နောက် ၅ -၁၀ ရက်အတွင်း တစ်နိုင်ငံလုံး မိုးဆက်လက်ကောင်းနိုင်
အောက်တိုဘာလ ပထမပတ်(၆ ရက်နေ့ဝန်းကျင်)မှာ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း(90B)က ကုန်းတွင်းမှာပဲ ဆက်လက်တည်ရှိနေပါဦးမယ်။ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေဆဲ တိုင်ဖွန်းမုန်တိုင်း KOINU-14W ကတော့ ဟောင်ကောင်အနီးမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားနိုင်ကာ ဖိလစ်ပိုင်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းအသစ်တစ်ခု ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်မှတဆင့် ထိုင်းနိုင်ငံပေါ်ကိုဝင်ရောက်လာမဲ့ လေပွေလှိုင်းတခုလဲ ရှိနေပြန်ပါတယ်။
အောက်တိုဘာလ ဒုတိယပတ်အတွင်း(ခန့်မှန်း အောက်တိုဘာလ ၁၂ ရက်နေ့ဝန်းကျင်မှာ) ထိုင်းနိုင်ငံပေါ်ကလေပွေလှိုင်းက ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေပေါ်ကဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲကိုရောက်လာနိုင်ကြောင်း၊ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ အသစ်ဖြစ်လာတဲ့လေဖိအားနည်းရပ်ဝန်းက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှတဆင့် တောင်တရုတ်ပင်လယ်ထဲကို တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်လာနိုင်ကြောင်း တွေ့ရပြန်ပါတယ်။
အောက်တိုဘာလ ၁၂ ရက်ဝန်းကျင်မှာ မုန်တိုင်းဖြစ်လာနိုင်ချေတွေကတော့ ဘင်္ဂလားပင်လယ်အော်မှာ ၂၀% နဲ့ ဖိလစ်ပိုင်ပင်လယ်/တောင်တရုတ်ပင်လယ်မှာ ၆၀% ရှိပါတယ်။

မြန်မာနိုင်ငံပေါ်သက်ရောက်နိုင်မှု
ဒီလိုမျိုး တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းအခြေအနေတွေကြောင့် -
**နောက် လာမယ့် ၅ ရက်အတွက် ကြိုတင်ခန့်မှန်းချက်**
နောက်လာမယ့် ၅ ရက်အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရေချိန်ပေါင်း ၄၀ မီလီမီတာအထက်-၁၄၀ မီလီမီတာအထိ ရွာသွန်းကာ မိုးများနိုင်ကြောင်းတွေ့ရပါတယ်။
ကျန်ပြည်နယ်တိုင်းတွေမှာတော့ မိုးရေချိန်ပေါင်း ၁၅ မီလီမီတာမှ ၄၀ မီလီမီတာခန့်အထိသာရွာသွန်းနိုင်ပြီး မိုးနည်းနိုင်ပါမယ်။
**နောက် လာမယ့် ၁၀ ရက်အတွက် ကြိုတင်ခန့်မှန်းချက်**
နောက်လာမယ့် ၅ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တစ်နိုင်ငံလုံးမှာ မိုးရေချိန်ပေါင်း ၆၀ မီလီမီတာခန့်နှင့်အထက် ရွာသွန်းနိုင်ပြီး မိုးရွာသွန်းမှုဆက်လက်ကောင်းနေနိုင်ပါကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါတယ်။
Photo_ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ko ko thein
လွန်ခဲ့သော ၂ နှစ် ကေက်းဇူပါ
U Han win Aung
လွန်ခဲ့သော ၂ နှစ် ကရမည်းသင်း ပျော်ဘွယ်ဒေသမိုးလေဝသဖြေကြားပေးပါ ။
U Aye Maung
လွန်ခဲ့သော ၂ နှစ် ကမိုးရွာသာကျိုက်ပါတယ်
U Aye Maung
လွန်ခဲ့သော ၂ နှစ် ကဟုပ်ကဲ့ပါ
အောင်ကိုမင်း
လွန်ခဲ့သော ၂ နှစ် ကမုတ်သုန်ဘယ်လကစထွက်မလဲဆရာ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....