ဇူလိုင်လဆန်းပိုင်း မိုးကြီးနိုင်ပြီး လေပြင်း၊ မိုးကြိုးအန္တရာယ်ရှိနိုင်သည့်ဒေသများ
ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေတာနဲ့ တောင်တရုတ်ပင်လယ်မှာ တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့် ဇွန်လအကုန်-ဇူလိုင်လဆန်းပိုင်းမှာ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်မှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အချို့မှာတော့ မိုးကြီးမယ့်အခြေအနေများဖြစ်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ဒါကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးကြီးမယ့်အန္တရာယ်၊ တောင်ကျချောင်းရေရုတ်တရက်ဆင်းလာနိုင်မယ့်အန္တရာယ်၊ မိုးတိမ်တောင်ကြီးများဖြစ်လာပြီး စိုစွတ်စိုက်ဆင်းလေပြင်းတိုက်ခတ်နိုင်မယ့်အန္တရာယ်နဲ့ မိုးကြိုးအန္တရာယ်တွေရှိနိုင်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
အဲ့ဒီလို အန္တရာယ်တွေရှိနိုင်တဲ့ ဒေသတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ကို Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

“ အလယ်ပိုင်းက ကျွန်တော်တို့ မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်းရယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် အဲ့ဒီနေရာတချို့ကလွဲရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ် အကုန်လုံးမှာ မိုးကြီးမယ့်သဘောရှိနေတယ်။ အလယ်ပိုင်းတွေက လုံးဝမရွာမှာမဟုတ်ဘူး။ ရွာမှာ။ သူက မိုးမကြီးမှာပေါ့နော်။ သူ့နေရာမှာ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ ၅ ရက်ကနေ ၁၀ ရက်အတွင်းမှာ ၃ လက်မအထိကို ရွာနိုင်တယ်။ ညောင်ဦးလည်း ပါတယ်။ အဲ့ဒီမှာက ၂ လက်မ၊ ၃ လက်မ ရွာမယ်ဆိုရင် သူတို့အရပ်ဒေသအနေနဲ့ဆိုရင် ဒါက မိုးကြီးတယ်လို့ ပြောရမှာပေါ့။ တောင်သူတွေအတွက် လိုအပ်တဲ့မိုးရေဖြစ်မယ်။ နောက်တစ်ခုက မြေဆီလွှာ အစိုဓာတ် ခြောက်နေတဲ့နေရာတွေလည်း ရာနှုန်းပြည့်နီးပါးလောက်ကို ပြန်ဖြစ်လာမယ်။ ဇူလိုင်လဆန်းပိုင်းအတွက်ပေါ့နော်”

“ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်တောင်ပိုင်းဆိုတော့ ကရင်ပြည်နယ်ပေါ့၊ နောက် မွန်ပြည်နယ်နဲ့ တနင်္သာရီတစ်ခုလုံးပေါ့။ အဲ့ဒီလို တောင်ထူထပ်တဲ့နေရာတွေမှာဆိုရင် ဟိုး ပြီးခဲ့တဲ့နှစ်တုန်းက ပေါင်မှာ မြေပြိုသလိုအခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်။ တောင်ထူထပ်မယ့်နေရာတွေမှာက မိုးကြီးမယ့် အခြေအနေဖြစ်နေတာကိုး။ အလယ်ပိုင်းဒေသက မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းအောက်ပိုင်း နည်းနည်းပေါ့။ အဓိကက အဲ့ဒီ မိုးနည်းရေရှားရပ်ဝန်းတစ်ခုကလွဲရင် နောက်တစ်ခုက ရှမ်းပြည်နယ်တောင်ပိုင်းဒေသတချို့ကလွဲရင် ကျန်တဲ့ဒေသတွေအကုန်လုံးက မိုးကြီးမယ့်အနေ အထားဖြစ်နေတယ်”

“ အလယ်ပိုင်းမိုးနည်းရေရှားဒေသကတော့ မိုးကြိုးအန္တရာယ် ပိုများတာပေါ့။ ဘာလို့ဆို သူက ခြောက်သွေ့ထားတဲ့နေရာဖြစ်နေတာကိုး။ ပြောမယ်ဆိုရင်တော့ တစ်နိုင်ငံလုံး ဂရုစိုက်ရမယ့် အနေအထားပဲ။ တောင်ကျချောင်းရေအန္တရာယ်ပါမယ်။ စိုက်ဆင်းလေပြင်းပါမယ်။ နောက်တခု အရေးကြီးတာက မိုးများလာရင် မြစ်ရေတက်လာမယ်။ ကျွန်တော်တို့ ပင်လယ်ဒီရေ အမြင့်ဆုံး တက်နိုင်တဲ့အခြေအနေကတော့ ဇူလိုင် ၁၃၊ ၁၄ လောက်မှာဖြစ်မှာဆိုတော့ အောက်ရေတောင့်ခံမယ့်အနေအထားတော့မရှိသေးဘူး။ သို့သော် အထက်ရေကျလာတာနဲ့ အဲ့ဒီရက်တွေ တိုက်ဆိုင် သွားရင်တော့ မြစ်တွေ ရေကြီးမယ့်အနေအထားဖြစ်မယ် ”
(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်း လိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)
Photo crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....