၂၀၂၄ မုတ်သုံအဝင် ဘယ်လိုဖြစ်နိုင်မလဲ?
မိုးဦးကာလကို ဧပြီလ ၁၅ ရက်မှ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ချိန်အထိ သတ်မှတ်ပြီး၊ မိုးရာသီကာလကို မုတ်သုံစတင်ဝင်ရောက်ချိန်မှ ဆုတ်ခွာချိန်အထိလည်းကောင်း၊ မိုးလွန်ကာလကို မုတ်သုံဆုတ်ခွာပြီးချိန်မှ နိုဝင်ဘာလကုန်အထိလည်းကောင်း ယေဘုယျအားဖြင့်သတ်မှတ်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက်တော့ ရက်ဝေး Seasonal Forecast တွေမှာ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း ၂ ခုကို ယှဉ်ပြီး ကြည့်တဲ့အခါ မကွေးတိုင်းက ပိုပြီးပူပြင်းပေမဲ့၊ ရာသီဥတုပြောင်းသွားနိုင်တဲ့အခြေအနေတွေက အတူတူလောက်ပါဘဲ။ အပူချိန်က ဇွန်လထဲရောက်မှ စတင်ကျဆင်းလာနိုင်မှာဖြစ်ကြောင်းတွေ့ရပြီး မိုးရွာနိုင်တဲ့အခြေအနေကတော့ ဇွန်လထဲအထိ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာသာ ရွာသွန်းမြဲအထက်ပိုနိုင်မယ်ဆိုတာတွေ့ရပါတယ်။
အိန္ဒိယမိုးလေဝသဌာနက သတင်းစာရှင်းလင်းပွဲတခုမှာတော့ လာနီညာဖြစ်လာမဲ့အချိန် ဩဂုတ်-စက်တင်ဘာဝန်းကျင်လောက်မှာ အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းနိုင်ချေသည် ပုံမှန်ထက်များနေနိုင်မယ်လို့ ဆိုပါတယ်။ အခြားသော အပြည်ပြည်ဆိုင်ရာရာသီဥတုခန့်မှန်းအဖွဲ့တွေကတော့ လာနီညာတခုထဲနဲ့တော့ မိုးရွာသွန်းမှု ပုံမှန်ထက်များလာစေနိုင်မှာမဟုတ်ဘူးလို့လဲ သုံးသပ်ကြပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့တော့ မိုးလေဝသဖြစ်လာနိုင်ချေတွေက အိမ်နီးချင်းနိုင်ငံများအတိုင်းဖြစ်လာနိုင်မယ်လို့ ထပ်တူထပ်မျှယူလို့ မရပြန်ပါဘူး။ နိုင်ငံတနိုင်ငံချင်းစီရဲ့ မြေမျက်နှာသွင်ပြင်၊ ပင်လယ်ကမ်းရိုးတန်းများရဲ့ ပင်လယ်နဲ့ထိစပ်မှုအခြေအနေတွေ မတူကြတဲ့အတွက် ပင်လယ်ဘက်ကဝင်လာမဲ့ လေစီးကြောင်းတွေ၊ အထက်အမြင့်မှာရှိနေတဲ့ Steering layers တွေနဲ့ ပင်လယ်လေမှာပါဝင်တဲ့ ရေခိုးရေငွေ့ပမာဏတွေကလဲ မတူကြလို့ပါဘဲ။

ကျနော်တို့ မှတ်ထားရမှာက -
မိုးဦးရာသီက ဇွန်လကုန်အထိအကျုံးဝင်တာကြောင့် ပြီးခဲ့တဲ့နှစ်က တနိုင်ငံလုံးကို မုတ်သုံဝင်ပြီးတဲ့အချိန် ဇွန်လ ၈ ရက် ၉ ရက်ထက်နောက်ကျနိုင်မလားဆိုတာ စောင့်ကြည့်ကြရပါမယ်။ မုတ်သုံအဝင်ပုံမှန်ထက်နောက်ကျရင် မိုးဦးကာလပိုပြီးရှည်လျားမယ်၊ ဒီကာလထဲဖြစ်တတ်တဲ့ မုန်တိုင်းတွေက အားကောင်းနိုင်ပါမယ်။ ၂၀၂၃ ခုနှစ် မိုးဦးကာလမှာတွေ့ရတဲ့ "ဆိုင်ကလုန်းမုန်တိုင်း MOCHA"ကိုကြည့်ပါ။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်(SST-Sea Surface Temperature)တွေက ၂၀၂၄ ခုနှစ် မေလရဲ့ SST ထက် ပိုနည်းကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် မိုးဦးကာလအတွင်း မုန်တိုင်းဖြစ်လာရင်တော့ ဘယ်နိုင်ငံကမ်းခြေကိုဦးတည်ရွေ့လျားနိုင်မယ်မသိရပေမဲ့ အားကောင်းမှာတော့ သေချာလွန်းနေပါတယ်။
ရက်ဝေးခန့်မှန်းချက်တွေမှာတော့ မိုးလယ်ရာသီဖြစ်တဲ့ ဇူလိုင်လဆန်း ၁ ရက်မှ ဩဂုတ်လကုန်အတွင်း မိုးကောင်းကောင်းမရွာနိုင်သေးကြောင်းလဲ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရတာကြောင့် လာနီညာဖြစ်ချိန် IOD Positive ဖြစ်ချိန်နဲ့ တိုက်ဆိုင်ပြီး ပင်လယ်မှာဖြစ်လာမဲ့ ထူးခြားမိုးလေဝသအခြေအနေတွေက မုတ်သုံကိုအားကောင်းလာစေမလားဆိုတာ စောင့်မျှော်ကြရပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
အောင်မျိုးသူ
လွန်ခဲ့သော ၂ နှစ် ကနေပြည်တော်အတွက် လေပြင်းတိုက်ခိုက်မှုအခြေအနေသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026