အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်

နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်

METEOBLUE ICON MODEL မန္တလေးတိုင်းဒေသကြီး အထူးပြု နေ့စဉ်မိုးရေချိန်မြေပုံများ (နိုဝင်ဘာ ၅ ရက် မှ ၁၁ ရက်) နှင့် လေစီးကြောင်းအခြေအနေများအပေါ် အခြေခံ၍ သုံးသပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မြို့နယ်များအလိုက် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်

မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းနှင့် မြို့ပြဧရိယာ (မန္တလေးမြို့ပေါ် ၆ မြို့နယ်နှင့် အမရပူရ၊ ပုသိမ်ကြီး)

မိုးလေဝသအခြေအနေ - နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ တိမ်အသင့်အတင့်သာရှိပြီး မိုးရွာသွန်းမှု နည်းပါးမည် (၀ မှ ၅ မမ ခန့်)။ သို့သော် နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှစတင်ကာ အရှေ့လေပွေလှိုင်း ဖြတ်သန်းမှုကြောင့် မိုးစတင်သည်းထန်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် မိုးအလွန်သည်းထန်စွာ (၆၀ မှ ၈၀ မမ ကျော်အထိ) အရှိန်အဟုန်ပြင်းစွာ ရွာသွန်းနိုင်ပါသည်။


သဘာဝဘေးအခြေအနေ - နိုဝင်ဘာ ၉ နှင့် ၁၀ ရက်များတွင် မိုးသည်းထန်ခြင်းကြောင့် ရပ်ကွက်တွင်း ရေနုတ်မြောင်းများ မနိုင်ဘဲ မြို့ပြရေကြီးရေလျှံမှု (Urban Inundation) ဖြစ်ပေါ်နိုင်ခြင်း၊ မိုးလွန်ကာလ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မန္တလေးတိုင်း အရှေ့ခြမ်းနှင့် ရှမ်းကုန်းပြင်မြင့်ကပ်လျက်ဒေသများ (ပြင်ဦးလွင်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး)

မိုးလေဝသအခြေအနေ - ရှမ်းကုန်းပြင်မြင့်သို့ စီးဝင်လာသော အရှေ့တောင်လေစီးကြောင်းကို ရှေ့တန်းမှ ခံရသဖြင့် နိုဝင်ဘာ ၈ ရက်မှစတင်ကာ မိုးစိပ်လာမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေရာအနှံ့အပြား မိုးအလွန်သည်းထန်နိုင်ပါသည် (ရက်အလိုက် ၅၀ မှ ၉၀ မမ အထိ)။


သဘာဝဘေးအခြေအနေ - ပြင်ဦးလွင်-မန္တလေး ကားလမ်းတစ်လျှောက်နှင့် တောင်စောင်းဒေသများတွင် တောင်ကျချောင်းရေလျှံခြင်း (Flash Flood) နှင့် မြေပြိုခြင်း/ကျောက်တောင်ပြိုကျခြင်း (Landslides) ဘေးအန္တရာယ်များ အထူးသတိပြုရန် လိုအပ်ပါသည်။
 

မန္တလေးတိုင်း တောင်ပိုင်းနှင့် အနောက်တောင်ပိုင်း မိုးနည်းရေရှားဒေသများ (မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦး/ပုဂံ၊ ဝမ်းတွင်း၊ သာစည်)


မိုးလေဝသအခြေအနေ - နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ မိုးအလွန်နည်းပါးမည်ဖြစ်သော်လည်း နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း အနောက်ဘက်သို့ ရွေ့လျားသွားသော မိုးတိမ်တိုက်ကြီးများ၏ ဗဟိုချက်ကျရောက်မည့်ဇုန်ဖြစ်သဖြင့် မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာဝန်းကျင်တို့တွင် နိုဝင်ဘာ ၁၀ ရက်တစ်ရက်တည်း၌ပင် မိုးရေချိန် ၇၀ မှ ၁၀၀ မမ ကျော်အထိ (မိုးရွာသွန်းမှုပြမြေပုံတွင် ပန်းရောင်/ခရမ်းရောင်ဇုန်) မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။


