တောင်တရုတ်ပင်လယ်ထဲကို ရောက်နေတဲ့ INVEST-98Wရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ
စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီမှာ ရရှိတဲ့ အချက်အလက်တွေအရ ဖိလစ်ပိုင်မိုးလေဝသဌာန PAGASA က ခန့်မှန်းချက်မှာ လက်ရှိ လေဖိအားနည်းရပ်ဝန်းအဆင့်မှာ ရောက်ရှိနေပြီး တောင်တရုတ်ပင်လယ်ထဲကို ရောက်နေတဲ့ INVEST-98W က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း(Tropical Storm - TS)ဖြစ်လာနိုင်မယ်၊
ပြီးရင် အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားမယ် TS အဆင့်ထက်ပိုပြီး အားကောင်းမလာနိုင်(တိုင်ဖွန်းမုန်တိုင်းအဆင့်အထိကို မရောက်လာနိုင်)ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။
ECMWF model ရဲ့ မနက် ၉ နာရီ update မှာလဲ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကိုရွေ့လျားပြီး စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း ၁၉ ရက် နေ့လယ်ပိုင်းမှာ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်းအဆင့်ရောက်ကာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်
အနောက်ဘက်လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း၊ အရှေ့လေပွေလှိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ကြောင်း စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် တပ်ခ် ခရိုင်၊ ချင်းမိုင်နဲ့ ချင်းရိုင်မြို့များအနီးအထိရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဒီအခြေအနေတွေကြောင့်
စက်တင်ဘာ ၂၀ ရက်နေ့က စတင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာ မိုးများနိုင်ပြီး
ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ မိုးအသင်အတင့်ရွာနိုင်ကာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
အခုဖြစ်လာတဲ့ INVEST-98W (ဖိလစ်ပိုင်အမည် GENER)က ပြီးခဲ့တဲ့ တိုင်ဖွန်း YAGI လောက် အားမပြင်းနိုင်၊ အရွယ်အစားမကြီးနိုင်တာကြောင့် သူ့ရဲ့ သက်ရောက်မှုကလဲ YAGI နဲ့ ယှဉ်ရင် အများကြီးကို လျော့နည်းပါတယ်။
မြစ်ရေတွေလဲ ဆက်လက်ကျဆင်းနေတာကြောင့် ၁၇ ရက် ဒီနေ့မှ ၂၁ ရက် အတွင်း ထူးကဲဒီရေတက်တဲ့အချိန်တွေမှာလည်း ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်က အနိမ့်ပိုင်းရပ်ကွက်ဒေသအချို့မှာသာ ရေတက်နိုင်၊ ရေကြီးနိုင်ချေရှိပါတယ်။
တစ်ခုတော့ မေ့ထားလို့မရပါ - ဘယ်နေရာမှမဆို ရေတက်ရေကြီးရင် ရေတက်တာက အတော်မြန်တတ်ပါတယ်။ ရေပြန်ကျရင်တော့ နှေးကွေးနေတတ်ပြီး သောက်ရေသုံးရေ၊ လျှပ်စစ်မီးကအစ အခက်အခဲတွေ ဖြစ်လာတာကြောင့် ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲပြဿနာတွေအတွက်တော့ အမြဲတမ်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ကိုအုန်းခိုင်
လွန်ခဲ့သော ၂ နှစ် ကဖြစ်နိုင်ရင် ဒီလိုသတင်တွေတင်ပေးစေချင်ပါတယ် မိတ်ဆွေတို့
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....