ဩဂုတ်လဆန်းပိုင်းတွင် အလယ်ပိုင်းဒေသမိုးရနိုင်ချေ ပိုမြင့်လာ
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်နေတဲ့ အားအသင့်အတင့်ရှိတဲ့ လေဝဲဟာ လေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ပြီး အလယ်ပိုင်းဒေသတွေအတွက် မိုးရနိုင်ခြေ ပိုမြင့်သွားတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ‘ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ အားအသင့်အတင့်ရှိတဲ့ လေဝဲတစ်ခုဖြစ်နေပြီး တိမ်တွေစုနေကြောင်းနဲ့ နောက်လာမယ့် နာရီ ၁၂၀ အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်' လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းတွေကြောင့် အခုလကုန်ပိုင်းကစပြီး မုတ်သုံအားကောင်းလာမှုနဲ့အတူ မြန်မာပြည် တောင်ခြမ်းနဲ့ မြောက်ခြမ်းမှာ မိုးတွေပြန်များလာမှာဖြစ်သလို အလယ်ပိုင်းဒေသတွေလည်း ကွက်ကျားမိုးတွေ ရနိုင်တဲ့အခြေအနေရှိတယ်လို့ ဦးဝင်းနိုင်က ဇူလိုင် ၂၆ ရက်ကတည်းက ခန့်မှန်းထားတာပါ။
ဒါပေမဲ့ အခုနောက်ဆုံးဖြစ်ပေါ်လာနေတဲ့အခြေအနေအရတော့ အလယ်ပိုင်းအတွက် မိုးတွေရနိုင်ခြေဟာ ပိုမြင့်သွားပြီလို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ အလယ်ပိုင်းက နေရာကွက်မိုးကြီးနိုင်တဲ့အနေအထားကနေ နေရာစိတ်စိတ် မိုးကြီးနိုင်တဲ့ အနေအထားလောက်ထိ ရောက်သွားနိုင်တယ်”
လက်ရှိလေဝဲဟာ မြောက်ဘက်ကို ဆက်ရွေ့နေပြီး လေဖိအားနည်းရပ်ဝန်းဖြစ်လာရင် ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုလုံး၊ အလယ်ပိုင်းတစ်ခုလုံး၊ အောက်ပိုင်းက ကိုကိုးကျွန်းကနေ ကော့သောင်းအထိ နေရာတွေက လေပြင်းမိုးများတာတွေရှိမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ အလယ်ပိုင်းတွေမှာက ၂ ရက်နေ့ကစပြီး မိုးကောင်းကောင်းရလိမ့်မယ်။ လေတိုက်နှုန်းကတော့ ၃၁ ရက်နေ့လောက်ကတည်းက လေပြင်းတိုက်တာတွေက စနေပြီ။ ၂ ရက်နေ့နောက်ပိုင်းကျရင် အပူချိန်က ၂၉၊ ၃၀ ထိ ကျသွားပြီ။ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ကြားဆိုရင် မြင်းခြံတို့၊ ရေစကြိုတို့လို မိုးခေါင်တဲ့နေရာတွေမှာ မိုးများများရွာမှာတွေ့တယ်။ ၄ ရက်နေ့ နောက်ပိုင်းကျရင်တော့ တိမ်ပြန်လျော့သွားတယ်”
Global Tropics Hazards and Benefits Outlook(NOAA- Climate Prediction Center)ရဲ့ ရက်ဝေးကြိုတင်ခန့်မှန်းချက်အရတော့ ဩဂုတ် ၃ ရက်နဲ့ ၉ ရက်ကြားမှာ ဧရာဝတီတိုင်းတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ နဲ့ တနင်္သာရီတိုင်းတစ်ခုလုံးမှာ ပုံမှန်ရွာသွန်းမြဲထက် မိုးပိုမိုရွာနိုင်ပြီး၊ ကျန်ပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအတိုင်း မိုးရွာသွန်းနိုင်မယ်လို့ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။
Photo Crd_U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နေထွန်းဦး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်ခများ တီထက်မကဆောင်ရွက်နိုင်ပါစေခများ
U Yan Naing
လွန်ခဲ့သော ၄ နှစ် ကပဲခူးတိုင်းအရှေ့ သေချာလေးခန့်မှန်းပေးပါလားဗျ ရေတာရှည်မြို့နယ်မြောက်ပိုင်းမိုးခေါင်တာတစ်လရှိပါပြီ
ကံတက်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ🙏
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026