အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင် ခြောက်သွေ့စိုက်ဆင်းလေပြင်းကျနိုင်ပြီး မိုးသီး၊ လေပြင်းများ အန္တရာယ်ရှိနိုင်

ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင် ခြောက်သွေ့စိုက်ဆင်းလေပြင်းကျနိုင်ပြီး မိုးသီး၊ လေပြင်းများ အန္တရာယ်ရှိနိုင်

Green Way
Green Way • 19/04/2022

ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင် ခြောက်သွေ့စိုက်ဆင်းလေပြင်း အန္တရာယ်ရှိပြီး မိုးသီးအန္တရာယ်၊ လေပြင်းအန္တရာယ်နှင့် မိုးကြိုးမုန်တိုင်းအန္တရာယ်များကို သတိထားရန် လိုသည်ဟု အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် က သတိပေးထားသည်။

 

“ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ တိမ်တိုက်ကြီးက အရှေ့ဘက်(ကရင်ပြည်နယ်ဘက်) ကို ရွေ့နေပါတယ်။ ဧရာဝတီတိုင်းပေါ်မှာလည်း ပုသိမ်၊ ငပုတော၊ ဘိုကလေးနဲ့ ဖျာပုံ/ကွမ်းခြံကုန်းပေါ်မှာ တိမ်တိုက်တွေ စဖြစ်လာတာတွေ့ရပါတယ်။ မိုးတိမ်တောင်တွေကြောင့် ဖြစ်လာနိုင်မယ့် ခြောက်သွေ့စိုက်ဆင်းလေပြင်းအန္တရာယ်ကို သတိထားကြရပါမယ်” ဟု ဦးဝင်းနိုင်က သူ၏ ဖေ့စ်ဘုတ်အကောင့်မှတစ်ဆင့် သတိပေးထားခြင်းဖြစ်သည်။  

 

မိုးတိမ်တောင်ကြီးတွေဖြစ်လာပါက ယင်းအပေါ်မှာရှိနေသည့် အပူချိန်က အနုတ် ၆၇၊ ၆၈ ကနေ အနုတ် ၉၀ ဒီဂရီစင်တီဂရိတ်လောက်ထိ အေးသွားနိုင်သည်ဟု သိရသည်။

 

ယင်းအနေအထားတွင် မိုးရွာနိုင်သည်၊ မရွာနိုင်ဘူးဆိုသည်မှာမူ အပူချိန်၊ မိုးရေပေါက်ဖြစ်နိုင်သည့်ပွိုင့်၊ Relative humidity ဟု ခေါ်သည့် လေထုစိုထိုင်းဆ စသည့် သုံးမျိုး သဟဇာတဖြစ်ဖို့လိုကြောင်း၊ ယင်းသုံးမျိုး သဟဇာတဖြစ်၍ မိုးစက်မိုးပေါက်အဖြစ် အောက်ကိုကျလာသည့်အချိန်တွင် လေများက ဦးတည်ချက်မရှိဘဲ ပြန့်ကျဲထွက် သွားသည့်ပုံစံမျိုးနှင့် တိုက်နိုင်တာဖြစ်သည်ဟု ဦးဝင်းနိုင်က ရှင်းပြသည်။

 

 

“ အဲ့ဒီဟာကို ကျွန်တော်တို့က စိုက်ဆင်းလေပြင်းကနေ ဖြစ်လာတဲ့ လေပြင်းလို့ ခေါ်တယ်။ တစ်နာရီ မိုင် ၁၅၀ ကနေ ၁၆၀ လောက်ထိ တိုက်နိုင်တယ်။ အဲ့တော့ ဆရာကြီး ဦးထွန်းလွင်ကတော့ မိုးတိမ်တောင်ကြီးတွေဖြစ်လာရင် စိုက်ဆင်း လေပြင်းကဖြစ်တတ်တယ်။ ဖြစ်လည်းဖြစ်ခဲ့ဖူးတာတွေ ရှိတယ်။ အဲ့တော့ အဲ့အချိန်ကျရင် လေပြင်းက မုန်တိုင်းတိုက်သလိုမျိုး နာရီနဲ့ချီပြီး မကြာဘူး။ မိနစ်ပိုင်းပဲ။ တစ်မိနစ် နှစ်မိနစ်လောက်အတွင်း ဝုန်းဝုန်း ဝုန်းနဲ့ ပစ်တိုက်ပြီး သစ်ပင်တွေလဲ၊ ဘာတွေလဲ၊ စိုက်ခင်းတွေဆိုလည်း ပျက်စီးပေါ့နော်။ ဖြစ်နိုင်တယ်” လို့ ဦးဝင်းနိုင်က ဆိုသည်။

 

မိုးဦးစ လေဦးစအချိန်နှင့် ယခုကာလလိုမျိုး မိုးဦးနဲ့ဝေးနေသေးသည့်အချိန် မုတ်သုန်လည်း မဝင်သေးတဲ့အချိန်မျိုးတွင် မိုးတိမ်တောင်ကြီးတွေ ဖြစ်လာရင် စိုက်ဆင်းလေပြင်းဆိုတာ ဖြစ်တတ်ကြောင်းနှင့် အဲ့ဒီအချိန်မျိုးမှာ မိုးကြိုးမုန်တိုင်းဆိုတာပါ ပါလာမည်ဆိုလျှင်တော့ လူတွေ၊ တိရစ္ဆာန်တွေ မိုးကြိုးပစ်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟုလည်း ဦးဝင်းနိုင်က ပြောသည်။

 

“ အဲ့ဒီကြားထဲမှာမှ ခုန ကျွန်တော် ပြောတဲ့ အမြင့်က အပူချိန်ကျနေတဲ့နေရာမှာ ခဲနေတဲ့ရေတွေက အောက်ကို တဖြည်းဖြည်းကျလာတဲ့အခါကျတော့ မိုးသီးတွေပါ ပါလာတာပေါ့။ မိုးသီးဆိုတော့ သိတဲ့အတိုင်း စိုက်ခင်းတွေပျက်တယ်၊ သီးနှံတွေပျက်တယ်။ ခုနပြောသလို ဘက်ပေါင်းစုံကို ပြန့်ထွက်သွားတဲ့လေပြင်းတိုက်လိုက်လို့ရှိရင် အဲ့ဒီဟာကလည်း သီးနှံတွေကို ပျက်စီးစေနိုင်တာပေါ့” ဟု ဦးဝင်းနိုင်က သတိပေးသည်။ 

 

" ဧပြီ ၁၉ ရက် ညပိုင်းမှာတော့ မိုးတိမ်တောင်တွေက နေပြည်တော်၊ အောင်သာ၊ ဆွာ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ကလောနဲ့ တောင်ကြီးမြို့တွေပေါ်ထိ ရောက်ပါတယ်။ မိုးတော့ မများနိုင်ပေမဲ့ လေပြင်းတိုက်ခတ်နိုင်ခြေ တစ်နာရီ မိုင် ၃၀ ကျော်ထိ ရှိနိုင်တာကြောင့် လေပြင်းအန္တရာယ် သတိထားကြရပါလိမ့်မယ်" လို့လည်း ဦးဝင်းနိုင်က ယနေ့ညပိုင်းမှာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာကနေ ထပ်မံသတိပေးမှု ပြုလုပ်ထားသည်။ 

ဓာတ်ပုံခရက်ဒစ် - Win Naing Facebook page

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။