အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာပေါ်မှာ မုန်တိုင်းဘယ်နှစ်လုံးဖြစ်နေပြီး ဘယ်နှစ်လုံးက မြန်မာနိုင်ငံမိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုရှိစေသလဲ?

ကမ္ဘာပေါ်မှာ မုန်တိုင်းဘယ်နှစ်လုံးဖြစ်နေပြီး ဘယ်နှစ်လုံးက မြန်မာနိုင်ငံမိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုရှိစေသလဲ?

လက်ရှိကမ္ဘာပေါ်မှာ မုန်တိုင်းစုစုပေါင်း ၄ လုံး ဖြစ်နေပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာဘက်မှာ ဟာရီကိန်း "အိုင်ဆက်"နဲ့ အပူပိုင်းမုန်တိုင်း "ဂျွိုက်စ်"၊ ပစိဖိတ်အနောက်မြောက် သမုဒ္ဒရာမှာ တိုင်ဖွန်းမုန်တိုင်း "ကာရာသောန်" နဲ့ အပူပိုင်းမုန်တိုင်း "ဂျယ်ဘီ" တို့ ဖြစ်ပါတယ်။

ဒီမုန်တိုင်း ၄ လုံးထဲမှာ - အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ အနောက်ဘက်ကို ကနဦးရွေ့လျားနေရာက အရှေ့-အရှေ့မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားသွားမဲ့ တိုင်ဖွန်းမုန်တိုင်း "ကာရာသောန်" ကတော့ အားအပြင်းဆုံး CAT-4 တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ မုန်တိုင်းဖြစ်ပေါ်မှုစောင့်ကြည့်ခန့်မှန်းရေးနဲ့ မုန်တိုင်းအင်အား/လမ်းကြောင်း ဆန်းစစ်အတည်ပြုပေးတဲ့ ဌာနတွေက ခန့်မှန်းအတည်ပြုပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရာက်မှုရှိနိုင်တာကတော့ အားအပြင်းဆုံး CAT-4 အဆင့်ရောက်လာနိုင်မဲ့ တိုင်ဖွန်းမုန်တိုင်း "ကာရာသောန်" ဖြစ်ပြီး၊ သူ့အရှိန်ကြောင့် အနောက်တောင်လေနဲ့ အရှေ့မြောက်လေစီးကြောင်းတွေကို ပိုမိုအားကောင်းလာစေပါမယ်။

ပြီးရင်တော့မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံလေစီးကြောင်းပေါ်ကရော၊ အရှေ့-အရှေ့လေစီးကြောင်းပေါ်ကရော လေစီးကြောင်းကြီး ၂ ခုစလုံးက ဆွဲသွင်းလာမဲ့ မိုးတိမ်တွေကြောင့် စက်တင်ဘာ ၃၀ ရက်(မနက်ဖန်က စ ပြီး - အောက်တိုဘာ ၄ ရက် ၅ ရက်လောက်အထိ မိုးတွေ ရွာစေနိုင်မှာပါပဲ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
U Han win Aung

U Han win Aung

လွန်ခဲ့သော ၁ နှစ် က

မဂ်လာပါ ဆရာ ကျွန်တော်တို့ရမည်းသင်းနယ်ထံကဝါးတီးကန်ကအဝင်အထွက်မျှတအောင်မလုပ်ပေးတော့စိုက်ခင်းတွေပေါ်တက်ပြီးရေနစ်နေပြီနောက်အောက်တိုဘာ5ရက်ထီနေစဉ်ရွာမှာလားဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။