အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ (၁၃) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

အောက်တိုဘာ (၁၃) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

🕔 ညနေ ၅း၄၀ အချိန် ခန့်မှန်းချက်

၂၀၂၁ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့နှင့် မုတ္တမပင်လယ်ကွေ့တို့တွင် Kompasu မုန်တိုင်းမှ Low pressure cell. များစွာစုဝေးရောက်ရှိနိုင်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် မိုးများစွာရွာသွန်းနိုင်ပါတယ်။ ကြိုတင်သတိရှိပြင်ဆင်နိုင်ရန် ၄ ရက်ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပြီး ၂၄ နာရီလုံး ထောက်လှမ်းစောင့်ကြည့်တွက်ချက်ကာ ရက်နီးထပ်မံခန့်မှန်းပေးနေမှာဖြစ်ပါတယ်။ ရိတ်သိမ်းနေတဲ့သူများ အထူးသတိပြုရမှာဖြစ်သလို ရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ကိုင်နေကြသူများ အထူးသတိပြုဖို့လိုအပ်ပါတယ်။

🕔 နံနက် ၉း၁၁ အချိန် ခန့်မှန်းချက်

kompasu မုန်တိုင်းသည် ၂၀၂၁ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တုံကင်ပင်လယ်ကွေ့အတွင်းရောက်ရှိလာမှာဖြစ်ပြီး ၁၅ ရက် ၁၆ ရက် ၁၇ ရက်နေ့တွေမှာ အဆိုပါမုန်တိုင်းလေစီးဆွဲယူမှုက ကပ္ပလီပင်လယ် Andaman sea အတွင်းမှ ဆွဲယူမှာဖြစ်ပြီး လေစီးလမ်းကြောင်းတလျှောက် မိုးကြီးပါမယ်။ ၎င်းရက်များတွင် တနင်္သာရီတိုင်းကြီးပေါ် လေစီးသက်ရောက်မှာဖြစ်လို့ တနင်္သာရီတိုင်းကြီး မိုးကြီးရေလျှံနိုင်ပါတယ်။ အထူးသဖြင့် ၁၆ ရက်နေ့မှာမှာ တိုက်ရိုက်လေစီးမိကာ ရေး၊ ရေဖြူ၊ ကန်ဘောက်၊ မေတ္တာ၊ ထားဝယ်၊ မောင်းမကန်၊ လောင်းလုံ၊ ပုလောက်၊ ပုလော၊ မြိတ်၊ ဘုတ်ပြင်းဒေသတွေမှာ မိုးကြီးရေလျှံ လမ်းရေကျော်နိုင်သဖြင့် ကုန်တင်ယာဥ်ကြီးများ ခရီးသွားလုပ်သာပြည်သူများ အဆိုပါရက်ပိုင်းအတွင်း ခရီးမသွားသင့်ပါဘူး။ တနင်္သာရီတိုင်းအနောက်ဖက် မြန်မာ့ပင်လယ်ပြင်အတွင်းမှာလည်း အဆိုပါရက်တွေမှာ လှိုင်းကြီးလေထန် မိုးကြီးပြီး ရာသီဥတုဆိုးရွားနိုင်သဖြင့် လေယာဥ်များ လှေသင်္ဘောများ ပင်လယ်အတွင်းသို့၎င်း ဝေဟင်မှလေယာဥ်များသည်၎င်း ဖြတ်သန်းမောင်းနှင်ခြင်းမလုပ်သင့်ပါဘူး။ အလွန်အန္တရာယ်ကြီးပါတယ်။ ရေလှိုင်းအမြင့် ၉ ပေ မှ ၁၅ ပေအထိရှိနိုင်ပြီး လေထန်ချိန်တွင် ၂၄ မိုင်မှ ၃၆ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

အောက်တိုဘာလတွင် တနင်္သာရီတိုင်ကြီး မိုးကြီးရေလျှံနိုင်ကြောင်းကို လကြိုရက်ဝေးခန့်မှန်းပေးပြီးသားလည်း ဖြစ်ပါတယ်နော်။ အန္တရာယ်ကိုကြိုတင်သိရှိပြီး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မှုကို အပျက်အစီးမရှိအောင် လူ နှင့် အိမ်မွေးတိရစ္ဆာန်များ ဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သိရှိ ပြင်ဆင်စီမံဆောင်ရွက်နိုင်ကြစေရန် ခန့်မှန်းပေးလိုက်ရပါတယ်။ 

𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။