နောက် ၃ ရက်မှ ၅ ရက်အတွင်း တစ်နိုင်ငံလုံး မိုးများလာနိုင်
ယနေ့ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းမှာထွက်လာတဲ့ ထိုင်းမိုးလေဝသဌာန(TMD) မိုးလေဝသ chart မှာ - လေဖိအားနည်းချိုင့်ဝှမ်း(TROUGH LINE)က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နန်နိုင်ငံ တုံကင်ပင်လယ်ကွေ့အထိ ဖြတ်သန်းနေတာတွေ့ရပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေအပါအဝင် အရှေ့မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာသွန်းနိုင်မယ့်အခြေအနေများ ဆက်လက်ဖြစ်ပေါ် နေနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေများ
နောက်လာမယ့် ၃ ရက်အတွင်း
- ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၅၀ မီလီမီတာမှ ၇၀ မီလီမီတာအထိ ရွာသွန်းပြီး မိုးများနိုင်ပါတယ်။
- ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ၃ ရက်အတွင်း မိုးရေချိန် ၁၁၀ မီလီမီတာအထိ ရွာသွန်းပြီး မိုးအလွန်များနိုင်ကြောင်းတွေ့ရပါတယ်။
- မိုးအနည်းဆုံးရွာနိုင်မယ့် မကွေးတိုင်း ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ သရက်မြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာတောင် ၃ ရက်အတွင်း မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
မိုးပိုလာနိုင်ဦးမယ့်အခြေအနေ
နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာသွန်းနိုင်မယ့် အခြေအနေပိုလာနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်း မြစ်ရေအခြေအနေများကို မိုးဇလမှ နေ့စဉ်တင်ပေးနေတာဖြစ်လို့ မိုးများလာနိုင်မယ့် နောက် ၃ ရက်မှ ၅ ရက်အတွင်း တက်နိုင်/ကျနိုင်တဲ့ မြစ်ရေအခြေအနေများကိုလည်း ဂရုစိုက်ကြည့်ရှုပေးကြစေချင်ပါတယ်။



ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်များ ဖြစ်နိုင်ချေအနေနဲ့ကတော့
ဩဂုတ်လ လကုန်ပိုင်း၊ စက်တင်ဘာလဆန်းပိုင်းမှာ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းများဖြစ်လာနိုင်ပြီး မုန်တိုင်းဖြစ်လာနိုင်ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်း model တွေမှာ တွေ့ရပါတယ်။
အယ်နီညိုအစပျိုးအခြေအနေကာလအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ ကမ္ဘာ့လေစီးကြောင်း ကြီးများအခြေအနေ
တစ်ချိန်ထဲမှာပဲ အီကွေတာအထက် ပေ ၃၀၀၀ မှ ၇၀၀၀ အတွင်းစီးနေတဲ့ ကုန်သည်လေစီးကြောင်း(Trade Winds)က အယ်နီညိုအစပျိုးဖြစ်စဉ်ကြောင့် အားနည်းနေပြီး အထက်အမြင့်လေထုအလွှာ (ပေ ၄၀၀၀၀ အထက်)က Jet Streams တွေကလည်း လေဖိအားနည်း/မုန်တိုင်းများဖြစ်လာတဲ့အခါ အနောက်-အနောက်တောင်ဘက်ကို ဆက်တွန်းနေတာကြောင့် မုန်တိုင်းတွေဖြစ်လာရင် မြန်မာပြည်ဘက်ရွေ့လျားနိုင်ချေတော့ မရှိပါ။
ရက်ဝေးကြိုတင်ခန့်မှန်းချက်
ကြိုတင်ခန့်မှန်းချက်များအတိုင်းဖြစ်လာမယ်ဆိုရင်တော့ ဩဂုတ်လကုန်-စက်တင်ဘာလဆန်းပိုင်းမှာ အရှေ့ဘက်ပင်လယ်တွေမှာကော ဘင်္ဂလားပင်လယ်အော်မှာကော လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်လာနိုင်တာကြောင့် နိုင်ငံအနှံ့မိုးရွာသွန်းနိုင်ချေက ဆက်ပြီးများနေနိုင်ပါဦးမယ်။ အတိုချုပ်ပြောရမယ်ဆိုရင် မိုးလယ်ကာလမှာ ဆက်ပြီးမိုးကောင်းနေပါဦးမယ်။
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
u tint lwin
လွန်ခဲ့သော ၃ နှစ် ကပျော်ဘွယ် အနီးတဝိုက် တပတ်အတွင်းမိုးလေဝသအချေနေလေး သိပါရစေ
ကျော်ရဲဇော်
လွန်ခဲ့သော ၃ နှစ် ကကျောက်ဆည် မြစ်သား ကူမဲ အနီးတဝိုက် မိုးအခြေးအနေလေး သိချင်ပါတယ်
ကြိုင်ကြိုင်ထွန်း
လွန်ခဲ့သော ၃ နှစ် ကရေနံချောင်းအနီးတဝိုက်မိုးအခြေအနေလေးသိပါရစေ
ကိုအောင်ကျော်လှိုင်
လွန်ခဲ့သော ၃ နှစ် ကပခုက္ကူ အနီးတဝိုက်မိုးရွာနိုင်လားဗျ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026