ဇွန် ၁၄ ရက်မှ ၁၆ ရက်အထိ ၃ ရက်အတွင်း မိုးလေဝသကြိုတင်ခန့်မှန်းချက်
- ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် လာမည့် ၃ ရက်အတွင်း မိုးများနိုင်ပြီး မြစ်ရေများတက်နိုင်
- အလယ်ပိုင်းဒေသများ လာမည့် ၃ ရက်အတွင်း လေပြင်းများကျနိုင်သော်လည်း မိုးဆက်နည်းနိုင်
- ဇွန် ၂၀ ကျော်အထိ မုတ်သုံလေအား ဆက်ကောင်းနေဦးမှာမို့ အလယ်ပိုင်းဒေသများမှအပ တပြည်လုံး မိုးဆက်ရွာနေမည်

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ လာမယ့် ၃ ရက်(၇၂ နာရီအတွင်း) မိုးရေချိန်စုစုပေါင်း ၄ လက်မ မှ ၁၀ လက်မ အထိရွာနိုင်ခြေရှိနေပြီးတော့ ဧရာဝတီမြစ်ဖျားပိုင်းနဲ့ ချင်းတွင်းမြစ်ဖျားဒေသတွေမှာပါ မိုးများမှာကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေများကတော့ တောက်လျှောက်တက်နေမှာဖြစ်ပေမဲ့ စိုးရိမ်ရေမှတ်တွေကိုတော့ မရောက်နိုင်သေးတာ မိုး/ဇလ မြစ်ရေသတင်းထုတ်ပြန်ချက်တွေအရ တွေ့ရပါမယ်။

အလယ်ပိုင်း၊ မိုးနည်းရေရှားဒေသတွေမှာတော့ လေပြင်းတွေကျနိုင်ပြီး မိုးနည်းနေဦးမယ်လို့ Alert Post တစ်ခု သီးခြားတင်ပေးခဲ့ပြီးပါပြီ။ အလယ်ပိုင်းဒေသတွေအတွက် အပူချိန်မြင့်မားနေဆဲအခြေအနေကြောင့် နောက်လာမယ့် ၃ ရက်မှာလည်း လေပြင်းကျနိုင်ပြီး မိုးကတော့ ဖြစ်ဖြစ်မြောက်မြောက်ရွာနိုင်မယ့် အခြေအနေမရှိသေးပါဘူး။
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေအပြင် ရှမ်းပြည်နယ် တောင်ပိုင်း/မြောက်ပိုင်း တွေမှာလည်း ၇၂ နာရီအတွင်း မိုးရေချိန် ၂ လက်မကျော်အထိ ရွာနိုင်ခြေရှိနေပါတယ်။ ပဲခူးရိုးမတစ်လျှောက်မိုးများမှာဖြစ်လို့ စစ်တောင်းမြစ်ရေတက်လာနိုင်မယ့် အခြေအနေလည်း ရှိနေပါမယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေ မိုးများလာရင် သံလွင်မြစ်ရေလည်း ဆက်တက်လာနိုင်မှာပါဘဲ။

အားလုံးကိုခြုံပြီး သုံးသပ်ရရင်၊ ဇွန်လ ၂၀ ရက်ကျော်သည်အထိ မုတ်သုံလေအားက ဆက်ကောင်းနေဦးမှာမို့ အလယ်ပိုင်းဒေသတွေမှအပ တပြည်လုံး မိုးဆက်လက်ရွာနေမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်းနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ မိုးများနေပါဦးမယ်။

“ အလယ်ပိုင်းတွေမှာက တိမ်ဖြစ်လာရင်တောင်မှ သူက အပူချိန်က ၃၅ ဒီဂရီထိတက်နေတယ်။ နေ့အပူချိန်တွေပေါ့နော်။ တက်နေတုန်းပဲ။ Dew point (ငွေ့ရည်ဖွဲ့မှတ်) ကလည်း ၂၃၊ ၂၄ လောက်မှာ ရှိနေတော့ အပူချိန်နဲ့ Dew point ကွာဟချက်က တော်တော်ကြီးနေတဲ့အတွက် တိမ််တွေဖြစ်လာရင်တောင်မှ ဒီအပူချိန် မကျမချင်းကတော့ မိုးရွာနိုင်ဖို့အတွက် အလားအလာနည်းနေဦးမှာပဲ”
(အပူချိန်နှင့် ငွေ့ရည်ဖွဲ့မှတ် ထပ်တူညီ (သို့မဟုတ်) နီးစပ်ပါက မိုးရွာနိုင်ပြီး ဝေးကွာလွန်းပါက မိုးမရွာနိုင်ပါ)
“ အလယ်ပိုင်းတစ်ပိုင်းလုံးပဲ။ မကွေးမြို့အပါအဝင်ပေါ့နော်။ မကွေးမြို့မြောက်ဘက်ကနေ မုံရွာအထက်ထိ တစ်ခုလုံးပဲ”
(မိုးရေချိန်လက်မအနေဖြင့် ၂၄ နာရီအတွင်းတိုင်းတာချက် ၃ လက်မ ၄ လက်မဆိုပါက နေရာကွက်မိုးများနိုင်သည့်အခြေအနေဖြစ်သည်။ တိမ်လည်းဖြစ်၊ အပူချိန်နှင့် Dew ponit လည်းကိုက်၊ မိုးရေချိန်လည်း ၂.၈၊ ၃ လက်မလောက်ဆိုပါက မိုးရွာသွန်းမှုများနိုင်သည့်အခြေအနေဖြစ်သည်။)
( နိုင်ငံတကာမိုးလေဝသကြိုတင်ခန့်မှန်းချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါသည်။)
Photo Crd - Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....