းက အရှေ့မြောက်ဘက်ကနေ တိုက်နေမှာဆိုတော့ အရင်တုန်းကလိုမျိုး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဘက်ကို အရှေ့ဘက်ကတိမ်တွေက မဝင်ဘဲနဲ့ တိမ်တွေက အရှေ့မြောက်လေစီးကြောင်းအတိုင်း အနောက်တောင်ဘက်ကိုဆက်ပြီးတော့ ရွေ့သွားမှာ။ ဆိုလိုတာက လာအို၊ ဗီယက်နမ်၊ ထိုင်းဘက်ကနေ ဝင်လာတဲ့တိမ်တွေက အရင်တုန်းကဆို အလယ်ပိုင်းနဲ့ မြောက်ပိုင်းရှမ်းပြည်ဘက် ဟိုးချင်းပြည်နယ်ဘက်ထိ ရောက်တယ်။ အခုကတော့ မြောက်ပိုင်း အလယ်ပိုင်း အဲ့ဒီဘက်တွေကို မရောက်တော့ဘဲနဲ့ တနင်္သာရီတိုင်းကိုဖြတ်ပြီးတော့ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ် ဘက်တွေကို ရွေ့သွားတယ်။ တိမ်တွေရွေ့သွားတဲ့လမ်းကြောင်းကိုက ပြောင်းသွားတာ”
လာမည့် ၁ ရက်မှ ၃ ရက်အတွင်း၊ ၃ ရက်မှ ၅ ရက်အတွင်း၊ ၅ ရက်မှ ၁၀ ရက်အတွင်း ကြိုတင်ခန့်မှန်းချက်များ

“ နောက်လာမယ့် ၃ ရက်အတွင်းမှာဆိုရင်တော့ အလယ်ပိုင်းဒေသတွေမှာတော့ မိုးလျော့မယ်။ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတောင်ပိုင်းပေါ့။ ၀.၂ လက်မလောက်ပဲရှိတော့မှာ။ ကျန်တဲ့နေရာတွေအကုန်လုံးမှာတော့ မိုးရွာနေမယ်။ ဒါပေမဲ့ ပါးပါးပဲရွာနိုင်မှာ။ ၁ လက်မခွဲလောက်ထိပဲ ရှိမယ်။ ကချင်ပြည်နယ် မြောက်ပိုင်းမှာ တော့ မိုးများတယ်။ ၃ လက်မလောက်ထိ ရွာနိုင်တယ်”
“ နောက် ၃ ရက်ကနေ ၅ ရက်အတွင်း ဆိုရင်တော့ အလယ်ပိုင်းဒေသတွေမှာပါ မိုးပြန်ပြီးတော့ ရှိလာမယ်။ အများကြီးတော့မဟုတ်ဘူး။ ၀.၅ လက်မလောက်ပဲ။ ရှမ်းပြည်ဘက်မှာလည်း ၁ လက်မလောက်ထိ မိုးရေချိန်ရှိနိုင်တယ်။ ရခိုင်ပြည်နယ်ဘက်လည်း ၁ လက်မခွဲလောက်ရှိနိုင်တယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အဲ့ဒီနေရာတွေမှာလည်း ၁ လက်မခွဲကနေ ၂ လက်ကမလောက်ထိရှိနိုင်တယ်”
“ နောက် ၅ ရက်ကနေ ၁၀ ရက်အတွင်းဆိုရင်တော့ ရှမ်းပြည်ဘက်မှာ မိုးနည်းသွားတယ်။ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာတော့ မိုးများလာတယ်။ ကျန်တဲ့နေရာတွေမှာတော့ တနင်္သာရီတိုင်းတောင်ပိုင်းအစွန်း မြိတ်နဲ့ ကော့သောင်းတွေဘက်မှာဆို တော်တော့်ကို မိုးများနေမယ်။ ကော့သောင်ဆိုရင် ၇ လက်မလောက် ထိကို မိုးများနိုင်တယ်”
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်နိုင်းနိုင်းဇော်
လွန်ခဲ့သော ၃ နှစ် ကနေပြည်တော်တပ်ကုန်းသိပါရစေဆရာ
မောင်နိုင်းနိုင်းဇော်
လွန်ခဲ့သော ၃ နှစ် ကQTu12SdX7VM
ကိုသိန်းတန်
လွန်ခဲ့သော ၃ နှစ် ကညောင်တုန်းမိုးရွာသွန်းနိုင်မှုအချေအနေသိပါရစေခင်ဗျာ
KoSaw
လွန်ခဲ့သော ၃ နှစ် ကမင်းကွန်မိုးရွာသွန်းမူသိပါရစေဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....