သဘာဝဘေးအခြေအနေ - မိုးနည်းရေရှားဒေသဖြစ်သည့်အပြင် မြေမျက်နှာသွင်ပြင်အရ ရေစုပ်ယူမှုနည်းပါးသဖြင့် တောင်ကျချောင်းလက်တက်များ ရုတ်တရက်ရေလျှံခြင်း၊ မိတ္ထီလာကန်နှင့် အနီးတစ်ဝိုက် ချောင်းများအတွင်း ရေပြည့်လျှံခြင်း၊ အနိမ့်ပိုင်းစိုက်ခင်းများ ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
 
မန္တလေးတိုင်း မြောက်ပိုင်းဒေသများ (မိုးကုတ်)

နိုဝင်ဘာ ၉ နှင့် ၁၀ ရက်များတွင် ရှမ်းမြောက်နှင့် ဆက်စပ်ပြီး မိုးရွာသွန်းမှု အားကောင်းမည်ဖြစ်ကာ တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် တောင်စောင်းမြေပြိုမှု အန္တရာယ် ရှိပါသည်။
 
၂။ စပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံစိုက်ပျိုးချိန်အတွက် စိုက်ပျိုးရေးတောင်သူများသို့ အကြံပြုချက်


မိုးစပါး ရိတ်သိမ်းမှုဆိုင်ရာ စီမံချက် (အရေးပေါ်)


အချိန်ကို အကျိုးရှိစွာ အသုံးချရန် (နိုဝင်ဘာ ၅ – ၈ ရက်) - နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကာလသည် မိုးကင်းစင်/မိုးနည်းသော ရွှေရောင်အခွင့်အရေးကာလ ဖြစ်ပါသည်။ ရင့်မှည့်နေသော မိုးစပါးခင်းများကို လုပ်သားအင်အား သို့မဟုတ် ရိတ်သိမ်းချွေလှေ့စက်များ အပြည့်အဝအသုံးချပြီး နိုဝင်ဘာ ၈ ရက် ညနေပိုင်း နောက်ဆုံးထား၍ အပြီးရိတ်သိမ်းချွေလှေ့ရန် လိုအပ်ပါသည်။


စပါးနှင့် ကောက်ရိုး ထိန်းသိမ်းခြင်း - ရိတ်သိမ်းပြီး စပါးများကို ကွင်းပြင်တွင် စုပုံမထားဘဲ အမိုးအကာအောက်သို့ အမြန်ဆုံး သယ်ယူသိမ်းဆည်းပါ။ နိုဝင်ဘာ ၉ မှ ၁၁ ရက်အတွင်း မိုးဆက်တိုက်ရွာသွန်းပါက စပါးစိုထွက်ခြင်း၊ အညှောက်ပေါက်ခြင်းနှင့် စပါးစေ့ အရည်အသွေး ကျဆင်းခြင်းတို့ ဖြစ်နိုင်ပါသည်။


ရေနုတ်မြောင်းကြိုဖောက်ရန် - မရိတ်သိမ်းရသေးသော စပါးခင်းများတွင် နိုဝင်ဘာ ၉-၁၀ မိုးမရွာမီ ရေစီးရေလာကောင်းအောင် လယ်ကန်သင်း ရေထုတ်ပေါက်များ ကြိုတင်ဖွင့်လှစ်ထားရပါမည်။


