အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုဝင်ဘာ၆ ရက် ည မှာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားမယ့် မုန်တိုင်းအကြွင်းအကျန်များရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

နိုဝင်ဘာ၆ ရက် ည မှာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားမယ့် မုန်တိုင်းအကြွင်းအကျန်များရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

နိုဝင်ဘာ ၅ ရက် ည ၆ နာရီ ၄၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ Well-Marked LPA သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်းက အားလျော့သွားပြီး LPA- Low Pressure Area (လေဖိအားနည်းရပ်ဝန်း) အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကိုဒီနေ့ည (နိုဝင်ဘာ ၅ ရက် ည မှာ)ဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်မြောက်ပိုင်း "ခန်းပတ်"နဲ့ ကချင်ပြည်နယ်အတွင်းမှ "မြစ်ကြီးနား"၊ "မိုးညှင်း" စတဲ့ မြို့နယ်/ခရိုင်တွေအတွင်း ဒီနေ့(နိုဝင်ဘာ ၅ ရက်)မှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်၍ မိုးရွာတာလျော့နည်းပြီးဆုံးသွားနိုင်ပါမယ်။

အရှေ့ဘက်-တောင်တရုတ်ပင်လယ်ဘက်မှ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို မနက်ဖြန် နိုဝင်ဘာ၆ ရက် ည မှာဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် -

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုဝင်ဘာ ၆ ရက် မှ ၁၂ ရက်(၇ ရက်အတွင်း) မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

🔸မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာ ၇ ရက် မိုးရေချိန်န် ၂ လက်မအထက်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။

🔸ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း ၁ လက်မ အထက် ၁ လက်မခွဲအောက် ရွာနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန်အနည်းဆုံးရွာသွန်းရရှိနိုင်မည့် ပြည်နယ်တိုင်းများဖြစ်နေနိုင်ပါမယ်။

🔸ပြည်နယ်တိုင်း မြို့များ၏ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်ရန် MMWeather Website မှာ စီစဉ်ပေးထားတာပါတယ် - https://www.mmweather.org/divisional-cities-weather

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

3
ko Myo

ko Myo

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ

အောင်သူမင်း

အောင်သူမင်း

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ

အောင်သူမင်း

အောင်သူမင်း

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။