ဆောင်းသီးနှံ (ကုလားပဲ၊ နေကြာ၊ ပဲတီစိမ်း၊ နှမ်း) စိုက်ပျိုးမှုဆိုင်ရာ စီမံချက်

မျိုးစေ့ချခြင်းကို ဆိုင်းငံ့ရန် - မြင်းခြံ၊ မိတ္ထီလာ၊ တောင်သာနှင့် ကျောက်ပန်းတောင်းဒေသများရှိ တောင်သူများသည် နိုဝင်ဘာ ၉ မှ ၁၁ ရက်အတွင်း မိုးအလွန်သည်းထန်စွာရွာသွန်းမည်ဖြစ်သောကြောင့် အဆိုပါရက်များမတိုင်မီ မြေပြင်ခြင်းနှင့် မျိုးစေ့ချခြင်းကို ခေတ္တဆိုင်းငံ့ထားသင့်ပါသည်။ မိုးရေဝပ်ပါက မျိုးစေ့ပုပ်ခြင်း (Seed Rot) သေချာပေါက် ဖြစ်နိုင်ပါသည်။


စိုက်ပျိုးချိန်ညှိခြင်း - မိုးလွန်ကာလ မိုးသည်းထန်မှု ကျော်လွန်သွားမည့် နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်း မြေအစိုဓာတ် ပြည့်ဝနေချိန် (မြေငွေ့ရှိချိန်) ရောက်မှသာ အခင်းများအတွင်း ရေဆင်းအားကြည့်၍ ဆောင်းသီးနှံမျိုးစေ့ စတင်ချသင့်ပါသည်။

၃။ မန္တလေးတိုင်းဒေသကြီး မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်းရွာသွန်းနိုင်သော မိုးရေချိန်ခန့်မှန်းချက်ဇယား (နိုဝင်ဘာ ၅ – ၁၁) (ICON Auto Rain Model အရ စုစုပေါင်း မိုးရေချိန် အများဆုံးမှ အနည်းဆုံးသို့ အစဉ်လိုက် ခွဲခြားဖော်ပြထားပြီး နေ့စဉ်မိုးရေချိန် ၂၅ မီလီမီတာ(၁ လက်မခန့်)နှင့် အထက် ရွာသွန်းနိုင်သော မိုး‌ရေချိန်ပမာဏများကို အနီရောင်ဖြင့် ပြထားပါသည်)

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

ကိုဇော်ထက်အောင်

ကိုဇော်ထက်အောင်

လွန်ခဲ့သော ၁၀ မိနစ် က

ကျေးဇူးပါ ဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲမျိုးစုံ ပဲတောင့်ရှည် ပဲတီစိမ်း စသည်ပဲအဖူးဝင်ချိန်ပွင့်ထွေးကာကွယ်ဆေးဘာဆေးဖြန်းရမလဲ

ဖြိုးဝေစိုး • ဖြေကြားချက် 1 ခု

လိမ္မော်ပင်အတွက် ရွာငံ အင်းကြီး မိုးများ ဒေသ တောင်စောင်းမြေ တစ်နှစ်စာ လအလိုက် ဖျန်းရမယ်ဆေးနဲ့ ကျွေးရမယ်မြေသြဇာ တို့ကို ဇယားကွက်နဲ့ ဖော်ပြပေးပါအုံး

ko kway • ဖြေကြားချက် 1 ခု

ငှက်ပျော အမှည့်မှာ သီးထိုးယင်လာလာထိုးနေလို့ ဘယ်လိုလုပ်ရမလဲ ခင်ဗျ methyl eugenol နဲ့ ထောင်ခြောက်လုပ်ဖမ်းရတယ်လို့ပြောလို့ ဘယ်မှာဝယ်ရခင်ဗျ

nay myo naing • ဖြေကြားချက် 4 ခု

မြေပဲအပင် ၁၄ရက်သားပါ ဘာရောဂါပိုးကျရောက်နေတာလည်းရှင့် ပြီးတော့ဘာဆေးဖျန်းရမလည်းရှင့်

Hnin Nu Wai • ဖြေကြားချက် 1 ခု

ခရမ်းခဥ်အပွင့်မအောင်လို့ဘာဆေးသုံးရမှာလဲ

အောင်စီ • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

More from ဦးဝင်းနိုင်

အားလုံး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။